ဝါရှင်တန်၊ ဇူလိုင် ၂၄ - အမေရိကန်ပြည်ထောင်စုက မြန်မာ့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်အချို့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ကြာသပတေးနေ့မှာ ရုပ်သိမ်းလိုက်ပါတယ်။ ဒီလို ရုပ်သိမ်း လိုက်တာဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးပြီး ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့တဲ့ စာတစ်စောင်ကို ပို့ပြီး နှစ်ပတ်အကြာမှာ ဖြစ်ပါတယ် လို့ ရိုက်တာ သတင်းအရသိရပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ KT Services & Logistics နဲ့ ယင်းကိုတည်ထောင်သူ ဦးဂျွန်နသန် မျိုးကျော်သောင်း၊ MCM Group နဲ့ ယင်းရဲ့ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နဲ့ ယင်းရဲ့ပိုင်ရှင် ဦးစစ်တိုင်းအောင် တို့အပြင် နောက်ထပ်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးတင်လတ်မင်း တို့ကို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းကနေ ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
KT Services & Logistics နှင့် ဦးဂျွန်နသန် မျိုးကျော်သောင်း တို့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ဘိုင်ဒင်အစိုးရလက်ထက်မှာ ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပြီး၊ အဲ့ဒီအချိန်ဟာ မြန်မာနိုင်ငံမှာ နစက အာဏာရယူပြီး တစ်နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်လို့သတင်းမှာဖော်ပြထားပါတယ်။
ဦးစစ်တိုင်းအောင် နဲ့ ဦးအောင်လှိုင်ဦး တို့ကိုတော့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍမှာ စီးပွားရေး လုပ်ကိုင်နေတာကြောင့်ဆိုပြီး အဲ့ဒီနှစ်မှာပဲ ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ဦးတင်လတ်မင်းကိုလည်း နစကနှင့် အလွန်နီးစပ်သူအဖြစ် သတ်မှတ်ပြီး ၂၀၂၄ ခုနှစ်၊ နစက သုံးနှစ် မြောက် နှစ်ပတ်လည်နေ့မှာ ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီလိုရုပ်သိမ်းရတဲ့ အကြောင်းပြချက်ကို ရှင်းပြခြင်းမရှိသလို၊ အိမ်ဖြူတော် ကလည်း မှတ်ချက်ပေးရန် ရိုက်တာရဲ့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
ဇူလိုင်လ ၁၁ ရက်နေ့က မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သမ္မတ ထရမ့်ထံ စာတစ်စောင်ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ ပို့ကုန်တွေအပေါ်မှာ ချမှတ်ထားတဲ့ ၄၀ ရာခိုင်နှုန်း အခွန်နှုန်းထားကို လျှော့ချပေးဖို့ တောင်းဆိုခဲ့ပါတယ်။ လိုအပ်မယ်ဆိုရင် ဝါရှင်တန်ကို ညှိနှိုင်းရေးအဖွဲ့ စေလွှတ်ဖို့လည်း အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးက "သမ္မတထရမ့်ရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုနဲ့ သူ့နိုင်ငံကို စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ အမျိုးသား သာယာဝပြောရေးဆီသို့ ဦးဆောင်နေတာကို အသိအမှတ်ပြုပါတယ်" လို့ အဲ့ဒီအချိန်က မြန်မာနစက နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
သြဂုတ်လ ၁ ရက်နေ့မှာ စတင်အသက်ဝင်မယ့် မြန်မာနိုင်ငံအပေါ် အခွန်စည်းကြပ်မှုနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ စာကို တုံ့ပြန်တဲ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးဖို့ အဆိုပြုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကနေ အမေရိကန် သွင်းကုန်တွေအပေါ် ကောက်ခံတဲ့ အခွန်ကို သုညကနေ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးမယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "နှစ်နိုင်ငံနဲ့ ပြည်သူလူထုရဲ့ ဘုံအကျိုးစီးပွားနဲ့ သာယာဝပြောမှုကို အဟန့်အတားဖြစ်စေတဲ့အတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်ပြီး ဖြေလျှော့ပေးဖို့နဲ့ ရုပ်သိမ်းပေးဖို့" လည်း ထရမ့်ကို တောင်းဆိုခဲ့ပါတယ်။
Source Reuters
၂၃ ဇူလိုင် ၂၀၂၅
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင်ရှိ သပိတ်ကျင်းမြို့ကို ဇူလိုင်လ ၂၃ ရက်၊ယနေ့တွင် တပ်မတော် က အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့်သပိတ်ကျင်း မြို့နယ်အတွင်း အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဖြင့် တပ်ရင်း ဌာနချုပ် ပတ်ဝန်းကျင်၌ စတင်၍ နယ်မြေရှင်းလင်းခဲ့ပြီးတန်ပြန် တိုက်စစ်များ တစ်ဆင့်ပြီးတစ်ဆင့် ခြေကုပ်ယူ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကြောင့် ၂၀၂၅ ခုနှစ်၊ဇွန်လ ၃၀ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့်သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၆ မိုင်ကျေးရွာအား လည်းကောင်း၊ ဇူလိုင်လ ၅ရက်နေ့ တွင် ၅ မိုင်ကျေးရွာအား လည်းကောင်း၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ၄ မိုင်ကျေးရွာနှင့်အဆိုပါကျေးရွာအနီး တာဝါတိုင်ကုန်းအားလည်းကောင်း အသီးသီးပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့ ယနေ့တွင် သပိတ်ကျင်းမြို့အားတပ်မတော်က အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အချက်အချာကျသည့်နေရာတွင်ရှိနေတဲ့ သပိတ်ကျင်းမြို့ အား မိုးမိတ်၊ မိုးကုတ်မြို့နယ်မှတဆင့် အကြမ်း ဖက်အဖွဲ့အစည်းများဖြစ်သည့် TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှစ၍သပိတ်ကျင်း မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်စခန်းများ၊ တပ်ရင်း/တပ်ဖွဲ့နှင့် မြို့/ရွာများအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ဆင်ရေးကာလ ၁၁ လအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၁၇ ကြိမ်၊ ထိတွေ့ မှုပေါင်း ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီးရန်သူ့ထံမှ အလောင်း ၅၁ လောင်းနှင့် လက်နက်မျိုးစုံ ၁၁၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သပိတ်ကျင်းမြို့ အတွင်းသို့ ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများအား အန္တရာယ် ကင်းရှင်းစွာ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက မြို့တွင်း မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ စတင်ရှင်းလင်းဆောင်ရွက်နေပါတယ်။
မိမိတို့၏ အိုးအိမ်နေရာများသို့ ပြန်လည်နေထိုင်လိုပြီး ရိုးသားစွာ မိမိတို့၏ လူမှုစီးပွားဘဝ လုပ်ကိုင် စားသောက်လိုသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များထံ စနစ်တကျသတင်းပို့၍ နေထိုင်နိုင်ရေးသက်ဆိုင်ရာမှ နှိုးဆော်ထားပါတယ်။
သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လည်းဌာနဆိုင်ရာဝန်ထမ်းများဖြင့် အစိုးရအုပ်ချုပ်မှု ယန္တရားများ ၊ စာသင်ကျောင်းများ၊ဆေးရုံများ အမြန်ဆုံးလည်ပတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်။
သပိတ်ကျင်းမြို့သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့ရှိမြို့ များနှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး ဧရာဝတီမြစ်၏ အရှေ့ဘက် ကမ်းပေါ်၌ရှိသောသင်္ဘောဆိပ်မြို့လည်း ဖြစ်ပါတယ်။
#ymg/knl
July 23, 2025, Mandalay - The Myanmar Military (Tatmadaw) has announced that it has fully recaptured and brought under control Thabeikkyin Town in the Thabeikkyin District of Mandalay Region today, July 23. This information was released by the State Administration Council (SAC) Information Team.
According to the statement, Myanmar Military (Tatmadaw) columns initiated a counter-terrorism operation within Thabeikkyin Township, which was previously controlled by terrorist insurgents. They began clearing the area around the battalion headquarters and subsequently gained ground through successive counter-attacks.
As a result of this operation, the Myanmar Military (Tatmadaw) successfully recaptured 6 Mile Village on June 30, 2025, followed by 5 Mile Village on July 5, and 4 Mile Village along with a nearby tower hill on July 17. Today, July 23, the Myanmar Military (Tatmadaw) has completely regained control of Thabeikkyin Town.
Thabeikkyin, a strategically important town, had been under attack by terrorist organizations, specifically the TNLA and PDF-affiliated groups, since August 18, 2024. These groups, advancing from Mohnyin and Mogok townships, launched large-scale assaults on Myanmar Military (Tatmadaw) outposts, battalions, and towns/villages within Thabeikkyin Township.
During the 11-month operation, 17 major battles and 45 skirmishes occurred with the terrorist insurgents. The Myanmar Military (Tatmadaw) reportedly recovered 51 bodies of enemy combatants and seized 112 assorted weapons along with related equipment.
Myanmar Military (Tatmadaw) columns have now begun mine-clearing operations within Thabeikkyin Town to ensure the safe return of local residents who were temporarily displaced. Authorities are urging displaced residents who wish to return to their homes and resume their livelihoods to report systematically to the relevant security teams.
Furthermore, the respective regional government is working with departmental staff to quickly resume government administrative functions, schools, and hospitals.
Thabeikkyin Town is located on the eastern bank of the Ayeyarwady River and serves as a port town. It borders cities in Kachin State, Sagaing Region, and northern Shan State.
#ymg/knl
Yangon, Myanmar – July 23, 2025 – Myanmar Police Force announced a major bust of a drug trafficking ring operating via maritime routes, seizing over 48.4 billion Myanmar Kyats (MMK) worth of psychotropic drugs in Insein Township.
On July 12, at 6:30 PM, a joint team from the Anti-Narcotics Task Force, acting on intelligence, raided a rented house in Kyoekone East Ward, Insein Township. They apprehended Zaw Zaw Lwin with 1,875 kg of ICE (methamphetamine), valued at an estimated 46.875 billion MMK, and 1.6 million ecstasy pills with a local street value of 1.6 billion MMK. A Toyota Dyna vehicle was also seized at the scene.
Further investigation led to the arrest of Nay Myo Kyaw at 7:00 PM the same day on Parami Road in Hlaing Township (Ward 16). Nay Myo Kyaw was identified as the individual who transferred the seized psychotropic drugs.
Continuing the operation, on July 15, Kyi Phyu (aka Kyaw Win Htay) and Zaw Min Naing, who were responsible for transporting the psychotropic drugs and had fled towards Dawei, were apprehended near Nyaung Khashay Village in Waw Township, along with a KLUGER vehicle. It was revealed that Kyi Phyu (aka Kyaw Win Htay) was also a wanted fugitive in another drug-related case.
Later that day, at 4:30 PM, Soe Lin Paing (aka Lin Lin), who was responsible for transporting the psychotropic drugs by sea to Malaysian waters, was arrested at Nawaday Bridge in Pyay Township. The following day, July 16, at 10:30 AM, Ye Tun (aka Pae Nin aka Phoe Tha Gi), the owner of the motorboat used to transport drugs from the mouth of the Yangon River to Malaysian waters, was apprehended in Pathein Gyi Township. Ye Tun was also found to be a wanted fugitive for a previous drug offense.
Similarly, on July 17, at 4:30 PM, Thein Than Htay (aka Zaw Zaw Aung aka Ngay Htay), the owner of the Aung Ratana motorboat responsible for transporting psychotropic drugs to the mouth of the Yangon River, along with Kyaw Swar Min (aka Min Min) and Myo Tun (aka Ko Tun), were individually arrested in Mingalardon Township.
All arrested individuals have been charged under the Narcotic Drugs and Psychotropic Substances Law. Authorities are continuing to investigate and identify additional accomplices.
The Myanmar Police Force stated that this drug trafficking ring had repeatedly engaged in the illicit trade of narcotics and psychotropic drugs using maritime routes for international transport. Efforts are underway to confiscate their assets and financial gains derived from these illegal activities under the Anti-Money Laundering Law, with the aim of seizing them as public property.
Mgne/knl/ymg
Naung Cho (NAWNGHKIO) – July 21, 2025
Vice Chairman of the State Administration Council (SAC), Deputy Prime Minister, Deputy Commander-in-Chief of Defence Services, and Commander-in-Chief of the Army, Vice Senior General Soe Win, today urged the local ethnic residents of Naung Cho to cooperate with the Tatmadaw (Myanmar's armed forces) as it works to fully restore security and the rule of law in the town and its surrounding villages.
The Vice Senior General made the remarks during a visit to Naung Cho in northern Shan State on July 21. His visit included meeting with and honoring officers and soldiers who participated in the recent operations, inspecting the public hospital and schools damaged by terrorist insurgents, and holding a coordination meeting with departmental officials and local residents to address their needs.
"It is the responsibility of our Tatmadaw to ensure the safety and socioeconomic recovery of the people in Naung Cho Township," he stated. He explained that the military launched "Operation Aung Zeya," a counter-terrorism operation, from the Taung Khan (Tawnghkam) military base. He praised the troops for their relentless perseverance and determination, quoting their daily pledge to sacrifice their lives for the nation, its citizens, and the Tatmadaw, which he said led to the successful recapture and celebration of victory in Naung Cho.
The Vice Senior General clarified that the military had to conduct a phased withdrawal from the Naung Cho area, extending to the Taung Khan region and the Pyin Oo Lwin- Naung Cho township border, due to assistance provided to the opposing forces, which included advanced technology, encouragement, and support from behind the scenes.
He conveyed a primary directive from the Prime Minister: following the Tatmadaw's recapture of Naung Cho, the immediate priority is to reopen the basic education schools that have been closed for nearly a year. "In today's era of knowledge, academic education is essential for acquiring vocational skills," he said, emphasizing the need for students to return to their studies in a peaceful and happy environment.
Earlier in the day, Vice Senior General Soe Win attended a ceremony at the township hall to honor the victorious officers and soldiers. He commended them for upholding the proud traditions of the Tatmadaw and for bravely fighting with a "never-surrender" spirit to reclaim the town, thereby enhancing the military's prestige.
During the ceremony, he and Lieutenant General Naing Naing Oo from the Office of the Commander-in-Chief (Army) presented promotions to soldiers who had distinguished themselves on the battlefield.
Following the ceremony, the delegation visited a temporary hospital established jointly by the Tatmadaw and the Ministry of Health at the Mya Nan Taw Win Mingalar Hall. They met with and offered words of encouragement to local residents receiving medical care, distributing financial aid to the people and bonuses to the healthcare staff.
The Vice Senior General and his entourage also paid a visit to the HorTaw Monastery in the Southern Ward of Naung Cho. They paid their respects to the presiding monk and other members of the Sangha, offering Waso robes, cash donations for Navakamma, and other offertories. He informed the monks of the plans to swiftly restore and enhance the development of Naung Cho to a level exceeding its previous state of peace and prosperity, and discussed religious affairs and the health of the Sangha.
The presiding monk expressed his great joy at the Tatmadaw's success in retaking the town and offered blessings for the continued success and safety of all Tatmadaw personnel.
The report concluded by noting that the Vice Senior General and his team also inspected the Naung Cho Public Hospital, the Fire Services Department office, the No. (1) Basic Education High School, and the Naung Cho Myoma Police Station.
#ymg/knl
၂၁ ဇူလိုင် ၂၀၂၅
နောင်ချိုမြို့ နှင့် ပတ်ဝန်းကျင်အနီးရှိ ကျေးရွာများ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် တပ်မတော်၊ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြ ရန် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နောင်ချိုမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ ကို ယနေ့ ဇူလိုင် ၂၁ ရက်က တိုက်တွန်းမှာကြားပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇူလိုင် ၂၁ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့သို့ သွားရောက်၍ နောင်ချိုမြို့ရှိ အောင်ပွဲရ အရာရှိ၊ စစ်သည်များအား သွားရောက်တွေ့ ဆုံဂုဏ်ပြုကာ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ပြည်သူ့ဆေးရုံနှင့် စာသင်ကျောင်းများ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူမျာအားတွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းခဲ့ရာတွင် ယင်းကဲ့သို့တိုက်တွန်းမှာကြားခဲ့ခြင်းဖြစ်ပါတယ်။
နောင်ချိုမြို့နယ်ရှိ ဒေသပြည်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်နိုင်ရေးအတွက် မိမိတို့ တပ်မတော်သားများတွင် တာဝန်ရှိသည့် အားလျော်စွာ လိုအပ်သည့် အုပ်ချုပ်မှုကိစ္စများအား တောင်ခမ်းတပ်နယ်၌ပြင်ဆင်စုဖွဲ့မှုများပြုလုပ်ပြီး အောင်ဇေယျ စစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို ရင်ကို မြေကတုတ်ဖြင့်ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန်အဓိဋ္ဌာန်ပြုပါ၏ဟု မနက်/ညနေတိုင်း သစ္စာလေးချက်ရွတ်ဆိုကြသူများပီပီ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆောင်ရွက်ခဲ့၍လည်း ယခုကဲ့သို့ နောင်ချိုမြို့ အားပြန်လည်ထိန်းချုပ်ကာ အောင်ပွဲ ဆင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒေသခံတွေကိုပြောကြားပါတယ်။
အကြမ်းဖက်ဖြစ်စဉ်များတွင် နောက်ကွယ်မှအဆင့်မြင့်နည်းပညာများဖြင့် ကူညီပေးမှုများ၊ အားပေးအားမြောက်မှုများနှင့်ထောက်ပံ့ပေးမှုများကြောင့် နောင်ချိုဒေသတစ်ဝိုက်မှ အဆင့်ဆင့် တောင်ခမ်းဒေသနှင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ် နယ်နိမိတ်အစပ်အထိ ခွာစစ်ဆင်ခဲ့ရတယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ရှင်းလင်းပြောကြားပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် တပ်မတော်က နောင်ချိုမြို့ အား ပြန်လည်ထိန်းချုပ်ပြီးလျှင်ပြီးခြင်း ပထမဆုံးမှာကြားချက်အနေဖြင့် ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အတန်းပညာတတ်မြောက်မှသာ အတက်ပညာကို သင်ယူတက် မြောက်နိုင်မည်ဖြစ်သည့်အတွက်တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကိုအမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပြီး အေးချမ်းပျော်ရွှင်စာ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့ သို့ရောက်ရှိပြီးနောက် ပထမဦးစွာ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် အောင်ပွဲရ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုခြင်းအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါတယ်။
တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ အကြမ်းဖက်သောင်းကျန်းသူများကိုလှေခွက်ကြီးကျန် အလံမလဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်များဖြင့် ရဲရဲတက်တက် ၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းခဲ့မှုကြောင့် နောင်ချိုမြို့ကိုပြန်လည်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို တပ်မတော်၏ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည့် တိုက်ပွဲဝင် အရာရှိစစ်သည်များအား တပ်မတော်ကိုယ်စား၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား မိမိအနေဖြင့် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းကို ပြောကြားလိုတယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးက ဂုဏ်ပြုစကားပြောကြားပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးတို့က စစ်မြေပြင်တွင် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့မှုကြောင့်စစ်မြေပြင် တစ်ဆင့်မြင့်ရာထူး တိုးမြှင့် ခြင်းခံရသည့်စစ်သည်များကို အဆင့်တံဆိပ်များတပ်ဆင်ပေးခဲ့ပါတယ်။
ထို့အပြင်နောင်ချိုမြို့ရှိ မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ပူးပေါင်းဖွင့်လှစ်ထားသည့် ယာယီဆေးရုံသို့ ရောက်ရှိကြပြီး ယာယီဆေးရုံအတွင်း လာရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများကို လိုက်လံကြည့်ရှုအားပေးစကား ပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဒေသခံပြည်သူများအား ထောက်ပံ့ငွေများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ ဟော်တော်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အင်္ဂုသ အမှူးပြုသော ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေနှင့်လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
နောင်ချိုမြို့ အား ယခင်အေးချမ်းစဉ်ကာလ ဖွံ့ဖြိုးတိုးတက်စည်ပင်မှုထက်ပိုမို၍ ဖွံ့ဖြိုးတိုးတက်သော စည်ပင်သောမြို့အဖြစ် တစ်ဖန်ပြန်လည်ရောက်ရှိအောင် အမြန်ဆုံး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် သာသနာဆိုင်ရာကိစ္စရပ်များအပါအဝင် ဆရာတော်သံဃာတော်များ၏ ကျန်းမာရေး အခြေအနေများကို ဒုတိယဗိုလ်ချုပ်မှူးကြီးက လျှောက်ထားခဲ့ပါတယ်။
ဆရာတော်က ယခုကဲ့သို့နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအတွက် များစွာဝမ်း မြောက်ကြောင်း ပြန်လည်မိန့်ကြားပြီးနောက် တပ်မတော်သားများအားလုံးအတွက် ဆက်လက်အောင်မြင်မှုများ ရရှိပါစေကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးခဲ့ တယ်လို့သိရပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် နောင်ချိုမြို့ရှိ ပြည်သူ့ဆေးရုံ၊ မီးသတ်ဦးစီးဌာနရုံး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နောင်ချိုမြို့မရဲစခန်းများသို့လည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ တယ်လို့ သတင်းရရှိပါတယ်။
#ymg/knl
YANGON, Myanmar – July 19, 2025 – Myanmar marked its 78th Martyrs' Day today with a ceremony at the Martyrs' Mausoleum in Yangon, where Senior General Min Aung Hlaing, Chairman of the State Administration Council (SAC) and Commander-in-Chief of Defence Services, led dignitaries in paying respects to the nation's fallen heroes.
The commemoration honored General Aung San and other leaders assassinated in 1947, a pivotal moment in Myanmar's history. Senior General Min Aung Hlaing participated in the wreath-laying ceremony, placing a wreath from the Republic of the Union of Myanmar at the mausoleum. He was joined by key officials including SAC Joint Secretary Lieutenant General Ye Win Oo, Council Member Lieutenant General Nyo Saw, Mann Nyein Maung, Chief of Staff (Army, Navy, Air) General Kyaw Swar Lin, and Union Minister for Religious Affairs and Culture U Tin Oo Lwin, who chaired the organizing committee for the event.
During the solemn ceremony, the national flag was lowered to half-mast across the country as a symbol of mourning. A guard of honor presented arms, and a military bugle band played the "Last Post," followed by a two-minute period of silent prayer and reflection.
Following the official tribute, family members and representatives of the martyr leaders, as well as delegates from various social organizations and the general public, laid their own wreaths and offered respects at the mausoleum.
At precisely 10:37 AM, the exact time of the assassinations, sirens were sounded nationwide by Myanmar Radio and Television (MRTV) and Myawaddy TV, serving as a solemn reminder of the tragic event.
Throughout the day, the Martyrs' Mausoleum, the Bogyoke Aung San Museum, and the historic Ministers' Office (Secretariat Office) were open to the public, allowing citizens to pay homage and reflect on the sacrifices made for the nation's independence.
#ymg/knl
Page 13 of 247