#Local_News
Published 20 October 2026

■ ထားဝယ်ဒေသကိုအခြေပြု၍ မြန်မာ–ထိုင်း–ရုရှား သုံးနိုင်ငံပူးပေါင်း စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ထိုင်းကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရေးတို့ကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Akanat Promphan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့နံနက်ပိုင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

■ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးမည့်ကိစ္စ၊ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သဘာဝဓာတ်ငွေ့စီမံကိန်းများ၏ အထွက်နှုန်းတိုးမြှင့်ရေးနှင့် စီမံကိန်းအသစ်များတွင် ထပ်မံရင်းနှီးမြှုပ်နှံလိုသည့် ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။

■ ထို့ပြင် ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ပိုက်လိုင်းများ၏ စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချနိုင်ရေးပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

■ လျှပ်စစ်ကဏ္ဍတွင် သံလွင်မြစ်ဝှမ်းနှင့် တနင်္သာရီမြစ်ဝှမ်းရှိ ရေအားလျှပ်စစ်စီမံကိန်းများ၌ ထိုင်းကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်လိုမှု၊ နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံလိုမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

■ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး၊ ထိုင်းနိုင်ငံမှ PTT၊ PTTEP ကုမ္ပဏီများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (EGAT) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

#YMG #Yangon_Times #Yangon_Media_Group