နေပြည်တော်-မတ်၃၀၊၂၀၂၆
ဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏ တာဝန်များကို စုစည်းညီညွတ်စွာဖြင့်ကြိုးပမ်း ဆောင်ရွက်ကြရန် တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကိုယနေ့ မတ်၃၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာမှာ တာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိကာကွယ်ရေး ဦီး စီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ကမ္ဘာတည်သ၍ မြန်မာတည်ရမည်၊ မြန်မာတည်သ၍ မြန်မာ့တပ်မတော် တည်ရှိရမည်ဖြစ်ပြီး ကောင်း မြတ်သည့်တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကာ နိုင်ငံတော်ကအားထားရ သော၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်အဖြစ် ဆက်လက်ရပ်တည်သွားကြဖို့လည်း ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းသွားပါတယ်။
တပ်မတော်အကြီးအကဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာဖြင့် တာဝန်လွှဲ ပြောင်းပေးအပ်ခဲ့သည့် တာဝန်ကိုလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှအကောင်းဆုံးဖြစ်အောင် ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်းအပါအဝင် ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီးများ မျှော်မှန်းတည်ဆောက်ခဲ့သည့်အတိုင်း အင်အားတောင့်တင်းပြီးစွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ကြီး ဖြစ်အောင် ကြိုးပမ်းတည်ဆောက်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။ယင်းကဲ့သို့ တည်ဆောက်သည့်နေရာတွင်ယခင်တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ဆုံးမ ဩဝါဒများ၊ ဖြတ်သန်း ခဲ့ရသည့် ဘဝအတွေ့ အကြုံများနှင့် ပေါင်းစပ်ပြီးအကောင်းဆုံး ဆောင်ရွက်ခဲ့ခြင်းပြီး တပ်မတော်၏ စွမ်းရည်မြင့်မားရေး၊ နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရေးတို့ကို အတိုင်းအတာတစ်ရပ် အထိရောက်အောင် မြှင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခဲ့တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကလည်း ကျေးဇူးတင်စကားနှင့် ကတိစကားများပြန်လည်ပြောကြားခဲ့ပါတယ်။

ထို့နောက် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး ထံသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓါးနှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံး၏ အလံတို့ကို လွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဦးစီး ကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးခဲ့ပါတယ်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လက်ခံထမ်းဆောင်သည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး ကတာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဂုဏ်ပြုအဆောင် အယောင်ဓါးကို ဂါရဝပြု ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။
အဲဒီနောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လွှဲပြောင်းပေး အပ် ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏တာဝန်များအား လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး ဒေါ်နီလာ တို့သည် အခမ်းအနား တက်ရောက် လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အဆင့်မြင့် အရာ ရှိကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိပါတယ်။







မတ်၃၀၊၂၀၂၆
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအစုအဖွဲ့ အစည်းအဝေး ပထမနေ့ကို ယနေ့ မတ်၃၀ ရက်က ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် အစုအဖွဲ့၏ ဒုတိယသမ္မတလောင်းများ အဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှဒေါက်တာကျော်ဆွေတို့ကို အမည်စာရင်းတင်သွင်းကြသည်။
အလားတူသမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေး ပထမနေ့ကို ယနေ့ မတ်၃၀ ရက်က အမျိုးသားလွှတ်တော် အဆောက်အအုံ၌ ကျင်းပရာ အမျိုးသားလွှတ်တော် အစုအဖွဲ့၏ ဒုတိယသမ္မတလောင်းများအဖြစ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒေါက်တာ မနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်းကြသည်။
အဆိုပါဒုတိယသမ္မတလောင်းများသည် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်း များနှင့်ပြည့်စုံခြင်းရှိမရှိ စိစစ်ရေးအဖွဲ့များက စိစစ်ပြီးနောက်နောက် လွှတ်တော်အလိုက် ဒုတိယ သမ္မတ တစ်ဦးစီကိုရွေးချယ်တင်မြှောက်ကြရမည်ဖြစ်သည်။
တပ်မတော်သားအစုအဖွဲ့၏ ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းမှုကို မသိရှိရသေးပါ။
-end-
မတ်၂၉၊၂၀၂၆
ဒေါ်နယ်ထရမ့်က အောင်မြင်တဲ့သူတွေထက် “အရှုံးသမားတွေ” ကို ပိုသဘောကျတယ်လို့ ပြောကြားခဲ့ပြီး မိုင်ယာမီမှာကျင်းပတဲ့ FII ထိပ်သီးဆွေးနွေးပွဲမှာပြောကြားပါတယ်။
ထရမ့်က သူရဲ့ "အောင်မြင်မှုတွေကို နားထောင်ပေးတဲ့သူတွေကို သဘောကျတဲ့" အတွက် သူ့ဘေးမှာ "အရှုံးသမားတွေ" နဲ့ပဲ ဝန်းရံထားလေ့ရှိတယ်လို့ သောကြာနေ့ညနေပိုင်းက ပြောကြားခဲ့ပါတယ်။ အောင် မြင်တဲ့သူတွေရဲ့ "အောင်မြင်မှု ဇာတ်လမ်းတွေ" ကို သူက နားမထောင်ချင်တဲ့အတွက် အောင်မြင်တဲ့ သူတွေကို မနှစ်သက်ဘူးလို့လည်း ဆိုပါတယ်။
ဒီမှတ်ချက်စကားဟာ အငြင်းပွားဖွယ်ဖြစ်နိုင်မှန်း သူသိကြောင်း အသိအမှတ်ပြုခဲ့ပြီး "ကျွန်တော် နောက် နေတာပါ... အဲ၊ အဲသလို ခပ်ဆင်ဆင်ပေါ့လေ" လို့ ပရိသတ်ကို ပြောကြားခဲ့ပါတယ်။ ထရမ့်ဟာ မိုင်ယာမီ မြို့က ဆော်ဒီက ကျောထောက်နောက်ခံလုပ်ပေးထားတဲ့ Future Investment Initiative (FII) ထိပ်သီး ဆွေးနွေးပွဲမှာ ရောက်ရှိပြောကြားခဲ့တာပါ။
"တကယ်တော့ ကျွန်တော်က အရှုံးသမားတွေနဲ့ပဲ အမြဲတမ်း အချိန်ဖြုန်းချင်တယ်၊ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့်ကိုယ်ကျွန်တော် ပိုနေလို့ကောင်းအောင် လုပ်ပေးလို့ပဲ။ အရမ်းကို အောင်မြင်လွန်းတဲ့ လူတွေကို ကျွန်တော်မုန်းတယ်၊ ပြီးတော့ သူတို့ရဲ့ အောင်မြင်မှု ဇာတ်လမ်းတွေကို ခင်ဗျားတို့က နားထောင်ပေးရဦးမယ်။ ကျွန်တော့်ရဲ့ အောင်မြင်မှုကို နားထောင်ချင်တဲ့သူတွေကိုပဲ ကျွန်တော်က သဘောကျတာ" လို့ ထရမ့်က ပြောပါတယ်။ သူက ဒီမှတ်ချက်စကားကို သူရဲ့ ရှည်လျားတဲ့ မိန့်ခွန်းအပြီး အမေးအဖြေကဏ္ဍမှာ ပြောကြားခဲ့တာပါ။ "လိင်ပိုင်းဆိုင်ရာ" ဒါမှမဟုတ် "ခင်ဗျားတို့ ဆွေးနွေးချင်တဲ့ ဘာအကြောင်းအရာကိုမဆို" သူ့အနေနှင့် ဆွေးနွေးနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ထရမ့်ရဲ့ မှတ်ချက်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ပိုမိုကျယ် ပြန့်စွာ တုံ့ပြန်မှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဲဒီမှာ သူက "အနိုင်ရရှိခြင်း" ဟာ အရေးကြီး ုံးအချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
-end-
နေပြည်တော်- မတ်၂၉၊၂၀၂၆
စက်သုံးဆီဝယ်ယူရာတွင် အများပြည်သူများကို ထိခိုက်နစ်နာစေသည့် မသမာမှုများပြုလုပ်ခဲ့သူများကို ဆက်လက်အရေးယူလျက်ရှိရာ စက်သုံးဆီ အရောင်းဆိုင် (၃)ဆိုင်ကို ထပ်မံ၍ လိုင်စင်များယာယီပိတ်သိမ်း ခဲ့ပြီးအရောင်းဆိုင်မန်နေဂျာများနှင့် ဝန်ထမ်းများအား ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ဆိုင်များမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၂၅၉၇)၊ မန္တလေးတိုင်းဒေသ ကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈ-ရပ်ကွက်၊ ၆၂ လမ်းပေါ်ရှိ “ရွှေခြင်္သေ့” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၇၃၀)နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန် မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း)ပေါ်ရှိ “အောင်သိဒ္ဓိ” စက်သုံးဆီ အရောင်းဆိုင်၊ လိုင်စင် အမှတ်(၀၄၈၀)တို့ဖြစ်ကြောင်းသိရပါတယ်။
ယင်းအပြင် တရားမဝင်စက်သုံးဆီ သိုလှောင်ထားရှိကြောင်း တိုင်ကြားလာတဲ့အတွက် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀/ B ရပ်ကွက်၊ မြနန္ဒာ လမ်းသွယ်(ကျူးကျော်)နေ ဦးမြင့်မောင်အား တရားမဝင်စက်သုံးဆီများ သိုလှောင် ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
စက်သုံးဆီဈေးနှုန်းတိုးမြင့်လာမှုကို အခွင့်ကောင်းယူ၍ အချို့အရောင်းဆိုင်များသည် ရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်ထားခြင်း၊ အချို့ဆိုင်များသည် Scan မဖတ်ဘဲ ရောင်းချပေးနေခြင်း၊ Taxi ယာဉ်များသည် ခွဲတမ်း ပိုမိုရရှိမှုကို အခွင့်ကောင်းယူ၍ မသမာမှုများ ပြုလုပ်လာခြင်းတို့ ကြောင့် ဖွင့်လှစ်ရောင်းချနေသည့်အရောင်း ဆိုင်များတွင် ယာဉ်များတန်းစီမှု ပိုမိုလာသည်ကို စစ်ဆေးတွေ့ရှိထားတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
မတ်လ ၂၉ရက် ယနေ့မှစတင်၍ ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန် လမ်းမ ကြီးတစ်လျှောက်တွင် Bar Code/QR Code စနစ်များကို စတင်အသုံးပြုနေပြီဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စက်သုံးဆီဝယ်ယူခြင်းနှင့် ပတ်သက်၍ အခက်အခဲများနှင့် မသမာမှုများတွေ့ရှိနေရသည့်အပေါ်တွင် Call Center သို့ တိကျစွာ အသိပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန်လည်း ဝန်ကြီးဌာနက မေတ္တာရပ်ခံထားကြောင်းသိရသည်။
#ymg/knl
-ညီလတ်
မတ်၂၉၊၂၀၂၆
အရှေ့အလယ်ပိုင်းဒေသတွင်း အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား ပဋိပက္ခတွေ ကြီးထွားလာတာနဲ့အမျှ ကမ္ဘာ့စွမ်းအင်ဈေးကွက်ရဲ့ အာရုံစိုက်မှုဟာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကနေတဆင့် တောင်ဘက်မှာရှိတဲ့ မျက်ရည်တံခါးလို့ အမည်ပေးထားတဲ့ Bab el-Mandeb ရေလက်ကြားဆီကို ရွေ့ လျားလာနေပြီ ဖြစ်ပါတယ်။ ခေတ်သစ် သမိုင်းတစ်လျှောက် ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို အဆိုးရွားဆုံး ထိခိုက်စေမယ့် ဒုတိယမြောက် စစ်မျက်နှာစာတစ်ခုအဖြစ် အဆိုပါရေလက်ကြားက ထွက်ပေါ်လာနေပါတယ်။
မဟာဗျူဟာမြောက် အရေးပါမှုနဲ့ ပထဝီဝင်အနေအထား
အာရပ်ဘာသာစကားနဲ့”မျက်ရည်တံခါး" လို့ အဓိပ္ပာယ်ရတဲ့ Bab el-Mandeb ဟာ ပင်လယ်နီနဲ့ အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်ပေးထားပြီး အာရေဗျကျွန်းဆွယ်မှာရှိတဲ့ ယီမင်နိုင်ငံနဲ့ အာဖရိကဦးချိုဒေသ မှာရှိတဲ့ ဂျီဘူတီ၊ အီရီထရီးယားနိုင်ငံတို့ကို ပိုင်းခြားထားပါတယ် ။
အာရှနဲ့ ဥရောပကြား သွားလာနေတဲ့ သင်္ဘောတွေဟာ စူးအက်တူးမြောင်း (Suez Canal) ကိုသွားဖို့ အဲဒီ ရေလက်ကြားကို မဖြစ်မနေ ဖြတ်သန်းရတဲ့အတွက် မျက်ရည်တံခါးဟာ ကမ္ဘာပေါ်မှာ အလုပ်အများဆုံးနဲ့ မဟာဗျူဟာအရ အရေးအပါဆုံး ရေကြောင်းလမ်းတစ်ခု ဖြစ်လာပါတယ် ။
ကမ္ဘာ့ကုန်သွယ်မှု စုစုပေါင်းရဲ့ ၁၂ ရာခိုင်နှုန်းခန့်နဲ့ ကမ္ဘာ့ရေနံ၊ သဘာဝဓာတ်ငွေ့ တင်ပို့မှုရဲ့ ၁၀ရာခိုင်နှုန်း ကနေ ၁၂ ရာခိုင်နှုန်းခန့်ဟာ ဒီရေလက်ကြားကို ဖြတ်သန်းသွားလာနေတာ ဖြစ်ပါတယ် ။

ပထဝီနိုင်ငံရေး တင်းမာမှုနဲ့ လက်တွေ့ခြိမ်းခြောက်မှုများ
မျက်ရည်တံခါးရေလက်ကြားဟာ ကမ္ဘာပေါ်မှာ စစ်ရေးအရ အင်အားချထားမှု အများဆုံး ဒေသတွေ အနက် တစ်ခုဖြစ်နေပြီး လက်ရှိမှာ အီရန်ကျောထောက်နောက်ခံပြု ယီမင်ဟူသီ (Houthi) အဖွဲ့က စစ်ပွဲ အတွင်း ပါဝင်လာတဲ့အတွက် ကြီးမားတဲ့ အနှောင့်အယှက်တွေ ဖြစ်ပေါ်ဖို့ အန္တရာယ်ရှိလာနေတာဖြစ်ပါ တယ်။
အဲဒီအပြင်အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ထပ်မံတိုက် ခိုက် မယ်ဆိုရင် Bab el-Mandeb နဲ့ ပင်လယ်နီတို့မှာ မလုံခြုံမှုတွေ ပိုမိုလုပ်ဆောင်သွားမယ်လို့ အီရန်စစ်ဘက် အရာရှိတစ်ဦးကလည်း သတိပေးထားပါတယ်။
အန္တရာယ်ပြုဖို့အတွက် ရေလက်ကြားကို တရားဝင် ပိတ်ဆို့ဖို့တောင် မလိုအပ်ဘဲ၊ ဒရုန်းနဲ့ ဒုံးကျည်တွေနဲ့ ဆက်တိုက်ခြိမ်းခြောက်နေရုံနှင့်ပဲ သင်္ဘောတွေဟာ Cape of Good Hope ကနေ ကွေ့ပတ်သွားလာရမယ့် အခြေအနေဖြစ်လာမှာပါ။
ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေ
ဟူသီတွေရဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ခုနှစ်မှာ စူးအက်တူးမြောင်းကို ဖြတ်သန်းတဲ့ သင်္ဘောစီးရေ ၂၆,၀၀၀ ခန့်ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ ၁၂,၇၀၀ အထိ ထက်ဝက်ခန့် ကျဆင်း သွားခဲ့ပါတယ်။နေ့စဉ် ပျမ်းမျှအားဖြင့် သင်္ဘောတွေဖြတ်သန်းမှုဟာလည်း ၇၅ စီးကနေ ၃၃ စီးခန့်အထိ ကျ ဆင်းသွားခဲ့ပါတယ် ။
တကယ်လို့ အဲဒီမျက်ရည်တံခါးရေလက်ကြားကို ပိတ်ဆို့တာ ဒါမှမဟုတ် ကြီးကြီးမားမား နှောင့်ယှက်တာ တွေပြုလုပ်ခံရမယ်ဆိုရင် ရေနံဈေးနှုန်းတွေဟာ တစ်စည်ကို ၁၅၀ ဒေါ်လာအထိ မြင့်တက်သွားနိုင်တယ် လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါပြီ။
သင်္ဘောတွေ လမ်းကြောင်းပြောင်းလဲသွားလာရတဲ့အတွက် ခရီးစဉ်ကြာချိန် ပိုရှည်လာတာ၊ လောင်စာဆီ စရိတ်၊ ကုန်စည်ပို့ဆောင်ခနဲ့အာမခံကြေးတွေမြင့်တက်လာတာတွေကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ကို ထိခိုက်စေပြီး ကုန်ကျစရိတ်ကြီးမားမှုကတစ်ဆင့် ငွေကြေးဖောင်းပွမှုတွေပါ ဖြစ်လာနိုင်ပါ တယ်။
အနာဂတ်အခြေအနေ
ခြုံငုံသုံးသပ်ရလျှင် "မျက်ရည်တံခါးဝ" ဘပ်အယ်လ်မန်ဒက်သည် ကျဉ်းမြောင်းသော ရေလက်ကြားတစ်ခု ထက်မကဘဲ ကမ္ဘာ့စီးပွားရေးကို ထိန်းချုပ်ထားသည့် အရေးပါသော ဖိအားပေးချက် (Global economic pressure point) တစ်ခု ဖြစ်လာနေတာကိုတွေ့ရပါတယ်။
တကယ်လို့ ယခုလိုမတည်ငြိမ်မှုများ ဆက်လက်တည်ရှိနေပါက ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွေက ယခင်ကကဲ့သို့ စူးအက်တူးမြောင်းအပေါ် တစ်ခုတည်း မှီခိုနေ၍ မရတော့ဘဲ စရိတ်ကြီးမားသော အခြား လမ်းကြောင်းသစ်များကို ရေရှည်အတွက် ထည့်သွင်းစဉ်းစားလာရပါလိမ့်မယ်။ ဒါဟာ မကြုံစဖူး ထူးခြား တဲ့ ရေကြောင်းထောက်ပံ့ပို့ဆောင်ရေး အပြောင်းအလဲကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံအနေနှင့်လည်း မျက်ရည်တံခါးရေလက်ကြားပိတ်သွားခဲ့ရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ကို ကြိုတင်တွက်ဆပြီး ပြင်ဆင်ထားသင့်ပါတယ်။
ဥရောပနဲ့ အာရှကြား ကုန်သွယ်မှုတွေအတွက် ဒီရေလက်ကြားဟာ အဓိကကျနေတဲ့အတွက် မြန်မာနိုင်ငံ ကနေ ဥရောပကို အဓိကတင်ပို့နေတဲ့ အထည်ချုပ် (CMP) လို ပို့ကုန်တွေအတွက်စဉ်းစားရပါလိမ့်မယ်။
ပုံမှန်ရေကြောင်းလမ်း မလုံခြုံမှုကြောင့် ကုန်စည်ပို့ဆောင်ခ (Freight costs) နဲ့ အာမခံကြေးတွေ ပိုမိုမြင့် တက်လာမှာဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး ကွင်း ဆက် (Supply Chain) တစ်ခုလုံးကို ထိခိုက်လာစေ နိုင်တဲ့အတွက် အဲဒီရဲ့အကျိုးဆက်နှင့်ရိုက်ခတ်နိုင်မှုတွေကိုလည်း ကြိုတင်တွက်ဆထားဖို့လိုပါတယ်။
မျက်ရည်တံခါးဝကြောင့် ကမ္ဘာကြီးတစ်ခုလုံး မျက်ရည်တွေဝေရမယ့် အဖြစ်က ရှောင်ရှားနိုင်ဖို့အတွက်က လက်ရှိ အီရန်စစ်ပွဲကြီး အဆုံးသတ်ပြီး အရှေ့အလယ်ပိုင်းဒေသကြီး ပြန်လည်တည်ငြိမ်လာစေဖို့ အထူး လိုအပ်နေပါကြောင်း သုံးသပ်တင်ပြရပါတယ်။
ဝန်ခံချက်- NDTV တွင်ပါရှိသော Gate Of Tears: The Next Chokepoint That Could Make Shippers Cry After Hormuz ဆောင်းပါးပါ အချက်အလက်များကို အခြေခံ၍ သုံးသပ်ရေးသားပါတယ်။

နေပြည်တော်-မတ်၂၈၊၂၀၂၆- စက်သုံးစီဝယ်ယူမှုများနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန Call Center သို့တိုင်ကြားချက်အရ စည်းကမ်း ချိုးဖောက်ခဲ့သော စဉ့်ကိုင်မြို့နယ်၊ပုလိပ်ကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း)ပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၅၁၂)အား စီမံခန့်ခွဲရေး နည်းလမ်းအရ လိုင်စင် ယာယီပိတ်သိမ်းထားကြောင်း ဝန်ကြီးဌာနက ယနေ့မတ်၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါအရောင်းဆိုင်နှင့်သက်ဆိုင်သည့် တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။
ထို့အပြင်ဝန်ကြီးဌာန၏ Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ စက်သုံး ဆီရောင်းချသည့် မော်တော်ယာဉ်စီးရေအားလုံးကို Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိရသည့် အရောင်းဆိုင် (၃၀)ခန့်ကို နောက်ဆုံး အကြိမ် သတိပေးထား ပြီး ထပ်မံစစ်ဆေးတွေ့ရှိရပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရေးအတွက် Call Center ကိုဖွင့် လှစ်ထားရှိပြီး နေ့စဉ် နံနက် (၆)နာရီမှ ည(၁၀) နာရီ အထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြား ဆောင်ရွက်ပေးနေကြောင်းသိရသည်။
ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ သတင်းထုတ် ပြန်ချက်များအပေါ် သိရှိမေးမြန်းလိုသည်များရှိပါက စွမ်းအင်ဝန်ကြီးဌာန Call Center ဖုန်းအမှတ်၊ ၀၉ ၄၄၀၄၃၃၃၂၄ နှင့် ၀၉ ၈၉၉၁၂၉၂၉၆ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ထို့အပြင် အရောင်းဆိုင်များမှ စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင် ရောင်းချခြင်း၊ စက်သုံးဆီကို သတ်မှတ်ပမာဏများအတိုင်းရောင်းချမပေးခြင်း၊ စက်သုံးဆီရှိလျက်နှင့် ရောင်းချမပေးခြင်း၊ Bar Code/ QR Code များ Scan မဖတ်ဘဲရောင်းချနေခြင်း၊ ပုံးပေပါများဖြင့် တရား မဝင်ထုတ်ယူ ရောင်းချနေခြင်းများတွေ့ရှိရပါက အထက်ဖော်ပြပါ Call Center ဖုန်း အမှတ်များသို့ ဆက် သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားလိုသည့် သတင်းအချက်အလက်နှင့် အထောက်အထား စာရွက်စာတမ်းများ Video file များကိုလည်း Viber ဖုန်းအမှတ်၊ ၀၉ ၄၀၁၇၄၈၅၉၈ သို့ ပေးပို့တိုင်ကြား နိုင်ကြောင်းသိရသည်။
အချက်အလက်ပြည့်စုံစွာဖြင့် တိုင်ကြားလာမှုများအပေါ်တွင် ဝန်ကြီးဌာနက ထိရောက်စွာအရေးယူမှုများ ပြုလုပ်နေကြောင်းသတင်းရရှိသည်။
#ymg/knl
ကိုင်ရို/ပါရီ၊ မတ်လ ၂၈ (ရိုက်တာ) - အီရန်စစ်ပွဲစတင်ပြီးနောက်ပိုင်း သူတို့ရဲ့ ပထမဆုံးအကြိမ် တိုက်ခိုက် မှုအဖြစ် ယီမင်မှာရှိတဲ့ အီရန်လိုလားတဲ့ ဟူသီသူပုန်တွေက စနေနေ့မှာ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့ပြီး တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အမေရိကန်ပြည်ထောင်စု အနေနဲ့ စစ်ဆင်ရေးတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်း အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟူသီတွေရဲ့ပါဝင်ပတ်သက်မှုဟာ ပဉ္စမမြောက် သီတင်းပတ်ကို ရောက်ရှိလာပြီဖြစ်တဲ့ စစ်ပွဲကို ပိုမို ကျယ် ပြန့်လာစေဖို့နဲ့ ကြာရှည်လာစေဖို့ အန္တရာယ်ရှိနေပါတယ်။ မျက်နှာစာအားလုံးက "ကျူးကျော်မှု" တွေ မပြီး ဆုံးမချင်း သူတို့ရဲ့စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဟူသီတွေက ပြောကြားခဲ့ပါတယ်။ ယီမင်ကပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ စတင်ခဲ့တဲ့ ဒီစစ်ပွဲဟာ အရှေ့အလယ်ပိုင်းတစ်ခွင်ကို ပျံ့နှံ့သွားခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးကာ စွမ်းအင်ထောက်ပံ့မှု တွေကို အကြီးမားဆုံး အနှောင့်အယှက်ဖြစ်စေခဲ့သလို ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေပြီး ငွေကြေး ဖောင်း ပွလာမယ့်အရေး စိုးရိမ်မှုတွေကိုလည်း မြင့်တက်လာစေခဲ့ပါတယ်။
ဟူသီတွေဟာ ယီမင်နဲ့ အဝေးမှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိ
အီရန်နဲ့ "ခုခံရေးဝင်ရိုးတန်း (Axis of Resistance)" ကို ဆန့်ကျင်တဲ့ အရှိန်မြှင့်တင်မှုလို့ သူတို့အမည် ပေးထားတဲ့ လုပ်ရပ်တွေ စစ်ပွဲအတွင်း ဆက်လက်ရှိနေမယ်ဆိုရင် အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်ထား တယ်လို့ ဟူသီတွေက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒီအဖွဲ့ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နောက်ပိုင်း ဂါဇာက ဟားမတ်စ်တွေကို ထောက်ခံတဲ့ အနေနဲ့ လုပ်ဆောင်ခဲ့သလိုမျိုး ယီမင်နိုင်ငံနဲ့ အလွန်ဝေးကွာတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိပြီး အာရေဗျကျွန်းဆွယ်နဲ့ ပင်လယ်နီတဝိုက်က ရေကြောင်းသင်္ဘောလိုင်းတွေကို နှောင့်ယှက်နိုင်စွမ်းရှိတယ် ဆိုတာကို ပြသခဲ့ပါတယ်။
တကယ်လို့ ဟူသီတွေက ပဋိပက္ခမှာ စစ်မျက်နှာသစ်တစ်ခု ဖွင့်မယ်ဆိုရင်၊ ထင်ရှားတဲ့ ပစ်မှတ်တစ်ခုက ယီမင်ကမ်းလွန်က ဘက်အယ်-မန်ဒက် (Bab al-Mandab) ရေလက်ကြားပဲ ဖြစ်ပါလိမ့်မယ်။ အီရန်က အရေးပါတဲ့ ဟော်မုဇ် (Hormuz) ရေလက်ကြားကို ထိရောက်စွာ ပိတ်ဆို့လိုက်ပြီးနောက် ဒါဟာ စူးအက် တူးမြောင်းဆီကို ပင်လယ်ရေကြောင်းသွားလာမှုကို ထိန်းချုပ်ထားတဲ့ အဓိက သင်္ဘောသွားလာရေး အချက်အချာနေရာ ဖြစ်ပါတယ်။
ဟူသီတွေရဲ့ တိုက်ခိုက်မှုမတိုင်မီ သောကြာနေ့က ပြောကြားရာမှာ ရူဘီယိုက အမေရိကန်အစိုးရဟာ "သတ်မှတ်ချိန်အတိုင်း ဒါမှမဟုတ် သတ်မှတ်ချိန်ထက်စောပြီး" လုပ်ဆောင်နေပြီး စစ်ဆင်ရေးတွေကို "လနဲ့မချီစေဘဲ ရက်သတ္တပတ်အနည်းငယ်အတွင်း" အပြီးသတ်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါ တယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံ ဖြတ်သန်းသွားလာရာ လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကတဆင့် ကုန်သွယ်မှုပြုခြင်းအားဖြင့် အကျိုးအမြတ်ရရှိနေတဲ့ ဥရောပနဲ့ အာရှ နိုင်ငံတွေအနေနဲ့ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ရရှိရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ကူညီ သင့်တယ်လို့ ပြင်သစ်နိုင်ငံက Group of Seven (ဂျီ-၇) မိတ်ဖက်တွေကိုလည်း ရူဘီယိုက ပြောကြားခဲ့ပါတယ်။
စစ်ပွဲဟာ အမေရိကန်နှင့် ဘေးဖယ်နေခဲ့ကြတဲ့ သူ့ရဲ့ အစဉ်အလာမဟာမိတ်တွေအကြား သပ်လျှိုခွဲခြား သလို ဖြစ်စေခဲ့ပါတယ်။ ဒီလို ထောက်ခံမှုအားနည်းတာဟာ အနောက်အုပ်စုရဲ့ အရေးအကြီးဆုံး မဟာ မိတ်အဖွဲ့ဖြစ်တဲ့ နေတိုး (NATO) အတွက် သက်ရောက်မှုတွေရှိတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့က သူတို့အတွက် အမြဲတမ်းရှိနေပေးမှာပါ။ ဒါပေမဲ့ အခု သူတို့ရဲ့ လုပ်ရပ်တွေအရဆိုရင် ကျွန်တော်တို့ ရှိနေပေးစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ ဟုတ်တယ်မလား" လို့ ထရမ့်က သောကြာ နေ့မှာ မိုင်ယာမီက ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ "သူတို့က ကျွန်တော်တို့ အတွက် မရှိပေးရင် ကျွန်တော်တို့ကရော သူတို့အတွက် ဘာလို့ ရှိနေပေးရမှာလဲ၊ သူတို့က ကျွန်တော်တို့ အတွက် ရှိမနေပေးခဲ့ပါဘူး”လို့ထရမ့်ကပြောပါတယ်။
အမေရိကန်က ကာလကြာရှည်စွာ ဦးဆောင်လာခဲ့တဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ရဲ့ အခြေခံပဋိညာဉ်စာတမ်းမှာ အဖွဲ့ဝင်တစ်ဦးကို တိုက်ခိုက်ခြင်းဟာ အားလုံးကို တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပြီး အချင်းချင်း ပံ့ပိုးကူညီဖို့ လိုအပ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အမေရိကန်အနေနဲ့ မြေပြင်တပ်ဖွဲ့တွေ မပါဝင်ဘဲ သူ့ရဲ့ရည်မှန်းချက်တွေကို ရရှိနိုင်တယ်လို့ ရူဘီယိုက ပြောကြားခဲ့ပေမဲ့၊ တကယ်လို့များ အရေးပေါ်အခြေအနေတွေ ပေါ်ပေါက်လာခဲ့ရင်၊ သမ္မတအနေနဲ့ ချိန်ညှိ တုံ့ပြန်နိုင်ဖို့အတွက် အမြင့်ဆုံး အခွင့်အရေးနဲ့ ရွေးချယ်စရာလမ်းကြောင်းတွေ အများဆုံးရှိနေစေဖို့ ဒေ သတွင်းကို တပ်ဖွဲ့အချို့ စေလွှတ်နေတယ်လို့ သူက ဝန်ခံခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ မရိန်းတပ်သား ထောင်ပေါင်းများစွာပါဝင်တဲ့ တပ်ဖွဲ့နှစ်ဖွဲ့ကို ဒေသတွင်းကို စေ လွှတ်ခဲ့ပြီး ပထမတစ်ဖွဲ့က လာမယ့်ရက်ပိုင်းအတွင်း ကြီးမားတဲ့ ကမ်းတက် တိုက်ခိုက်ရေးသင်္ဘောကြီးနဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ကလည်း ထိပ်တန်းလေထီးစစ်သည် ထောင်ပေါင်းများ စွာကို တပ်ဖြန့်ချထားမယ်လို့ မျှော်လင့်ရပါတယ်။
ဒီလို တပ်ချထားမှုတွေကြောင့် စစ်ပွဲဟာ ကြာရှည်တဲ့ မြေပြင်တိုက်ပွဲအဖြစ်ကို ပြောင်းလဲသွားနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။
ထရမ့်က စေ့စပ်ညှိနှိုင်းမှုတွေအကြောင်း ပြောဆိုနေစဉ်မှာပဲ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာ
ပဋိပက္ခ ပိုမိုကြာရှည်လာမယ်လို့ စိုးရိမ်မှုတွေကြောင့် သောကြာနေ့မှာ စတော့ဈေးကွက်တွေ သိသိသာ သာ ထိုးကျသွားခဲ့ပြီး Brent ရေနံစိမ်းဈေးနှုန်းက ၁၁၂ ဒေါ်လာအထက်ကို ရောက်ရှိသွားကာ စစ်ပွဲ စတင် ချိန်ကစပြီး ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါတယ်။
လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် နိုင်ငံရေးအရ ထရမ့်အထိနာနိုင်တဲ့ အမေရိကန် ပြည် ထောင်စုရဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ဒီဇယ်ဆီဈေးနှုန်းဟာ တစ်ဂါလံကို ၇.၁၇ ဒေါ်လာအထိ စံချိန် တင် ပျမ်းမျှအမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ American Automobile Association (အမေရိကန် မော် တော်ကားအသင်း) က ပြောကြားခဲ့ပါတယ်။
ထရမ့်ဟာ လူကြိုက်မများတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ စိတ်အားထက်သန်နေပုံရပြီး ပဋိပက္ခကို သံတမန် ရေး အရ အဆုံးသတ်နိုင်ဖို့ ရည်ရွယ်ကာ အီရန်နဲ့ အကျိုးရှိတဲ့ စေ့စပ်ညှိနှိုင်းမှုတွေလို့ သူကဆိုတဲ့ အရာတွေ ကို ဒီသီတင်းပတ်အတွင်း အလေးပေးပြောကြားခဲ့ပါတယ်။
ဝါရှင်တန်နဲ့ အဲဒီလို စေ့စပ်ညှိနှိုင်းမှုတွေ မရှိခဲ့ဘူးလို့ တီဟီရန်က ထပ်တလဲလဲ အခိုင်အမာ ပြောဆိုနေ ပေမဲ့၊ ပါကစ္စတန်၊ အီဂျစ်နဲ့ တူရကီတို့က စစ်ပွဲဖြစ်ပွားနေတဲ့ နှစ်ဖက်အကြား သတင်းစကားတွေ လက်ဆင့် ကမ်း ပေးပို့နေပါတယ်။
နောက်ကွယ်က ကြိုးပမ်းအားထုတ်မှုတွေကို သိရှိသူ နှစ်ဦးကတော့ မကြာခင်အချိန်အတွင်း တိုက်ရိုက် ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာနိုင်ခြေအပေါ် သံသယရှိတယ်လို့ ပြောကြပါတယ်။
ကြာသပတေးနေ့မှာ ထရမ့်က အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့၊ မဖွင့်ရင် လျှပ်စစ် ဓါတ်အားပေးစက်ရုံတွေနဲ့ အခြားစွမ်းအင် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရ ဖို့အတွက် နောက်ဆုံးသတ်မှတ်ရက်ကို ၁၀ ရက် ထပ်မံတိုးပေးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို ဆိုင်းငံ့ ထားစဉ်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ဆက်လက် ဗုံးကြဲတိုက်ခိုက်နေခဲ့ပါတယ်။
အီရန်ဟာ ညတွင်းချင်း အစ္စရေးကို ဒုံးကျည်တွေ အလုံးအရင်းနဲ့ ပစ်လွှတ်ခဲ့လို့ လူတစ်ဦး သေဆုံးခဲ့ပြီး၊ ကလက်စတာ ခဲယမ်းတွေနဲ့ ကြားဖြတ်ဟန့်တားခံရတဲ့ ဒုံးကျည်အပျက်အစီးတွေကြောင့် တဲလ်အဗစ် (Tel Aviv) ဒေသအတွင်း ထိခိုက်မှုတွေ အများကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံက လေတပ်စခန်းတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာမှာ အမေရိကန် စစ်မှုထမ်း ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးကတော့ ပြင်းထန်တယ်လို့ အမေရိကန် အရာရှိတစ်ဦးက သောကြာနေ့မှာ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီအချိန် ပင်လယ်ကွေ့တစ်ဝိုက်မှာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဆက်လက်တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းနိုင်ငံတို့က စနေနေ့အစောပိုင်းမှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုတွေကို သတင်းထုတ်ပြန်ခဲ့ပြီး၊ ပင်လယ်ကွေ့ရဲ့ အဓိက ရေနက်ကွန်တိန်နာ ဆိပ်ကမ်း တွေထဲက တစ်ခုဖြစ်တဲ့ အဘူဒါဘီက ခါလီဖာဆိပ်ကမ်း (Khalifa Port) အနီးမှာ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချပြီးနောက် လူငါးဦး ဒဏ်ရာရကာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံ အနောက်မြောက်ပိုင်း ဇန်ဂျန် (Zanjan) မြို့က လူနေအိမ်ယာတစ်ခုကို အမေရိကန်-အစ္စရေး ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် လူအနည်းဆုံး ငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အီရန် မီဒီယာတွေက စနေနေ့အစောပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။ တီဟီရန်မြို့က အီရန်သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ် (Iran University of Science and Technology) လည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ မီဒီယာ တွေက ဖော်ပြပါတယ်။
(သတင်းရင်းမြစ် - ရိုက်တာ)
Page 12 of 273