#Local_News
Published 21 October 2026

■ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိအမျိုးသားကန်တော်ကြီးဥယျာဉ်၌ ဒုတိယအကြိမ်မြောက် Thadingyut’s Night Poem 2026 ပွဲတော် ကို အောက်တိုဘာလ ၂၃ရက်မှ ၂၇ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

■ ထိုသို့ကျင်းပရာတွင် ထူးခြားချက်အနေနဲ့ ဥယျာဉ်ဖွင့်ချိန်ကို မနက်(၈)နာရီမှ ည(၁၀)နာရီအထိ တိုးမြှင့်ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများကိုလည်း ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်းသိရသည်။

■ အဆိုပါ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ ဒုတိယအကြိမ်မြောက် 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭’𝐬 𝐍𝐢𝐠𝐡𝐭 𝐏𝐨𝐞𝐦 𝟐𝟎𝟐𝟔 ပွဲတော်ကြီး၌ ပါဝင်ဖျော်ဖြေပေးသွားမည့် နိုင်ငံကျော်တေးသံရှင်များမှာ 𝐆 𝐋𝐚𝐭𝐭(𝐒𝐡𝐞𝐞𝐧𝐨), 𝐀𝐮𝐧𝐠 𝐋𝐚(𝐑𝐞𝐚𝐬𝐨𝐧), 𝐏𝐡𝐲𝐨 𝐊𝐲𝐚𝐰 𝐇𝐭𝐢𝐤𝐞(𝐌𝐢𝐫𝐫𝐨𝐫), 𝐍𝐚𝐲 𝐌𝐢𝐧 𝐄𝐚𝐢𝐧, 𝐃𝐨𝐮𝐛𝐥𝐞 𝐓𝐚𝐩𝐞, 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 𝐎𝐧𝐞, 𝐓𝐡𝐚𝐞 𝐍𝐮 𝐒𝐞𝐞 𝐙𝐚𝐫, 𝐄𝐚𝐢𝐧𝐭 𝐂𝐡𝐢𝐭, 𝐏𝐨 𝐏𝐨, 𝐌𝐚𝐲, 𝐒𝐮 𝐇𝐥𝐚𝐢𝐧𝐠, 𝐉𝐞𝐬𝐬𝐢, 𝐊𝐫𝐞𝐚𝐭𝐨𝐫𝐬 𝐁𝐚𝐧𝐝 တို့ဖြစ်ပြီး 𝐃𝐣 များမှာ 9𝐍𝐢𝐧𝐞, 𝐀𝐰𝐛𝐚, 𝐀𝐱𝐞𝐥, 𝐃𝐢𝐚𝐫𝐲, 𝐕𝐚𝐥𝐚𝐭𝐢𝐧𝐨, 𝐊𝐲𝐥𝐨, 𝐁𝐚𝐫𝐚𝐧𝐢, 𝐘𝐀𝐌 တို့ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times