Politics

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် မြန်မာ့အာကာသယာဉ်မှူးလောင်းများကိုတွေ့ဆုံဂုဏ်ပြုစကားပြော

၂၇ ဇူလိုင်၊၂၀၂၆

အာကာသယာဉ်မှူးလောင်းများအဖြစ် လက်ရှိအဆင့်အထိ ရွေးချယ်ခံခဲ့ကြရသူများဖြစ်သည့်အတွက်  မိဘများနှင့် ထပ်တူများစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က  မြန်မာနိုင်ငံမှ ပထမဆုံးသောအာကာသယာဉ်မှူးတာဝန် ထမ်းဆောင်ရန်အတွက် ပဏာမရွေးချယ် ထားရှိသောအာကာသယာဉ်မှူးလောင်းများကိုတွေ့ဆုံစဉ်ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA)က ဆောင်ရွက် ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ဇူလိုင် ၂၇ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မြန်မာအာကာသ အေဂျင်စီ (MSA)၌ ကျင်းပပြုလုပ်စဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှ ပထမဆုံးသောအာကာသယာဉ် မှူးတာဝန် ထမ်းဆောင်ရန်အတွက် ပဏာမရွေးချယ်ထားရှိသောအာကာသယာဉ်မှူးလောင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံရာတွင် ယင်းကဲ့သို့မှာကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ ပထမဆုံးသောအာကာသယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်လိုသည့် ပြင်းပြသည့် စိတ်ဆန္ဒများဖြင့်ယခုကဲ့သို့ ဆန္ဒပြုခဲ့ ရွေးချယ်ခြင်းခံခဲ့ကြရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊အဆင့်ဆင့်သော စိစစ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီးနောက်ဆုံးတွင် နိုင်ငံတော် အတွက် ပထမဆုံးသော အာကာသယာဉ်မှူးများကို ရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော် သမ္မတကဆက်လက်ပြောကြားးသည်။

နိုင်ငံတော်သမ္မတအား အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူများက  မြန်မာအာကာသအေဂျင်စီပြခန်းဆောင်အတွင်း ပြခန်းတစ်ခုချင်းအလိုက် ပြသ ရှင်းလင်း သည်။

မြန်မာအာကာသအေဂျင်စီမှ အောင်မြင်စွာ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် MAH-1 ဂြိုဟ်တုစီမံထိန်းချုပ်ရေး စခန်းဆိုင်ရာများ၊ Earth Remote Sensing(ERS) Application Platform အား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ပဲခူးမြို့နယ်၏ သဘာဝပတ်ဝန်းကျင် နှင့် ဒေသ ဖွံ့ဖြိုး  ရေးအခြေအနေများအား Earth Remote Sensing နည်းပညာဖြင့် လေ့လာသုံးသပ်တင်ပြချက်များ၊

ADVANCEDROBOTIC SYSTEM ၊ နေအာရုံခံကိရိယာအား အောင်မြင်စွာ ဒီဇိုင်းရေးဆွဲ တည်ဆောက်နိုင်မှု အပါအဝင် ဆောင်ရွက်နေသည့်လုပ်ငန်းမျာနှင့်ပြခန်းအလိုက်အချက် အလက်များကို တာဝန်ရှိသူများက နိုင်ငံတော်သမ္မတအားရှင်းလင်းတင်ပြခဲ့သည်။

“မိမိတို့နိုင်ငံ၏ အာကာသနည်းပညာ မြင့်မားတိုးတက်လာစေရေးအတွက် မိမိအနေဖြင့် နိုင်ငံတော်၏ ရေ  ရှည်အကျိုးကိုကြည့်၍ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ယခုကဲ့သို့အာကာသနည်းပညာ များ တိုးတက်လာခြင်းဖြင့် နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း”လည်း နိုင်ငံတော်  သမ္မတ ဦးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

နိုင်ငံရေးအရတည်ငြိမ်မှုရှိသည်ဆိုရာတွင် ပြည်သူလူထု၏ စားရေးနှင့်စီးပွားရေး အဆင်ပြေရန် အဓိကလိုအပ်ဟု နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ပြောကြား

၁၈ ဇူလိုင်၊၂၀၂၆

နိုင်ငံတော်တွင် နိုင်ငံရေးအရ တည်ငြိမ်မှုရှိသည်ဟုဆိုရာတွင် ပြည်သူလူထု၏ စားရေးအဆင်ပြေရန်၊ စီးပွားရေးအရ ပြေလည်ရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည်ယနေ့ ဇူလိုင်၁၈ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးစဉ် တာဝန်ရှိသူများကို ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူများ စားရေးအဆင်ပြေမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို ဒေသအလိုက်မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အကျိုးအမြတ်ရရှိရေးသည်အဓိကမဟုတ်ဘဲ ပြည်သူလူထုအနေဖြင့် အသား၊ငါးနှင့် ရာသီသီးနှံများကို သက်သာသောဈေးနှုန်း များဖြင့် လုံလုံလောက်လောက် ဝယ်ယူစားသောက်နိုင် စေရေးအတွက်ကိုသာ အဓိကဆောင်ရွက်ခြင်း ဖြစ်သဖြင့် ယခုထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန်လည်း နိုင်ငံတော် သမ္မတက မှာကြား သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာရှိနေခြင်းကြောင့် . ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်း နိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်စေ  ခြင်းဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင်ဆက်လက်အကောင်အထည်ဖော်သွားကြရန်လိုကြောင်း လည်း ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့်မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါ ဘက်စုံစိုက်ပျိုး မွေးမြူ ရေးဇုန်တွင် စစ်ဆေးစဉ် သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးအောင်လင်း ဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူ များလိုက်ပါခဲ့ကြသည်။

တစ်နှစ်လျင်ရေနံစိမ်းတန်ချိန် ၅ သိန်းချက်လုပ်နိုင်မည့် သံလျင်ရေနံချက်စက်ရုံ ပထမအဆင့်လုပ်ငန်းများ နိုင်ငံတော်သမ္မတ စစ်ဆေးကြည့်ရှု

၁၈ ဇူလိုင်၊၂၀၂၆

တစ်နှစ်လျင် တန်ချိန် ၅ သိန်းချက်လုပ်နိုင်သည့် အမှတ်(၁)ရေနံချက်စက်ရုံ(သံလျင်)၏ ပထမအဆင့် Phase အား ယခုနှစ် စက်တင်ဘာလတွင်လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေ  အနေများကို နိုင်ငံတော်  သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၈ ရက်မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

“ စက်ရုံလည်ပတ်ချိန်တွင် ပြည်သူလူထုအတွက် အလုပ်အကိုင်များလည်းရရှိနိုင်မည်ဖြစ်ပြီး ပြည်တွင်း လိုအပ်ချက်ဖြစ်သည့် စက်သုံးဆီများကို ကုန်ကျစရိတ်သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည်လည်း  ဖြစ်ကြောင်း၊ ပြည်ပမှ စက်သုံးဆီတင် သွင်းနေရမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြား ငွေသုံးစွဲမှုများလည်းလျော့နည်းနိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

အဆိုပါရေနံချက်စက်ရုံဖွင့်လှစ်နိုင်ခြင်းသည်မိမိတို့အစိုးရ မော်ကွန်းမှတ်တိုင်တစ်ခုပင်ဖြစ်ကြောင်းနှင့် စက်ရုံလည်ပတ်ရေးအတွက် လိုအပ်သည့်ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေးအတွက်လည်း စီမံ ဆောင်ရွက်ကြရန်လည်း သမ္မတက ဆက်လက်ပြောကြားသည်။

စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ဆိုင်ရာအချက်အလက်များနှင့် ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

တစ်နှစ်လျင် တန်ချိန် ၅ သိန်း ချက်လုပ်နိုင်သော Modular Type Refinery အား Phase I အဖြစ် စတင်ဆောင်ရွက်လျက်ရှိနေခြင်းဖြစ်ပြီး Phase II ကိုလည်းဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကာ Phase II ပြီးစီးချိန်တွင် နိုင်ငံတော်လိုအပ်ချက်၏ ဓာတ်ဆီ ၆၀ ရာခိုင်နှုန်း၊ ဒီဇယ်ဆီ ၅၀ ရာခိုင်နှုန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်းသိရသည်။

Health

စပါးကြီးမြွေသွေးထဲက မော်လီကျူးကနေ အဝလွန်သူတွေအတွက် ဝိတ်ကျဆေးအသစ် ပေါ်ထွက်လာနိုင်

၁၄ ဧပြီ၊၂၀၂၆

စပါးကြီးမြွေတွေဟာ သမင်လို အကောင်ကြီးမျိုးကို တစ်ထိုင်တည်း မျိုချပြီးရင် လနဲ့ချီပြီး ဘာမှထပ်မစားဘဲ နေနိုင်ကြတဲ့ ထူးခြားတဲ့ အလေ့အထရှိပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက မြွေတွေရဲ့ ဒီလိုထူးခြားတဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အဓိကကျတဲ့ မော်လီကျူးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဒါဟာ အဝလွန်သူတွေအတွက် ဆေးဝါးအသစ်တွေ ထုတ်လုပ်ရာမှာ လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မြွေတွေ အစာစားပြီးချိန်မှာ သူတို့ရဲ့ သွေးထဲမှာ အဆပေါင်း ၁၀၀၀ လောက်အထိ မြင့်တက်လာတတ်တဲ့ pTOS လို့ခေါ်တဲ့ မော်လီကျူးတစ်ခုကို အဝလွန်နေတဲ့ ကြွက်တွေကို စမ်းသပ်တိုက်ကြည့်ခဲ့ပါတယ်။ အဲဒီအခါ ကြွက်တွေဟာ အစားအသောက်ကို သိပ်မစားတော့ဘဲ ကိုယ်အလေးချိန် အမြန်ကျသွားတာကို အံ့ဩဖွယ် တွေ့ရှိခဲ့ရပါတယ်။ ဒီမော်လီကျူးဟာ Wegovy လို နာမည်ကြီး ဝိတ်ကျဆေးတွေနဲ့ ဆင်တူတဲ့ အာနိသင်မျိုး ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။

လက်ရှိသုံးနေတဲ့ Wegovy လို ဆေးတွေက အစာအိမ်ထဲကနေ အစာဆင်းတာကို နှေးစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်နေသလို ခံစားရစေပေမယ့် ပျို့အန်တာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိတဲ့ pTOS မော်လီကျူးကတော့ အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲ၊ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း (Hypothalamus) ကို တိုက်ရိုက် သွားရောက်သက်ရောက်စေတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့က မြွေတွေမှ မဟုတ်တာ" လို့ တွေးစရာရှိပေမယ့်၊ ဒီမော်လီကျူးက လူတွေရဲ့ ဆီးထဲမှာလည်း နည်းနည်းပါးပါး ပါဝင်နေတတ်တဲ့ သဘာဝဓာတ်တစ်ခု ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း သဘာဝအတိုင်း ရှိနေပြီးသားဖြစ်တဲ့အတွက် အနာဂတ်မှာ ဆေးအဖြစ်ထုတ်လုပ်တဲ့အခါ ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုမိုဘေးကင်းလုံခြုံမှု ရှိနိုင်တယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

ဒီရှာဖွေတွေ့ရှိမှုကို လူတွေမှာ လက်တွေ့ဆေးအဖြစ် အသုံးပြုနိုင်ဖို့အတွက်တော့ ထပ်ပြီး သုတေသနတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ သဘာဝတရားကြီးထဲမှာ ဒီလို အလွန်အမင်း ထူးခြားတဲ့ အစွမ်းသတ္တိတွေရှိတဲ့ တိရစ္ဆာန်တွေဆီကနေ လူသားတွေ ကျန်းမာရေးအတွက် အကျိုးရှိမယ့်အရာတွေ အများကြီး သင်ယူနိုင်တယ်ဆိုတာကို ဒီလေ့လာမှုက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။  Source: The Guardian

ဗိုက်တာမင်အားဆေးတွေနှင့်တွဲမသုံးသင့်သည့်ဆေးမျာ

၁၄ ဧပြီ၊၂၀၂၆

လူအတော်များများက ကျန်းမာရေးအတွက် နေ့စဉ် အားဆေး (Multivitamins) တွေ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့သော ရောဂါကုသတဲ့ ဆေးဝါးတွေနဲ့ အားဆေးတွေကို တွဲသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ဆေးစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဆေးဝါးတွေနဲ့ လမ်းကြောင်းတူတူ ဖြတ်သန်းရတာမို့ ဆေးအာနိသင်ကို ပြောင်းလဲသွားစေနိုင်လို့ သတိထားဖို့ လိုပါတယ်။

လည်ပင်းကျိတ် (သိုင်းရွိုက်) ဆေးတွေနဲ့ အရိုးပွရောဂါဆေးတွေဟာ အားဆေးတွေနဲ့ သိပ်မတည့်ပါဘူး။ အားဆေးထဲမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေက အဲဒီဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ဒီဆေးတွေကို မနက် အစာမစားခင် ဗိုက်ဟာနေချိန်မှာ အရင်သောက်တာ အကောင်းဆုံးဖြစ်ပြီး၊ အားဆေးသောက်မယ်ဆိုရင် ဆေးသောက်ပြီး အနည်းဆုံး ၂ နာရီကနေ ၄ နာရီလောက် ခြားပြီးမှ သောက်သင့်ပါတယ်။

ပဋိဇီဝဆေး (ပိုးသတ်ဆေး) တွေ သောက်တဲ့အခါမှာလည်း အားဆေးနဲ့ အနည်းဆုံး ၂ နာရီလောက် ခြားသောက်ရပါမယ်။ မဟုတ်ရင် အားဆေးထဲက သတ္တုဓာတ်တွေနဲ့ ပေါင်းသွားပြီး ပိုးသတ်ဆေးက အပြည့်အဝ အာနိသင် မပြနိုင်တော့ပါဘူး။ သွေးကျဲဆေး (Warfarin) သောက်နေတဲ့သူတွေဆိုရင်လည်း အားဆေးထဲမှာပါတတ်တဲ့ ဗီတာမင် ကေ (Vitamin K) ကြောင့် သွေးခဲတာကို ကာကွယ်ပေးတဲ့ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် ကေ ပါတဲ့ အားဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်၊ သောက်လိုက် မလုပ်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

ဆီးသွားစေတဲ့ဆေး (Diuretics) နဲ့ အစာအိမ်ဆေးတွေ သောက်နေရင်လည်း သတိထားရပါမယ်။ သွေးတိုးကျဖို့ပေးတဲ့ ဆီးဆေးတွေက ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေကို အပြောင်းအလဲဖြစ်စေလို့ အားဆေးတွေနဲ့ တွဲသောက်ရင် ကယ်လ်ဆီယမ်ဓာတ်တွေ အရမ်းများသွားတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အစာအိမ်လေနာဆေး (PPIs) တွေက အစာအိမ်အက်ဆစ်ကို လျှော့ချပေးတာမို့ အားဆေးထဲက ဗီတာမင် B12 နဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူဖို့ ခက်ခဲသွားစေပါတယ်။

အချုပ်ပြောရရင်တော့ ပညာရှင်တွေက အားဆေးဆိုတာ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးဖို့ပဲဖြစ်ပြီး အစားအစာအစစ်တွေနေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်စတဲ့ သဘာဝအစားအစာတွေကိုပဲ မျှတအောင် စားသုံးပေးဖို့ပါ။ တကယ်လို့ သင်က ပုံမှန်သောက်နေရတဲ့ ဆေးတွေရှိတယ်ဆိုရင်တော့ အားဆေးတွေ မသောက်ခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးတာ အလုံခြုံဆုံးပါပဲ။

မြန်မာနိုင်ငံတွင် ကြိုတင်ကာကွယ်ရေး အာရုံစိုက်ဆောင်ရွက်သင့်သည့် နီပါဗိုင်းရပ်စ်

-အယ်ဒီတာတစ်ဦး

အိန္ဒိယနိုင်ငံအခြေအနေ

လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) ၌ နီပါဗိုင်းရပ်စ် ကူးစက်မှု အသစ်တစ်ခု ဖြစ်ပွားနေတယ်လို့ သတင်းများအရသိရပါတယ်။

    နောက်ဆုံးအခြေအနေအဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စာရင်းများအရ ကောလ်ကတ္တား (Kolkata) မြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် အတည်ပြုလူနာ ၅ ဦး တွေ့ရှိ ထားပါတယ်။

ထိုသူတို့အနက် အများစုမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့ သူနာပြုများနှင့် ဆရာဝန်များ ဖြစ်ကြပြီး ကနဦးလူနာကို ပြုစုကုသရာမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် လူပေါင်း ၁၀၀ နီးပါးကို သီးသန့်ခွဲခြား (Quarantine) ထားပြီး စောင့်ကြည့်  စစ်ဆေးနေ    တယ်လို့သိရပါတယ်။ယခုဖြစ်စဉ်သည် အနောက်ဘင်္ဂလားတွင် ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေအနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါဗိုင်းရပ်စ်သည် နှစ်စဉ်ကူးစက်လေ့ရှိသော်လည်း ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း ကူးစက်မှုပုံစံ ပြောင်းလဲလာကြောင်း သတိပေးချက်များ ထွက်ပေါ်နေပါတယ်။

ယခင်က ဒီဇင်ဘာမှ ဧပြီလအတွင်းသာ ဖြစ်ပွားလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ရာသီပြင်ပ ကူးစက်မှုများ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဗိုင်းရပ်စ်သည် ယခင်က မတွေ့ရှိဖူးသည့် ဘိုလာ (Bhola) ကဲ့သို့သော ဒေသအသစ်များသို့ ပြန့်နှံ့လာပြီး နိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၃၅ ခုတွင် ဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားပါသည်။

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၅ ခုနှစ်အတွင်း တွေ့ရှိခဲ့သည့် အတည်ပြုလူနာအားလုံး သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း အလွန်မြင့်မားတယ်လို့ဆိုနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွက် လူနာသစ် မတွေ့သေးသော်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တွင်အတည်ပြုလူနားများတွေ့ရှိထားတဲ့အတွက် အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်နေပါတယ်။

ကူးစက်မှု အများစုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးစပ်သော ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ယခုအချိန်သည် နီပါဗိုင်းရပ်စ် အများဆုံး ကူးစက်လေ့ရှိသည့် ရာသီ (ဒီဇင်ဘာမှ မေလအတွင်း) ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၃၅ ခုတွင် အထူးသတိပေးချက်များ ထုတ်ပြန်ထားဆဲဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ အခြေအနေ

မြန်မာနိုင်ငံသည် နီပါဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့် လင်းနို့ (Fruit Bats) များ ကျက်စားရာဇုန်တွင် ရှိနေပြီး အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ကူးစက်မှုများ ရှိနေခြင်း ရှိခဲ့ခြင်းတို့ကြောင့် ် "အန္တရာယ်ရှိ  နိုင်ခြေရှိသော နိုင်ငံ" (High-risk  area) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပညာ ရှင်များက သတ်မှတ်ထားပါတယ်။

အထူးသဖြင့် နယ်စပ်ဒေသများတွင် စောင့်ကြည့်မှုများ အားကောင်းရန် လိုအပ်သည့် အခြေအနေဖြစ်ပါ တယ်။

နီပါဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများ

ဗိုင်းရပ်စ်သည် လင်းနို့၏ တံတွေး၊ ဆီး သို့မဟုတ် ဝက်များမှတစ်ဆင့် လူထံသို့ ကူးစက်နိုင်သဖြင့် အောက်ပါတို့ကို ဆင်ခြင်ရန် လိုအပ်ပါတယ်။

◾️သစ်သီးဝလံများလင်းနို့ကိုက်ထားသော အမှတ်အသားပါသည့် အသီးများကို လုံးဝမစားပါနှင့်။ ◾️အသီးများကို သေချာစွာဆေးကြောပြီး အခွံခွာစားပါ။

◾️ထန်းရည်/ဓနိရည်-    လတ်ဆတ်သော ထန်းရည်၊ ဓနိရည်များကို အစိမ်းလိုက် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ (ချက်ပြုတ်အပူပေးပြီးမှ သောက်ပါ)

◾️တစ်ကိုယ်ရေသန့်ရှင်းရေး-လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။

◾️တိရစ္ဆာန်များနှင့် ထိတွေ့မှု-နေမကောင်းသော ဝက်များ သို့မဟုတ် လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

Source: Wire News

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.