၁၇ ဧပြီ ၂၀၂၅
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၇ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် Mr. Anwar Ibrahimနှင့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုသတင်း ထုတ်ပြန်ပါတယ်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးတွင် အာဆီယံ အသိုက်အဝန်းမှစည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာအာဆီယံ အသိုက်အဝန်းမှပူပေါင်းဆောင်ရွက်ရေးကိစ္စများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra လည်း တက်ရောက်ခဲ့ တယ်လို့သတင်းရရှိပါတယ်။
အသေးစိတ်အချက်အလက်တွေကိုတော့ ထိုင်းနှင့် မလေးရှားဘက်ကပါ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝါထရာဟာ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်ဝါအီဗရာဟင်နှင့် မြန်မာနစက ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် ဘန်ကောက်မြို့ရှိ Rosewood Bangkok တွင် ညစာဖြင့်တည်ခင်းဧည့်ခံနေတယ်လို့ ထိုင်းသတင်းမီဒီယာ များကရေးသားဖော်ပြကြပါတယ်။
Nay Pyi Taw-April 17, 2025 – The State Administration Council (SAC) has granted amnesty to 4,893 prisoners in commemoration of the Myanmar New Year, according to an official announcement made on the morning of April 17, 2025 — Myanmar New Year Day.
In addition to local inmates, 13 foreign nationals serving sentences in Myanmar were also granted pardons and subsequently deported.
A separate order issued by the SAC stated that inmates currently serving prison terms in various prisons, detention centers, and camps were granted a remission of one-sixth of their remaining sentences. The sentence reduction was authorized under Section 401, Sub-section (1) of the Code of Criminal Procedure.
However, the amnesty explicitly excludes individuals convicted of serious offenses. Crimes not eligible for pardon include murder, rape, violations under the Explosive Substances Act, the Unlawful Associations Act, Section 19(c) of the 1878 Arms Act, the 1949 Emergency Provisions Act, the 1951 Temporary Provisions Amendment Act, the 1924 Shan State Arms Order, the 2023 Arms Law, the Narcotic Drugs and Psychotropic Substances Law, the Natural Disaster Management Law, the Counter-Terrorism Law, and the Anti-Corruption Law.
According to all three official orders issued by the SAC, the decision to grant amnesty was made in honor of the auspicious Myanmar New Year. The move aims to promote social harmony, foster public peace of mind, and reflect the state’s compassion and goodwill toward the people.
#ymg/knl
၁၇ ဧပြီ ၂၀၂၅
နစကသည် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသူ အကျဉ်းသား ၄၈၉၃ ဦး ကို ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုလိုက်ကြောင်း အမိန့်အမှတ် ၃၁/၂၀၂၅ ဖြင့်ကြေညာပါတယ်။ ယင်းအပြင် ပြစ်ဒဏ်ကျခံလျက် ရှိသောနိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း အမိန့်အမှတ် ၃၂/၂၀၂၅ ကိုကြေညာပါတယ်။
ပြစ်ဒဏ်ကချခံနေရတဲ့ အကျဉ်းသား/သူများကို ပြစ်ဒဏ်ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပေး ကြောင်း အမိန့်အမှတ် ၃၀/၂၀၂၅ ကိုထုတ်ပြန်ကြေညာပါတယ်။ကြေညာချက်မူရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၃၀ / ၂၀၂၅
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ်လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင် / အချုပ်ထောင် / စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများကို ရာဇက်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
*******
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၃၁ / ၂၀၂၅
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်
(၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် - မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၄၈၉၃ ဦး ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
********
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၃၂ / ၂၀၂၅
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်အခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူမှုရေးအရငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသောနိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ“နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
Yangon, 16 April 2025 – A Japanese physician who provided medical assistance to survivors of the recent devastating earthquake in Myanmar has appealed to the international community to continue offering support, as the region continues to struggle with the aftermath.
Dr. Igarashi Yutaka, a physician from the Advanced Critical Care Center of Nippon Medical School Hospital in Japan, made the appeal during an interview with Japanese public broadcaster NHK.
Dr. Igarashi arrived in Mandalay on April 4 as part of Japan’s emergency disaster relief team. During his mission, he provided urgent medical care to individuals who suffered injuries such as bone fractures caused by building collapses and rescue operations.
“Some people were unable to seek immediate medical attention because they were preoccupied with taking care of their families,” Dr. Igarashi said. “It was only after their injuries worsened that they came to receive treatment.”
According to Dr. Igarashi, many residents in Mandalay are still living outdoors more than two weeks after the quake, exposing them to cold weather and increasing the risk of infectious diseases such as diarrhea. He also reported a rise in chronic pain cases, particularly lower back and leg pain, among survivors.
His team treated over 100 patients per day, and he noted that some individuals who lost loved ones are also in need of psychological support.
Despite the withdrawal of some foreign medical teams, Dr. Igarashi emphasized the continued need for international aid until local medical institutions can resume normal operations.
Japan has dispatched a second disaster relief team consisting of 37 members, who arrived in Yangon on Sunday following the completion of Dr. Igarashi’s mission.
The Japanese government has pledged approximately $6 million in emergency grant aid to assist the victims. Additionally, the Nippon Foundation has announced it will provide around $3 million (approximately 450 million yen) in emergency assistance.
#ymg/knl
၁၆ ဧပြီ ၂၀၂၅
မြန်မာငလျင်ကြီးတွင် အသက်ရှင်ကျန်ရစ်သူများကို လာရောက်ဆေးဝါးကုသမှုပေးခဲ့တဲ့ ဂျပန်ဆရာဝန် တစ်ဦးက နိုင်ငံတကာအကူအညီများ ဆက်လက်ပေးပါရန် နိုင်ငံတကာသို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ဂျပန်နိုင်ငံ နီပွန် ဆေးတက္ကသိုလ်ဆေးရုံရဲ့ အရေးတကြီးစောင့်ရှောက်ရေးဌာနမှ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အီဂါယာရှီယူတာကာက ဂျပန် NHK ရုပ်သံမှတစ်ဆင့် ယင်းကဲ့သို့မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။
သူဟာ ဂျပန်နိုင်ငံရဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ လိုက်ပါလာခဲ့ပြီး မန္တလေးသို့ ဧပြီ ၄ ရက်နေ့ မှာ ရောက်ရှိခဲ့ပါတယ်။
သူဟာ အဆောက်အဦပြိုကျလို့ ဒါမှမဟုတ် ကယ်ထုတ်စဉ် အရိုးထိခိုက်ဒဏ်ရာနှင့် အခြားဒဏ်ရာရရှိ သူတွေကို ချက်ခြင်းဆိုသလိုဘဲ ဆေးဝါးကုသမှုပေးခဲ့ပါတယ်။
အချို့သူတွေဟာ သူတို့မိသားစုတွေကို ဝင်ကယ်နေခဲ့ကြရလို့ သူတို့မှာရရှိတဲ့ ဒဏ်ရာတွေကို ချက်ခြင်း ဆေးကုသမှုမခံယူနိုင်ခဲ့ကြဘူးလို့ သူက NHK ရုပ်သံကိုပြောပါတယ်။ အနာရင်းလာတော့မှသာ သူတို့ဟာ ဆရာဝန်ကိုပြသနိုင်တော့တယ်လို့ သူကဆက်ပြောပါတယ်။
ငလျင်လှုပ်ပြီး နှစ်ပတ်ကြာတဲ့အထိ မန္တလေးက လူတော်တော်များများဟာ အဆောက်အဦရဲ့ အပြင် ဘက်မှာ နေထိုင်နေကြရတုန်းပဲလို့သူက ပြောပါတယ်။ အချို့ဆိုရင် အအေးပတ်တာ၊ ဝမ်းပျက်ဝမ်းလျှော လို ကူးစက်ရောဂါတွေ ဖြစ်နေကြရတယ်လို့ သူကဆက်ပြောပါတယ်။အချို့ကလည်း သူတို့ရဲ့ ကျောမှာ အမြဲနာကျင်တဲ့ဒဏ်ခံနေကြရတယ်လို့ သူ့ကို ညည်းညူပြောတယ်လို့ဆိုပါတယ်။
လူတော်တော်များများဟာ ရပ်ကွက်တွေထဲက ဆေးခန်းတွေကို မသွားနိုင်ကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူနာတွေသိပ်များနေတာ ဒါမှမဟုတ် ပိုက်ဆံမရှိတာတွေကြောင့်ဖြစ်တယ်လို့လည်း အီဂါယာရှီက ပြောပါတယ်။
ဂျပန်ဆေးအဖွဲ့ဟာ တစ်ရက်ကို လူနာ၁၀၀ ကျော်ကြည့်ပေးခဲ့တယ်လို့လည်း သူကပြောပါတယ်။
မိသားစုဝင်တွေဆုံးရှုံးသွားခဲ့ရတဲ့ လူနာတွေဆိုရင် စိတ်ဓာတ်ခွန်အားတွေပေးဖို့လိုအပ်နေတယ်လို့ ဒေါက်တာက ဆက်ပြောပါတယ်။
အချို့သော နိုင်ငံခြား ဆေးဝါးအဖွဲ့တွေ ပြန်သွားကြပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ ဆေးရုံဆေးခန်း တွေ ပုံမှန်ကုသမှုတွေ ပြန်လည်မစတင်မီအချိန်အထိ နိုင်ငံတကာအကူအညီတွေ ဆက်လိုနေပါတယ်လို့ သူက ပြောပါတယ်။
#ymg/knl
Yangon, 15 April 2025 - The powerful 7.7-magnitude earthquake that recently struck Myanmar has left behind an estimated 2.5 million tons of debris—equivalent to approximately 125,000 truckloads—according to the United Nations Development Programme (UNDP) in Yangon.
The damage assessment, conducted through advanced remote sensing technology, revealed extensive destruction across affected areas. In a press release, UNDP Myanmar highlighted that more than 10,000 homes and public buildings have been either significantly damaged or completely destroyed. Additionally, 128 healthcare facilities have sustained major damage, severely hampering the delivery of critical medical services to those in need.
UNDP noted that approximately 1.6 million buildings are located in zones exposed to seismic intensity level 7 or higher. Many of these structures were not built to withstand such powerful tremors, raising concerns about future earthquake resilience.
To carry out the assessment, UNDP integrated satellite-derived building damage classifications—categorized as destroyed, damaged, or possibly damaged—using data from UNOSAT and Copernicus. These were further combined with Microsoft’s building footprint data and structural data from the Global Human Settlement Layer, including building height and floor counts.
The organization emphasized the urgent need to begin large-scale recovery operations. Debris clearance is considered a critical first step in rebuilding infrastructure and homes, as well as restoring essential services. “With the data now available, rapid recovery efforts must begin immediately,” the UNDP stated.
The United Nations is working closely with both national authorities and international partners to support Myanmar’s earthquake response. UNDP stressed that timely debris removal and reconstruction efforts will be essential for long-term recovery and building greater resilience against future natural disasters.
#ymg/knl
၁၅ ဧပြီ ၂၀၂၅
မြန်မာနိုင်ငံတွင်လှုပ်ရှားခဲ့သော အင်အားပြင်းငလျင်ကြီးကြောင့် အပျက်အစီးအပိုင်းအစပေါင်း တန်ချိန် နှစ်သန်းခွဲခန့်ရှိပြီး ယင်းသည် ထရပ်ကား ခေါက်ရေ ၁၂၅,၀၀၀ ခေါက်ရေခန့်နှင့် အကြမ်းဖျင်းညီမျှကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် က တွက်ချက်ပြောဆိုလိုက်ပါတယ်။
ပြင်းအား ၇,၇ အဆင့်ရှိငလျင်ကြီးရဲ့ အပျက်အစီးတွေကို remote sensing analysis နည်းဖြင့် တွက်ချက်ခဲ့တာလို့လည်း UNDP Myanmar ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အဲဒါကြောင့် လက်ရှိလုပ်ဆောင်နေပြီဖြစ်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကြီးရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ကြီးမားလှတဲ့ အပျက်အစီးအပုံတွေကို ဖယ်ရှားပစ်ဖို့၊ အခြေခံအဆောက်အအုံတွေနှင့် အိမ်တွေကို ပြန်လည်ပြုပြင်ဖို့နှင့်ပြန်လည်တည်ဆောက်ဖို့ အရေးတကြီးလိုအပ်နေပြီလို့လည်း UNDP Myanmar ကပြောပါတယ်။
အိမ်တွေနှင့်အစိုးရရုံးတွေ စုစုပေါင်း တစ်သောင်းကျော်ဟာ သိသိသာသာပျက်စီးနေတာ ဒါမှမဟုတ် ပျက်စီးသွားတာတွေရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုနေရာ ၁၂၈ နေရာဟာလည်း သိသိသာသာပျက် စီးသွားတယ်လို့လည်း ဆိုပါတယ်။ အဲဒါကြောင့် ငလျင်ကြောင့်ထိခိုက်ခံစားနေရသူတွေအတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ခက်ခဲ့နေတယ်လို့လည်း UNDP Myanmar က ပြောပါတယ်။
သုံးသပ်စစ်ဆေးချက်တွေအရ ငလျင်အဆင့် ၇နှင့်အထက်အတွက် အန္တရာယ်ရှိနိုင်တဲ့ အဆောက်အဦ ပေါင်း ၁.၆ သန်းခန့် မြန်မာနိုင်ငံမှာရှိနေပြီး အဆောက်အဦတော်တော်များများဟာ အဲသလောက်ပြင်းအား ရှိတဲ့ ငလျင်ဒဏ်ကိုခံနိုင်တဲ့ ဒီဇိုင်းတွေနှင့် တည်ဆောက်မထားဘူးလို့လည်း UNDP Myanmar က သတင်းထုတ်ပြန်ချက်မှာ ဆက်လက်ရေးသားထားပါတယ်။
UNDP ဟာ ယခုလိုဆန်းစစ်ချက်တွေကို UNOSAT ရဲ့ ခေတ်မီတဲ့ ဂြိုဟ်တုအခြေပြု အဆောက်အဦ ပျက်စီးမှုသတ်မှတ်ချက်တွေနှင့် မိုက်ခရိုဆော့ဖ်ရဲ့ အဆောက်အဦ footprint data တွေနှင့် ပေါင်းစပ် တွက်ချက်ထားတာဖြစ်ပါတယ်။
ယခုအခါ အချက်အလက်များရှိနေပြီဖြစ်လို့ ပြန်လည်ထူထောင်ရေးကို ခပ်မြန်မြန်စတင်ဖို့လိုအပ်နေပြီ ဖြစ်တယ်လို့ UNDP Myanmar ကပြောပါတယ်။ ကုလသမဂ္ဂဟာ ပြည်တွင်းနှင့်နိုင်ငံတကာမိတ်ဖက်အဖွဲ့ အစည်းတွေနှင့် ငလျင်ဘေးတုန့်ပြန်ရေးလုပ်ငန်းတွေမှာ လက်တွဲဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာ ရေရှည်ပြန်လည်ပုံမှန်ဖြစ်စေဖို့နှင့် ကြံ့ကြံခံတဲ့အဆောက်အဦတွေဖြစ်စေဖို့ အပျက်အစီးအပုံတွေ ရှင်း လင်းဖယ်ရှားရေးဟာ အရေးကြီးတဲ့ ပထမအဆင့်ဖြစ်နေတယ်လို့လည်း UNDP Myanmar က သတင်းထုတ်ပြန်ပါတယ်။
#ymg/knl
Page 10 of 230