#Local_News
Published 31 October 2025

▪️ ပန်ဒါနီလေးများ တိရစ္ဆာန်ဥယျာဉ် ( ရတနာပုံ ) သို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ပန်ဒါနီလေးများကိုတိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ )တွင် ယခင်က ထိန်းသိမ်း‌မွေးမြူ ပြသခဲ့ဖူးခြင်းမရှိ‌ကြောင်းသိရသည်။

▪️ ပန်ဒါနီလေးများသည် အအေးပိုင်းဒေသမှလာပြီး အေးချမ်းမှုကို ကြိုက်နှစ်သက်သည့် အကောင်ငယ်လေးများဖြစ်သည့်အတွက် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) ၌ ထားရှိရာတွင်လည်း အဆင်ပြေပြေ ၊ သက်သောင့်သက်သာဖြင့် အေးချမ်းစွာနေထိုင်နိုင်ရန်အတွက်သီးသန့်
ပန်ဒါနီအိမ်လေးများကို သေသေချာချာ ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည် ။

▪️ ယခုအခါတွင် MAI လေယာဥ် ခရီးစဉ်အမှတ် 8M-623 ဖြင့် ပန်ဒါနီလေးများကို မြစ်ကြီးနားမှ တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) သို့ ခေါ်ဆောင်လာနေပြီး ၊ တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) မှတဆင့် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) သို့ ဂရုတစိုက်ဖြင့် ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်သည်။

▪️ ပန်ဒါနီလေးများသည် မျိုးသုဥ်းမည့် အန္တရာယ် နှင့် ရင်ဆိုင်နေရသည့် ကမ္ဘာပေါ်ရှိ ရှားပါးမျိုးစိတ်တွေထဲကမှ တစ်ခုအပါအဝင်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဥ်များတွင် ပန်ဒါနီလေးများကို ထိန်းသိမ်းစောင့်ရှောက်၍ ပြသထားခြင်းသည် ပန်ဒါနီလေးများအတွက် မျိုးဆက်ထိန်းသိမ်းခြင်း ၊ သားဖောက်ခြင်း နှင့် မျိုးသုဥ်းခြင်း ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။

▪️ အဆိုပါ သဘာဝအခြေအနေကြားထဲမှာ အခက်အခဲတွေကို ရင်ဆိုင်နေရသော အလွန်ချစ်စဖွယ်ကောင်းသည့် ပန်ဒါနီလေးများ တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) သို့ မကြာမှီ ‌ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် ကိုယ်တိုင် မြင်တွေ့လိုသူတွေအတွက် တိရစ္တာန်ဥယျာဥ် ( ရတနာပုံ ) သို့ လာရောက်လည်ပတ်ရင်း ကြည့်ရှုဖို့ဖိတ်ခေါ်ထားကြောင်း သိရသည်။

#YMG/NN #Yangon_Times