#Local_News
Published 21 April 2026

■ အားကစားနှင့် ပညာရေးပေါင်းစပ်ကာ သင်တန်းများကို ရန်ကုန်အပါအဝင် မြို့ကြီး (၆) မြို့တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာသိပ္ပံမှသိရသည်။

■ အဆိုပါသင်တန်းများကို လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်တို့ တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

■ သင်တန်းများအတွက် ကျန်သည့်တိုင်းဒေသကြီးပြည်နယ်များရှိ အလားလာရှိသည့် ထူးချွန်သည့် အားကစားသမားများကိုလည်း ရွေးချယ်မည် ဖြစ်ကြောင်း၊တက်ရောက်လိုသူများအနေဖြင့် ၂၀၂၆ခုနှစ်၊ ဧပြီလ ပထမအပတ်ကစတင်၍ သက်ဆိုင်ရာပြည်နယ်တိုင်း မြို့နယ်များရှိ အားကစားနှင့် ကာယပညာဦးစီးဌာနများကို ဆက်သွယ်လျှောက်ထားနိုင်မည်ဖြစ်‌ကြောင်းသိရသည်။

■ သင်တန်းတွင်သင်ကြားမည့်အားကစားနည်းများမှာ ရေကူး၊ မြှားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘောလုံး၊ ဘတ်စကပ်ဘော၊ လှေလှော်၊ လက်ဝှေ့၊ စက်ဘီး၊ သေနစ်ပစ်၊ ဂျူဒို၊ ကာရာတေး၊ ပိုက်ကျော်ခြင်း၊ ရွက်လှော်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်တို့ ဖြစ်ကြောင်းသိရသည်။

#YMG/SW #Yangon_Times