#Local_News
Published 28 October 2025

▪️ လာမည့်ဒီဇင်ဘာတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုများကို MRTV နှင့် ဆက်စပ်ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်းသိရသည်။

▪️ အဆိုပါ ရွေးကောက်ပွဲ ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်တွင်ကျင်းပသွားမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုများကို အောက်တိုဘာ ၂၈ ရက် ည ၇ နာရီမှစတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD ၊ MRTV Parliament နှင့် ဆက်စပ်ရုပ်သံလိုင်းများဖြစ်ကြသည့် MWD HD ၊ MWD Variety HD တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယို၊ သပြေရေဒီယို၊ သဇင် FM တို့နှင့် MRTV App: ၊ Radio App: အပါအဝင် MRTV Online Platform တို့မှလည်းကောင်း ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်။

▪️ အဆိုပါနိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုများကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ နေ့စဉ် ည ၇ နာရီ တွင် ပထမအကြိမ်အဖြစ် စတင်ထုတ်လွှင့်ပြသပေးမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times