ရန်ကုန်၊ မတ် ၈

မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံစွာရရှိရေးအတွက် ရန်ကုန်၊ သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီတင်  သင်္ဘောများ စဉ်ဆက်မပြတ် ဆိုက်ကပ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ယနေ့ မတ်လ (၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ ဆိုက်ကပ်ဆီချနေသည့် သင်္ဘောများအပါအဝင် ရေလမ်းခရီးနှင့် ဆီတင်ရန်စောင့်ဆိုင်းနေသည့် သင်္ဘောစုစုပေါင်း (၁၄) စီးအထိ ရှိနေကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ ဆီချလုပ်ငန်းများ ဆောင်ရွက်နေသည့် သင်္ဘော (၂) စီးရှိနေပြီး မြန်မာ့ရေပြင်သို့ ဆိုက်ကပ်ရန် လမ်းခရီးတွင် ရောက်ရှိနေသော သင်္ဘော (၄) စီးလည်း ရှိနေပြီ  ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့အပြင် ပြည်ပဆိပ်ကမ်းများတွင် ဆီတင်ဆောင်နေသည့် သင်္ဘော (၃) စီးနှင့် ဆီတင်ရန် စောင့်ဆိုင်းနေသည့် သင်္ဘော (၅) စီးတို့ရှိခြင်း  ကြောင့် ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ကို ဖူလုံအောင် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။

သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တင်သွင်းလာသည့် စက်သုံးဆီများကို သုံးစွဲသူပြည်သူများ  လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးမှုကွင်းဆက် မပြတ်  တောက်စေရန် အနီးကပ် စိစစ်ကြပ်မတ်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထား  သည်။

ပြည်သူများအနေဖြင့်လည်း စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်ပြီး ပိုမိုဝယ်ယူစုဆောင်းခြင်းများ မပြုလုပ်ရန်နှင့် လိုအပ်သလောက်ကိုသာ ခြိုးခြံချွေတာစွာ သုံးစွဲကြပါရန် စွမ်းအင်ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

new oilship2new oilship1

သီလဝါဆိပ်ကမ်သို့ထပ်မံရောက်ရှိလာသော စက်သုံးဆီတင်သင်္ဘောများကိုတွေ့ရစဉ်။