၂၀ ဧပြီ၊၂၀၂၆
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ လာမည့်ရက်ပိုင်းအတွင်းလာရောက်လည်ပတ်မှာဖြစ်တယ်လို့သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ မစ္စတာဝမ်ယိသည် ကမ္ဘောဒီးယား၊ ထိုင်းနှင့်မြန်မာနိုင်ငံတွေကို ဧပြီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သွားရောက် လည်ပတ်မှာ ဖြစ်တဲ့အကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။
မစ္စတာဝမ်ယိ သည် မြန်မာနိုင်ငံတွင် သမ္မတသစ် ဦးမင်းအောင်လှိုင်၏ အစိုးရသစ် နှင့် လွှတ်တော်များ ပေါ်ပေါက်အပြီး ပထမဆုံးလာရောက်သည့် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။
မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ ၂၀၂၂ခုနှစ်ဇူလိုင်လနှင့် ၂၀၂၄ခုနှစ် ဩဂုတ်လတို့တွင် လာရောက်ခဲ့ပြီး နောက်အစိုးရအသစ်တာဝန်ယူပြီး နှစ်ပတ်ခန့်အကြာတွင် မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်ထားတာ ဖြစ်ပါတယ်။
သူဟာ ကာကွယ်ရေးဝန်ကြီး တုန်းကျွင်း နဲ့အတူ တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ ကာကွယ် ရေးဝန်ကြီးတွေအကြား ၂+၂ မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ယန္တရားရဲ့ ပထမဆုံးအကြိမ် အစည်းအဝေ းကိုလည်းတက်ရောက်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသို့ လာရောက်ရာမှာ တရုတ်ကာကွယ်ရေးဝန်ကြီး လိုပါလာခြင်း ရှိမရှိကိုတော့ ဖော်ပြမထားပါဘူး။
-END-