#Local_News
Published 28 October 2025
▪️ တရားမဝင်စက်သုံးဆီ သယ်ယူဖြန့် ဖြူးရောင်းချမှုများကို စစ်ဆေးဖမ်းဆီးကာ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပ ဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
▪️ ထို့သို့ဆောင်ရွက်လျှက်ရှိရာတွင်စွမ်းအင်ဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့သည်၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ တိုင်းနှင့်ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီ သယ်ယူဖြန့် ဖြူးရောင်းချမှု(၅၅၃)ကြိမ်မှ ငွေကျပ်(၁၈,၉၂၂)သန်းကျော်တန်ဖိုးရှိ စက်သုံးဆီတန်ချိန်(၃,၀၃၇)တန်ခန့်ကို သိမ်းဆည်းရမိခဲ့သဖြင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ လက်ရှိတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့သည် တရားမဝင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချမှုမရှိစေရေးနှင့် လျော့နည်းပပျောက်စေရေးကို ဥပဒေနှင့်အညီ ထိန်းကြောင်းဆောင်ရွက်လျက်ရှိကာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ စစ်ဆေးကြပ်မတ်ခြင်းနှင့် တရားမဝင်စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းမရှိစေရန် အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ထို့ကြောင့်စက်သုံးဆီများ သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်လိုပါက ဥပဒေနှင့်အညီ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များရယူဆောင်ရွက်ကြရန်လိုကြောင်း သိရသည်။
▪️ တရားဝင်လုပ်ငန်းလိုင်စင်ရယူ၍ လုပ်ငန်းများလုပ်ကိုင်ရာတွင်လည်း ဥပဒေပြဋ္ဌာန်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရမည်ဖြစ်ပြီးထိုသို့ဆောင်ရွက် ခြင်းမရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပြဋ္ဌာန်းချက်အရ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times