#Local_News
Published 02 September 2026

■ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကိုကိုနှင့်ညီညီ လျှပ်စစ်ပစ္စည်းဆိုင် ဓားမြတိုက်မှုတွင် ပါဝင်ပတ်သက်သူများဟု ယူဆရသူ ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

■ အဆိုပါ ဖမ်းဆီးရမိသူများကို စက်တင်ဘာ ၁ ရက် ညနေပိုင်းနှင့် စက်တင်ဘာ ၂ ရက်နေ့တို့တွင် မော်လမြိုင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်အတွင်း ၌ သက်ဆိုင်ရာကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

■ ယင်းဖမ်းဆီးခံရသူများတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦး ပါဝင်ပြီး လက်ရှိတွင်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

■ အဆိုပါ ကိုကိုနှင့်ညီညီ လျှပ်စစ်ပစ္စည်းဆိုင် ဓားမြတိုက်မှု ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် နံနက် ၄ နာရီခန့်က မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ကိုကိုနှင့်ညီညီ လျှပ်စစ်ပစ္စည်းဆိုင်အား အုပ်စုဖွဲ့ ဓားမြတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားမြတိုက်သူများသည် ကား ၂ စီးဖြင့် လာရောက်ခဲ့ပြီး ဆိုင်နှင့်တွဲဖက်နေအိမ်အတွင်း ဝင်ရောက်ကာ နေအိမ်ရှိ အမျိုးသမီး ၃ ဦးကို ကြိုးတုပ်ထားပြီး မီးခံသေတ္တာတစ်လုံး ယူဆောင်သွားခဲ့ကြောင်း ၊ယင်းဖြစ်စဉ်တွင် မီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းများ၊ ငွေကြေးများနှင့် အခြားပစ္စည်းများ စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၅ သောင်းကျော် ပါဝင်သွားကြောင်း သတင်းများအရ သိရသည်။ 

■ လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဆက်လက်စစ်ဆေးကာဖြစ်စဉ်အတွင်း ပါဝင်သူများနှင့် ယူဆောင်သွားသည့် ပစ္စည်းများပြန်လည်ရရှိရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times