ရန်ကုန် မတ်၉ — တပ်မတော်(ရေ)၏ ရေကြောင်းကာကွယ်ရေးနှင့် ရေယာဉ်တည်ဆောက်မှုစွမ်းရည်ကို ပိုမိုတိုးချဲ့သည့်အနေဖြင့် ပြည်တွင်း၌ ကိုယ်တိုင်တည်ဆောက်ထားသော အကြီးမားဆုံး ဖရီဂိတ်  စစ်ရေ   ယာဉ်သစ် တပ်တော်ဝင်ခြင်းနှင့် တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်းကျင်းကြီး ဖွင့်လှစ်ခြင်း   အခမ်းအနား ကို တနင်္ဂနွေနေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည့် အဆိုပါအခမ်းအနားတွင် ရေငုပ်သင်္ဘော  တိုက် ဖျက်ရေး ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာကိုလည်း တစ်ပါတည်း ကျင်းပခဲ့သည်။

ယခုတပ်တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ် (သာလွန်မင်း) သည် တပ်မတော်(ရေ) သမိုင်းတစ်လျှောက် ပြည်တွင်း၌ ကိုယ်တိုင်တည်ဆောက်နိုင်ခဲ့သည့် အရွယ်အစားအားဖြင့် အကြီးမားဆုံး စစ်ရေယာဉ်  ဖြစ်သည်။ အဆိုပါရေယာဉ်သည် တပ်တော်မဝင်မီ ခရီးရှည်စမ်းသပ်မောင်းနှင်မှုအဖြစ် နာရီပေါင်း ၂၇၀ ကျော်၊ ရေမိုင် ၃,၅၀၀ ခန့် မောင်းနှင်ခဲ့ပြီး ရေယာဉ်ပေါ်ပါ စနစ်များအားလုံး စံချိန်စံညွှန်းပြည့်မီကြောင်း သေချာစွာ စစ်ဆေးအတည်ပြုနိုင်ခဲ့သည်။

သန်လျင်တပ်နယ် ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် ဖွင့်လှစ်လိုက်သည့် တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်း  ကျင်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးဖြစ်ပြီး အရွယ်အစားကြီးမားသော စစ်ရေယာဉ်များနှင့် ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများကို တည်ဆောက်ရန်နှင့် ပြုပြင်ရန် ရည်ရွယ်ထားသည်။ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အဆိုပါလွန်းကျင်းကြီးအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ရေငုပ်သင်္ဘော  တိုက်ဖျက်ရေး ရေယာဉ်များတည်ဆောက်ရန် ဧရာခင်းပေးခဲ့ကာ Shipyard Management Software ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကိုပါ ကြည့်ရှုစစ်ဆေးခဲ့သည်။

ယခု တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်းကျင်းကြီးကို ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်နိုင်ရန်နှင့် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများ ပြုပြင်တည်ဆောက်ပေးခြင်းမှ ဝင်ငွေပြန်လည်ရရှိရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ဤစီမံကိန်းသည် ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ အဆင့်သုံးဆင့်ပါဝင်သော မဟာဗျူဟာစီမံကိန်း၏ တတိယမြောက်နှင့် နောက်ဆုံးအဆင့်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပထမအဆင့်ကို ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ လည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လည်း ကောင်း အကောင်အထည်ဖော်ခဲ့ပြီး ရေတပ်သင်္ဘောကျင်းကို နိုင်ငံတကာအဆင့်မီဖြစ်လာစေရန် တဖြည်းဖြည်း အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကားတွင် ယခုကဲ့သို့ ရေတပ်အင်အားတိုးချဲ့ခြင်းသည် မြန်မာ နိုင်ငံ၏ အမျိုးသားရေးနှင့် စီးပွားရေးအကျိုးအမြတ်များကို ကာကွယ်ရန် မရှိမဖြစ်လိုအပ်ကြောင်း ထည့်  သွင်းပြောကြားခဲ့သည်။ မြန်မာ့ပင်လယ်ပြင်သည် သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင် အထိ ကျယ်ပြန့်ပြီး ကမ္ဘာ့ကုန်သွယ်ရေကြောင်းရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိက  ရေလမ်းကြောင်းများပေါ်တွင် တည်ရှိနေကြောင်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြခဲ့သည်။ ထို့ကြောင့် ပင်လယ်ပြင် ဆက်သွယ်ရေးလမ်းကြောင်းများ၊ ရေနက်ဆိပ်ကမ်းများနှင့် ရေထွက်သယံဇာတများကို ကာကွယ်ရန် အင်အားတောင့်တင်းသော ရေတပ်တစ်ခု လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ ရေတပ်ဆိပ်ခံတံတား၌ ဆက်လက် ကျင်းပခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဦးစီးချုပ်များနှင့် အဆင့်မြင့်တပ်မတော်  အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ တပ်တော်ဝင်တံခွန်အလံများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ခေါင်းလောင်းရှစ်ချက်တီးခြင်းစသည့် တပ်တော်ဝင်အစဉ်အလာများ ပြုလုပ်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေယာဉ် (မုတ္တမ) ပေါ်သို့ တက်ရောက်ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ အခမ်းအနားကို စစ်ရေယာဉ် (ရန်တိုင်းအောင်) နှင့် (ရန်ကြီးအောင်) တို့မှ အမြောက် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုကာ ရုပ်သိမ်းခဲ့ပြီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)က အဆိုပါ ဂုဏ်ပြု  ပစ်ခတ်ခဲ့သည့် ပထမဆုံး အမြောက်ကျည်ဆန်ခွံကို အထိမ်းအမှတ်အဖြစ် ဂါရဝပြု ပေးအပ်ခဲ့သည်။

Knl/ymg

freeegate1fregate14