NAYPYITAW (Aug. 16) — More than 600 ethnic Bengalis were massacred in Rakhine State’s Buthidaung Township by Arakan Army (AA) insurgents, a senior government spokesperson said on Friday.
Brigadier General Zaw Min Htun, spokesperson for Myanmar’s National Defence and Security Council (NDSC), said the massacre took place in Htan Shauk Khan village on the eastern bank of the Mayu River. He said women and children were among the victims.
The incident occurred after AA forces seized the Regional Military Command Headquarters in early May 2024, leaving no Tatmadaw or police security presence in the area. “These events show the AA deliberately carried out mass killings and arson against Bengalis,” Zaw Min Htun said.
The AA began a sweeping offensive across Rakhine in November 2023, attacking security posts and towns. As fighting spread, Bengali communities held peaceful rallies calling for peace and rejecting the insurgents. Authorities said the AA targeted them in retaliation.
After Tatmadaw troops withdrew from Buthidaung on May 14, 2024, AA fighters entered the town, threatening residents and burning homes in seven wards. On May 17, drones bombed a school sheltering displaced Bengalis, wounding nearly 200 people, Zaw Min Htun said.
He added that on 5 August 2024, AA units also dropped bombs on displaced Bengalis waiting by boats on the Nat River near Maungdaw, massacring more than 200.
The government says it is providing humanitarian aid to displaced Bengalis in Sittwe and Yangon, while eyewitness accounts from survivors have described atrocities by the AA.
Ethnic tensions between Rakhine and Bengali communities have long fueled violence in the region. Zaw Min Htun said the latest incidents underline a deliberate strategy by the AA to massacre civilians.
#ymg/knl
ဩဂုတ်၁၄၊ ၂၀၂၅ -
▪️ဗုဒ္ဓဟူးနေ့က ဖက်ဒရယ်အယူခံတရားရုံးတစ်ခုက သမ္မတထရမ့်ကို အနိုင်ပေးလိုက်ပါတယ်။ အစိုးရအဖွဲ့ အနေနဲ့ ကွန်ဂရက်က နိုင်ငံခြားအကူအညီအတွက် ရည်ရွယ်ထားတဲ့ ဒေါ်လာဘီလျံပေါင်းများစွာကို ဆက် ပြီးရပ်ဆိုင်းထားနိုင်၊ ဒါမှမဟုတ် ရပ်ပစ်နိုင်တယ်လို့ တရားရုံးက စီရင်လိုက်ပါတယ်။
▪️အမေရိကန် ပြည် ထောင်စုရဲ့ ကိုလံဘီယာခရိုင်တရားရုံးရဲ့ အယူခံတရားသူကြီးအဖွဲ့က ၂-၁ မဲနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီအမှု ကို တရားစွဲဆိုသူတွေဖြစ်တဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေဟာ တရားစွဲဆိုခွင့် မရှိဘူးလို့ ပြော ပါတယ်။ နိုင်ငံခြားအကူအညီတွေကို ရပ်ဆိုင်းပစ်တာဟာ သမ္မတအနေနဲ့ ဇန်နဝါရီလမှာ ရာထူး စတင်ယူတဲ့ ပထမဆုံးနေ့မှာပဲ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
▪️ပြဿနာဖြစ်နေတဲ့ ဒီငွေတွေထဲမှာ စက်တင်ဘာလအထိ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အစီအစဉ် တွေအတွက် ဒေါ်လာ ၄ ဘီလီယံနီးပါးနဲ့ ၂၀၂၈ ခုနှစ်အထိ HIV နဲ့ AIDS အစီအစဉ်တွေအတွက် ဒေါ်လာ ၆ ဘီလီယံကျော် ပါဝင်ပါတယ်။
▪️သမ္မတ ထရမ့်ကတော့ နိုင်ငံရပ်ခြားမှာ ရောဂါဖြစ်ပွားမှုနဲ့ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ဖို့အတွက် သုံးစွဲ နေတဲ့ နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်တွေကို "အလဟဿ" လို့ ပြောဆိုခဲ့ပါတယ်။ အစိုးရအဖွဲ့က နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ ဘီလီယံ ၃၀ လောက်ကို ကြီးကြပ်စီမံခဲ့တဲ့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
▪️နိုင်ငံခြားအကူအညီ ထောက်ပံ့ငွေ ရရှိနေတဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အစိုးရအဖွဲ့ကို တရားစွဲခဲ့ကြပါတယ်။ မတ်လမှာ အမေရိကန် ခရိုင်တရားသူကြီး Amir Ali က အစိုးရအဖွဲ့ဟာ ကွန်ဂရက်က သတ်မှတ်ပေးထားတဲ့ရန်ပုံငွေတွေကို ဥပဒေနဲ့မညီဘဲ ရပ်ဆိုင်းခဲ့တယ် လို့ ပြောကြားခဲ့ပြီး ရန်ပုံငွေရပ်ဆိုင်းမှုအပေါ် ကနဦးတားမြစ်မိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
▪️ဗုဒ္ဓဟူးနေ့က စီရင်ချက်က အောက်တရားရုံးရဲ့ ကနဦးတားမြစ်မိန့်ကို ပြောင်းပြန်လှန်ခဲ့ပေမဲ့၊ ကွန်ဂရက် က ခွဲဝေချထားပေးထားတဲ့ ရန်ပုံငွေတွေကို ရပ်ဆိုင်းပစ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီ ဆိုတာကိုတော့ တရားသူကြီးအဖွဲ့က အဆုံးအဖြတ်မပေးခဲ့ပါဘူး။
Source NPR
ဆိုးလ်၊ ဩဂုတ် ၁၃ (ဘလွန်းဘတ်) – ပြစ်တင်စွပ်စွဲခံထားရသော တောင်ကိုရီးယားသမ္မတ ယွန်းစုခ် ယော်၏ ဇနီး ကင်ကီယွန်ဟီအား စတော့ဈေးကွက် ကြိုးကိုယ်ခြယ်လှယ်မှုမှသည် လာဘ်ပေး လာဘ်ယူ မှုအထိ စွဲချက်များဖြင့် စုံစမ်းစစ်ဆေးနေသည့်လုပ်ငန်းစဉ်ကြောင့် အင်္ဂါနေ့နှောင်းပိုင်းက ဖမ်းဆီးခဲ့သည် ဟု စုံစမ်းစစ်ဆေးရေးအရာရှိများက ပြောကြားသည်။
ဆိုးလ်ဗဟိုခရိုင်တရားရုံးက သမ္မတကတော်ဟောင်းအတွက် ဖမ်းဝရမ်းကိုအတည်ပြုပေးပြီးနောက် ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကင်ကီယွန်ဟီသည် ပြီးခဲ့သည့်နှစ်အစောပိုင်းက တိုင်းပြည်၏ နိုင်ငံရေး ကို လှုပ်ခတ်ခဲ့သည့် ဒီယော(Dior bag) အိတ် အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက် နေခဲ့သူ ဖြစ် သည်။
တောင်ကိုရီးယားတွင် ရာထူးမှထွက်ပြီးနောက် ကံကြမ္မာပြောင်းလဲသွားခဲ့သည့် ခေါင်းဆောင်များ စာရင်း အရှည်ကြီးရှိသော်လည်း သမ္မတဟောင်းနှင့် သူ၏ဇနီးတို့ တစ်ချိန်တည်း အဖမ်းခံရသည်မှာ နိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ကင်ကီယွန်ဟီသည် တောင်ကိုရီးယားသမိုင်းတွင် အဖမ်းခံရသည့် ပထမဆုံးသော သမ္မတကတော်ဟောင်းလည်း ဖြစ်သည်။
စုံစမ်းရေးအရာရှိများသည် ကင်ကီယွန်ဟီအား ဇိမ်ခံလက်ကိုင်အိတ်တစ်လုံးနှင့် လည်ဆွဲကြိုးတစ်ကုန်း လက်ဆောင်ရရှိမှုမှအစ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း စတော့ဈေးကွက် ကြိုးကိုင်မှု အစီအစဉ်တွင် ပါဝင်ပတ်သက်နေမှုအထိ စွဲချက်အမျိုးမျိုးဖြင့် စစ်ဆေးနေသည်။
ကင်ကီယွန်ဟီ အဖမ်းခံရခြင်းမှာ သူမ၏ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ဖြုတ်ချခံရ ပြီးလေးလအကြာတွင် ဖြစ်သည်။ ယွန်းစုခ်ယော်သည် နိုင်ငံနှင့် ကမ္ဘာကို လှုပ်ခတ်ခဲ့သည့် မာရှယ်လော ထုတ်ပြန်ခဲ့မှုမရှုမလှ ပျက်ပြားခဲ့ပြီးနောက် ဖြုတ်ချခံခဲ့ရသည်။ ယွန်းစုခ်ယော်ကိုယ်တိုင်လည်း ဒီဇင်ဘာလအစောပိုင်းက မာရှယ်လောထုတ်ပြန်မှု မအောင်မြင်ပြီးနောက် ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့်လက ထပ်မံ အဖမ်းခံခဲ့ ရသည်။ ဇနီးမောင်နှံနှစ်ဦးစလုံးကို သီးခြားထိန်းသိမ်းရေးစခန်းများတွင် ချုပ်နှောင်ထားသည်။
ကင်ကီယွန်ဟီသည် ပြီးခဲ့သည့်အပတ်က စစ်ဆေးမှုခံယူရန်လာစဉ် တောင်းပန်ခဲ့သော်လည်း မည်သည့် တရားမဲမှုမျှ မပြုလုပ်ခဲ့ဟု ငြင်းဆိုခဲ့သည် ဟု ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။
Source : Bloomberg
အမေရိကန်သည် ပထဝီနိုင်ငံရေးအရ တရုတ်ကို ဟန်ချက်ညီစေရန်အတွက်
အိန္ဒိယကို ကြာမြင့်စွာ ကတည်းက စည်းရုံးခဲ့သော်လည်း ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲများကြောင့်
ပေကျင်းနှင့် နယူးဒေလီ တို့သည် ဘုံရပ်တည်ချက်ကို ရှာဖွေတွေ့ရှိနေကြသည်
၁၃ ဩဂုတ် ၂၀၂၅
အိန္ဒိယနှင့် တရုတ်တို့သည် ၂၀၂၀ ခုနှစ်က နယ်စပ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် ရင်ဆိုင်တိုက်ခိုက် မှုကြောင့် တင်းမာခဲ့သော စီးပွားရေးဆက်ဆံရေးများကို ပြန်လည်တည်ဆောက်နေပြီဖြစ်သည်။ ဤသည် မှာ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အိန္ဒိယနိုင်ငံအပေါ် ၅၀% အခွန်ကောက်ခံပြီးနောက် ဝန်ကြီး ချုပ် နရင်ဒြာ မိုဒီက BRICS နိုင်ငံများနှင့် ပိုမိုနီးကပ်လာနေသည့် နောက်ဆုံးလက္ခဏာဖြစ်သည်။
သမ္မတမိုဒီ၏ နောက်ဆုံးလှုပ်ရှားမှုမှာ လာမည့်လတွင် တရုတ်နိုင်ငံနှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပြန်လည်စတင်ရန်ဖြစ်သည်ဟု အသေးစိတ်ကိစ္စရပ်များကို ဆွေးနွေးနေကြသည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ မိုဒီသည် သြဂုတ်လ ၃၁ ရက်နေ့မှစ၍ တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင်ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (Shanghai Cooperation Organization) သို့ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်ကာ ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့်အချိန်တွင် အဆိုပါသဘောတူညီချက်ကို တရားဝင် ကြေညာနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းတို့က ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့ထားခဲ့ပြီး၊ ယင်းအချိန်သည် ဟိမဝန္တာတောင်တန်းရှိ နယ်စပ်တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား ၂၀ ဦးနှင့် တရုတ်စစ်သည် အရေအတွက်မသိဦးရေ သေဆုံးခဲ့ရပြီးနောက် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနှစ်နိုင်ငံ ကြား ဆက်ဆံရေး သိသိသာသာ ယိုယွင်းလာခဲ့ချိန်နှင့်လည်း တိုက်ဆိုင်ခဲ့သည်။
ယခုလတွင် သမ္မတထရမ့်က အိန္ဒိယနိုင်ငံ၏ ရုရှားရေနံဝယ်ယူမှုကို အပြစ်ပေးသည့်အနေဖြင့် အိန္ဒိယ ကုန်ပစ္စည်းများအပေါ် အခွန်နှစ်ဆ တိုးမြှင့်ကာ ၅၀% အထိ ကောက်ခံလိုက်သည့်အခါ မိုဒီ၏ စီးပွားရေး တွက်ချက်မှုမှာ လုံးဝပြောင်းလဲသွားခဲ့သည်။ အိန္ဒိယ၏ စီးပွားရေးမှာ “သေဆုံးနေပြီ” ဖြစ်ပြီး ၎င်း၏ အခွန်အတားအဆီးများမှာ “အော့နှလုံးနာစရာ” ဖြစ်ကြောင်း အမေရိကန်သမ္မတ၏ ပြောဆိုချက်များက ဆက်ဆံရေးကို ပိုမိုတင်းမာစေခဲ့သည်။
အိန္ဒိယ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံထံမှ ရိုက်ခတ်မှုမှာ ပြင်းထန်ခဲ့သည်။ အထူးသဖြင့် မိုဒီသည် ထရမ့်အား ချီးကျူးဂုဏ်ပြုခဲ့ပြီးနောက် ထရမ့်သမ္မတအိမ်ဖြူတော်သို့ ပြန်ရောက်လာသည့်အခါ ပထမဆုံး လာရောက်လည်ပတ်သည့် နိုင်ငံခြားခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ခဲ့သည့် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
ပေကျင်းအခြေစိုက် Center for China and Globalization ဉာဏ်ကြီးရှင်အဖွဲ့၏ ဥက္ကဋ္ဌ ဟင်နရီဝမ်က အိန္ဒိယနှင့် တရုတ်တို့အကြား ဆက်ဆံရေးမှာ “ကောင်းမွန်သည့်အခြေအနေသို့ ရောက်ရှိနေသည်” ဟု ပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းနိုင်ငံများ၏ ခေါင်းဆောင်များအနေဖြင့် “၎င်းတို့ အချင်းချင်း တကယ်ကို စကားပြောဆိုသင့်သည်” ဟု ပြောကြားခဲ့သည်။
“ထရမ့်ရဲ့ အိန္ဒိယအပေါ် အခွန်စစ်ပွဲက အိန္ဒိယကို မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ မဟာဗျူဟာမြောက် လွတ်လပ်မှုကို ထိန်းသိမ်းထားဖို့ လိုတယ်ဆိုတာ နားလည်အောင် လုပ်ပေးလိုက်တာပါပဲ” ဟု ၎င်းက ပြောသည်။
ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲများတွင် ပစ်မှတ်ထားခံရသည့် တရုတ်နိုင်ငံကလည်း ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရေး အဆင်သင့်ဖြစ်နေသည့် အရိပ်လက္ခဏာများကို ပြသခဲ့သည်။ ယခုလတွင် ကမ္ဘာ့အကြီးဆုံး ယူရီးယားဓာတ်မြေဩဇာ တင်သွင်းသူဖြစ်သည့် အိန္ဒိယနိုင်ငံသို့ ယူရီးယား တင်ပို့မှုအပေါ် ချမှတ်ထားသော ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။
ကနဦး ပမာဏမှာ နည်းပါးသော်လည်း ကုန်သွယ်မှု ပိုမိုကျယ်ပြန့်လာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြတ်လပ် မှုနှင့် စျေးနှုန်းများကို လျှော့ချနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံသည် ဇွန်လကတည်းက ပိတ်ပင်မှုကို ဖြေလျှော့ပေးခဲ့သော်လည်း အိန္ဒိယအပေါ် ကန့်သတ်ချက်များကို ယခုအချိန်အထိ ထိန်းသိမ်းထားခဲ့သည်။
အဒါနီအုပ်စုသည် တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး ဘီဝိုင်ဒီ (BYD Co.) နှင့် ပူးပေါင်းရန် စီစဉ်နေကြောင်း၊ ယင်းပူးပေါင်းမှုက ဘီလီယံနာ ဂေါတမ်အဒါနီ၏ လုပ်ငန်းစုကို အိန္ဒိယနိုင်ငံတွင် ဘက်ထရီများ ထုတ်လုပ်ကာ သန့်ရှင်းသောစွမ်းအင်ကဏ္ဍသို့ ပိုမိုတိုးချဲ့နိုင်စေမည်ဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ များက ပြောသည်။
မိုဒီအစိုးရသည် နှစ်ပေါင်းများစွာ ကန့်သတ်ထားခဲ့ပြီးနောက် မကြာသေးမီက တရုတ်နိုင်ငံ သားများအတွက် ခရီးသွားဗီဇာများကို ခွင့်ပြုပေးခဲ့သည်။ တရုတ်သည် အမေရိကန်ပြီးလျှင် အိန္ဒိယ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အိန္ဒိယသည် ၎င်း၏ထုတ်လုပ်မှုကဏ္ဍ အခြေခံကောင်းများ တည်ဆောက်ရန်အတွက် တရုတ်ထံမှ အရေးကြီးသော သွင်းအားစုများ လိုအပ်နေသည်။
ဆက်ဆံရေးအေးခဲမှု ပြေလျော့လာနိုင်သော်လည်း အာရှအင်အားကြီးနှစ်နိုင်ငံသည် ညတွင်းချင်းတော့ ယုံကြည်မှုအပြည့်အဝ ပြန်လည်တည်ဆောက်နိုင်ဖွယ်မရှိနိုင်သေးပါ။ ၎င်းတို့သည် နှစ်ပေါင်းများစွာ အချင်းချင်း ပြိုင်ဘက်များအဖြစ် သဘောထားခဲ့ကြပြီး လွန်ခဲ့သောလအနည်းငယ်က အိန္ဒိယနှင့် ပါကစ္စ တန်စစ်ရေးအငြင်းပွားမှု ဖြစ်ပွားခဲ့ရာတွင် တရုတ်က ပါကစ္စတန်ကို လက်နက်များနှင့် ထောက်လှမ်း ရေးဆိုင်ရာ အကူအညီများ ပေးခဲ့ခြင်းကြောင့် ပွတ်တိုက်မှုများ ပိုမိုတိုးလာခဲ့သည်။
ထရမ့်က နယူးဒေလီအပေါ် မကြာသေးမီက ဒေါသထွက်ရသည့် အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ ပါကစ္စတန်နှင့် တင်းမာမှုများကို ပြေလျော့စေရန် ၎င်း၏ကြားဝင်စေ့စပ်မှုက အထောက်အကူ ပြုခဲ့ သည်ဆိုသည့် ပြောဆိုချက်များကို အိန္ဒိယက ငြင်းပယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ မိုဒီသည်လည်း ဇွန်လက ထရမ့်နှင့် ဖုန်းပြောဆိုရာတွင် အဆိုပါပြောဆိုချက်များကို တိုက်ရိုက်စိန်ခေါ်ခဲ့သည်။ ထိုအချိန် နောက်ပိုင်း တွင် အိမ်ဖြူတော်၏ ရပ်တည်ချက် ပြောင်းလဲသွားသည်ကို အိန္ဒိယက သတိပြုမိကြောင်း အိန္ဒိယ အရာရှိများထံမှ သိရသည်။
မိုဒီသည် BRICS အဖွဲ့ဝင်များဖြစ်သည့် ဘရာဇီးနှင့် ရုရှားတို့နှင့်လည်း ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နေသည်။ အမေရိကန်နှင့် ဆက်ဆံရေး တင်းမာလာသည်နှင့်အမျှ သြဂုတ်လတွင် သမ္မတ ဗလာဒီမာ ပူတင်အား အိန္ဒိယသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
ထရမ့်သည် အိန္ဒိယက ယူကရိန်းရှိ ကရင်မလင်စစ်ပွဲအတွက် ရန်ပုံငွေဖြစ်စေသည့် ရုရှားရေနံကို လျှော့ဈေးဖြင့် ဆက်လက်တင်သွင်းမှုအပေါ် စိတ်ပျက်နေသည်။ မိုဒီသည် နောက်ဆုတ်မည့်အရိပ်အယောင် မပြဘဲ ၎င်း၏အစိုးရသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်အတွက် ယခုလတွင် မော်စကိုနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။
ယူကရိန်းစစ်ဖြစ်ပြီးနောက် ရုရှားဆိပ်ကမ်းအားလုံးမှ ရေနံစိမ်းတင်ပို့မှု၏ လေးပတ်ပျမ်းမျှပမာဏကို ကြည့်လျှင် အိန္ဒိယ၏ ဝယ်ယူမှုများ ရုတ်တရက် မြင့်တက်လာသည်ကို ပြသနေသည်။
မိုဒီသည် ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗားနှင့်လည်း ကုန်သွယ်ရေးနှင့် ၎င်းတို့ နိုင်ငံများအပေါ် တစ်ဖက်သတ်အခွန်များ ချမှတ်ခြင်းကိစ္စများကို ဆွေးနွေးခဲ့သည်။ ဘရာဇီးနှင့် အိန္ဒိယတို့ အကြား ကုန်သွယ်ရေးဆက်ဆံမှုများကို အားကောင်းစေရန်မှာ ဇူလိုင်လက ဘရာဇီးနိုင်ငံသို့ မိုဒီ၏သွား ရောက်လည်ပတ်မှုတွင် အဓိကအကြောင်းအရာတစ်ခုဖြစ်သည်။ သြဂုတ်လအစောပိုင်းတွင် ဖုန်းပြောဆို စဉ် လူလာနှင့် မိုဒီတို့သည် ဘရာဇီးအပါအဝင် တောင်အမေရိကအကောက်ခွန်သမဂ္ဂဖြစ်သည့် Mercosur နှင့် အိန္ဒိယ၏ ကုန်သွယ်ရေးသဘောတူညီချက်ကို တိုးချဲ့ရန်လည်း သဘောတူခဲ့ကြသည်။
အမေရိကန်သည် ပထဝီနိုင်ငံရေးအရ တရုတ်ကို ဟန်ချက်ညီစေရန်အတွက် အိန္ဒိယကို ကြာမြင့်စွာ ကတည်းက စည်းရုံးခဲ့သော်လည်း ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲများကြောင့် ပေကျင်းနှင့် နယူးဒေလီ တို့သည် ဘုံရပ်တည်ချက်ကို ရှာဖွေတွေ့ရှိနေကြသည်။ အိန္ဒိယဆိုင်ရာ တရုတ်သံအမတ် ရှူဖေးဟုန် (Xu Feihong) က အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ မိုဒီကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ထောက်ခံကြောင်း ပြသခဲ့ သည်။
“အနိုင်ကျင့်သူကို တစ်လက်မ ပေးလိုက်ရင် တစ်မိုင်ယူသွားလိမ့်မယ်” ဟု ရှူးဖေးဟုန်က “အခြားနိုင်ငံများ ကို ဖိနှိပ်ရန် လက်နက်တစ်ခုအဖြစ်” အခွန်များကို အသုံးပြုခြင်းကို ရှုတ်ချသည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ၏ ပြောဆိုချက်ကို ကိုးကား၍ ပြီးခဲ့သည့်ရက်သတ္တပတ်က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
မူရင်း- Bloomberg သတင်းစာပါ India and China rebuild ties after Modi’s rupture with Trump သုံးသပ်ချက်ဆောင်းပါးကို မြန်မာဘာသာသို့ပြန်ဆိုပါသည်-အယ်ဒီတာ။
13 August, 2025, Nay Pyi Taw-
✔️If more than 50% of eligible voters can cast their ballots, it can be regarded as reflecting the will of the majority of the people.
✔️Will work to ensure the election is dignified and successful.
✔️During the parliamentary sessions, at least 50% of MPs should be able to attend; therefore, elections should be held in all constituencies where it is possible to do so.
✔️Relevant organizations will scrutinize and regulate to ensure there are no duplicate party memberships in two or three parties.
✔️Will systematically scrutinise and regulate qualifications for parliamentary candidates.
✔️The security of candidates during their election campaigns will be arranged.
✔️Political party members and candidates should be able to campaign and work safely from the campaign period until voting day, with necessary protection provided.
✔️Will ensure the security conditions necessary for voting in the designated constituencies within the prescribed period.
✔️The election to be held will be a free and fair election, free from malpractice.
✔️Since killings and accusations labelling civil servants and the public as “dalans” (informers) could increase during the election period, effective preventive measures will be taken.
✔️Perpetrators will be jointly exposed and swiftly prosecuted in accordance with the judicial process.
Source: MNA
၁၃ ဩဂုတ် ၂၀၂၅-
✔️၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင် မည်
✔️ သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေးသွားမည်
✔️လွှတ်တော်အစည်းအဝေးကျင်းပချိန်တွင် အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေး မိမိတို့အနေဖြင့် ရွေးကောက်ပွဲဆောင်ရွက်နိုင်သည့် မြို့နယ်များအားလုံး၌ ရွေး ကောက်ပွဲကျင်းပနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိ
✔️ပါတီ ၂ ပါတီ၊ ၃ ပါတီထပ်၍ ပါတီဝင်များ ဖောင်းပွမှုမရှိစေရေးအတွက်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း များက စိစစ်ကြပ်မတ် သွားရန်
✔️လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ စနစ်တကျ စိစစ် ကြပ်မတ်ဆောင်ရွက်သွားရန်
✔️ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ချိန်တွင် ၎င်းတို့၏လုံခြုံရေး အတွက် မိမိတို့အနေဖြင့် စီစဉ်ဆောင်ရွက်မည်
✔️နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့် ကာလအထိ လုံခြုံစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ကာကွယ်ပေးမှုများကို ဆောင်ရွက်ပေးသွားရမည်
✔️သတ်မှတ်ထားသည့်အချိန်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်များအလိုက် ဆန္ဒမဲပေးနိုင်ရေး လုံခြုံရေး အရ အာမခံချက်ရှိအောင် ဆောင်ရွက်မည်
✔️ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်
✔️နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်နေမှုများ ရွေးကောက်ပွဲ ကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သည့်ဟန့်တားကာကွယ်မှုများ ဆောင်ရွက်သွားမည်
✔️လုပ်ဆောင်ကျူးလွန်သူများကိုလည်း ဝိုင်းဝန်းပူးပေါင်းဖော်ထုတ်ပြီး တရားစီရင်ရေးကဏ္ဍအနေဖြင့် လည်း အမြန်ဆုံးတရားစီရင်မည်
Source : MNA
အမေရိကန်-တရုတ် အခွန်စစ်ပွဲရပ်စဲရေး ရက် ၉၀ သက်တမ်းတိုး
၁၂ ဩဂုတ် ၂၀၂၅
ဘာတွေဖြစ်ခဲ့လဲ
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှာ သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နှင့် စီးပွားရေး အခွန်ကိစ္စကို ရက်ပေါင်း ၉၀ ထပ်ပြီး ဆိုင်းငံ့ဖို့ သမ္မတအမိန့်စာတစ်စောင်ကို လက်မှတ် ရေးထိုးခဲ့ပါ တယ်။
သတ်မှတ်ရက်အသစ်ကတော့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ (အရှေ့ဘက်စံတော်ချိန် သန်းခေါင် ယံ) ဖြစ်ပါတယ်။
ဘာလို့အရေးကြီးတာလဲ
အခွန်နှုန်းထားတွေ သုံးဆကျော်တက်တာကို ယခုသက်တမ်းတိုးသဘောတူညီချက်က တားဆီးပေး လိုက်ပြီး အမေရိကန်သွင်းကုန်လုပ်ငန်းရှင်တွေကို ဆိုးရွားစွာထိခိုက်စေမယ့်အပြင် နှစ်ကုန်ပိုင်း အားလပ် ရက် ကုန်ပစ္စည်းပို့ဆောင်မှုကွင်းဆက်ကိုလည်း ပြတ်တောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
အမေရိကန်လက်လီရောင်းချသူတွေကလည်း နှစ်ကုန်ပိုင်း ကုန်ပစ္စည်းတွေ ပုံမှန်အတိုင်း ဝင်ရောက် နိုင်ဖို့အတွက် အခုလိုအခွန်ကိစ္စတွေ ရပ်ဆိုင်းထားတာကို ကြိုဆိုကြပါတယ်။
ကုန်သွယ်ရေးဆိုင်ရာ အခြေအနေ
သမ္မတ ထရန့်က “တရုတ်က အခုဆိုရင် အတော်လေးကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီလိုအခွန်ကိစ္စရပ်ဆိုင်းတာက ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပနိုင်ခြေရှိတဲ့ ထရန့်-ရှီကျင့်ဖျင် ထိပ်သီး အစည်းအဝေးအတွက် လမ်းခင်းပေးနိုင်တယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။
လက်ရှိသတ်မှတ်ချက်တွေက မပြောင်းလဲပါဘူး
နှစ်နိုင်ငံစလုံးက လက်ရှိ အခွန်နှုန်းတွေယာယီရပ်ဆိုင်းထားရှိမှုနှင့် အခြားဆက်စပ်သတ်မှတ်ချက်အား လုံးကို ဆက်လက်ထိန်းသိမ်းသွားကြမှာဖြစ်ပါတယ်။
Source: News wires
Page 5 of 243