NAY PYI TAW, Sept. 8, 2026 — Myanmar President U Min Aung Hlaing will make a state visit to Cambodia at the invitation of King Norodom Sihamoni, with talks expected to focus on strengthening bilateral relations and expanding cooperation across economic, cultural and other sectors, according to a statement issued by Myanmar’s Ministry of Foreign Affairs on Tuesday.
During the visit, U Min Aung Hlaing is scheduled to meet Cambodia’s Senate President, who serves as Acting Head of State, for bilateral talks. He will also hold separate meetings with the Cambodian prime minister and the president of the National Assembly.
The discussions are expected to cover ways to further consolidate longstanding friendly relations between Myanmar and Cambodia and promote mutually beneficial cooperation between the two governments, parliaments and peoples.
The two sides will also exchange views on expanding cooperation in economic, cultural and other areas of mutual interest, the Foreign Ministry said.
As part of the official programme, the Myanmar president is expected to visit prominent sites and ancient pagodas in Cambodia.
Union ministers and other senior officials will accompany the president during the visit.
The Foreign Ministry did not announce a specific date for the trip, saying only that the state visit would take place “in the near future.”
မကြာသေးမီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်သည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေးတွင် စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခြင်း၏ ပြယုဂ်ဖြစ်သည်။ ဤခရီးစဉ်သည် သမိုင်း အစဉ်အလာကြီးမားသည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံကာ အနာဂတ်ကာလအတွက် ခိုင်မာသော နိုင်ငံရေးယုံကြည်မှုအပြင် စီးပွားရေးနှင့် နည်းပညာစင်္ကြံများကို ပိုမိုကျယ်ပြန့်လာစေရန် မဟာဗျူဟာ မြောက် လမ်းစဖော်ပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ရမည်ဖြစ်သည်။
သမိုင်းအစဉ်အလာနှင့် ခိုင်မာသည့် နိုင်ငံရေးယုံကြည်မှု
မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ တူညီကြပြီး အခက်အခဲများစွာကို အတူတကွ ဖြတ်သန်းခဲ့ကြသည့် နိုင်ငံများဖြစ်သည်။
၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနုသည် ဗီယက်နမ်သို့ လာရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဗီယက်နမ်ဥက္ကဋ္ဌ ဟိုချီမင်းသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်က ၎င်းကို ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်နိုင်ခဲ့သည်အထိ နှစ်နိုင်ငံချစ်ကြည်ရေး အခြေခံ အုတ်မြစ် ခိုင်မာခဲ့သည်။
လက်ရှိတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုသည် နှစ် (၅၀) ပြည့် ရွှေရတုတိုင်ခဲ့ပြီဖြစ်ကာ ၂၀၁၇ ခုနှစ်က တည်ထောင်ခဲ့သည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး (Comprehensive Cooperative Partnership) သည်လည်း ၂၀၂၇ ခုနှစ်တွင် (၁၀) နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။
ယခုခရီးစဉ်အတွင်း ခေါင်းဆောင်များ၏ ပြောကြားချက်များသည် နှစ်နိုင်ငံအကြား နိုင်ငံရေးယုံကြည်မှုကို ပိုမိုပီပြင်ခိုင်မာစေခဲ့သည်။ ဗီယက်နမ်သမ္မတ မစ္စတာ တိုလန်းက "အဆွေတော်သမ္မတကြီး၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ရှေ့လာမည့်ကာလများအတွင်း ဗီယက်နမ်-မြန်မာ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းခိုင်မာပြီး ထိထိရောက်ရောက် ဖွံ့ဖြိုးတိုးတက်စေရန် လက်တွေ့ကျသော အကျိုး ရလာဒ်များစွာကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း" ဟု ပြောကြားခဲ့သည်။
ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်ကလည်း "အဆွေတော် သမ္မတကြီး၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေမည်ဟု ယုံကြည်ပါကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်သမ္မတကလည်း "ဗီယက်နမ်နိုင်ငံအနေဖြင့် စစ်ပွဲဒဏ်နှင့် အရေးယူပိတ်ဆို့ ကန့်သတ် မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့်ကြားမှ ယခုကဲ့သို့ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက် လာသည့် နိုင်ငံတော်တစ်ခုကို တည်ဆောက်နိုင်ခဲ့မှုအပေါ် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင် အဆက်ဆက်ကို လေးစားဂုဏ်ယူပါကြောင်း" ပြန်လည်ပြောကြားခဲ့သည်။ ဤပြောကြားချက်များသည် တစ်နိုင်ငံ၏ ခက်ခဲသော ဖြတ်သန်းမှုနှင့် ကြိုးပမ်းအောင်မြင်မှုများကို အခြားတစ်နိုင်ငံက အပြန်အလှန် အသိအမှတ်ပြုသည့် ခိုင်မာသော နိုင်ငံရေးယုံကြည်မှုကို ပြသနေခြင်းဖြစ်သည်။
ပိုမိုကျယ်ပြန့်လာမည့် နည်းပညာစင်္ကြံနှင့် စက်မှုပူးပေါင်းဆောင်ရွက်မှု
ခိုင်မာသည့် နိုင်ငံရေးယုံကြည်မှုအပေါ် အခြေခံ၍ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင် ရွက်မှုများသည် ပိုမိုကျယ်ပြန့်လာခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံမှ နှစ်ပေါင်း ၄၀ ခန့် အကောင်အထည်ဖော်ခဲ့သည့် "ဒွိုင်မွိုင်း" (Doi Moi) စီးပွားရေးပြုပြင်ပြောင်းလဲမှု အတွေ့အကြုံ များကို မျှဝေပေးရန်လည်း တောင်းဆိုထားရာ ဤသည်မှာ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ဖြစ်သည်။
နည်းပညာနှင့် စက်မှုကဏ္ဍတွင်လည်း အလားအလာကောင်းများကို တွေ့မြင်ရသည်။
🔳၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည့် Mytel ဆက်သွယ်ရေးလုပ်ငန်းသည် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်းဖြစ်ပြီး ယင်းအမည်ကို နိုင်ငံတော်သမ္မတကိုယ်တိုင် ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
🔳မြန်မာနိုင်ငံအနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် နည်းပညာအထူးဇုန်များတွင် Viettel မှ လာရောက်ရင်းနှီးမြှုပ်နှံပြီး ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာပစ္စည်းများ ထုတ်လုပ်ရန် ဖိတ်ခေါ်ထား သည်။
🔳ထို့အပြင် ဧရိယာစတုရန်းမီတာ ၅၀၀,၀၀၀ ကျော်ကျယ်ဝန်းပြီး ၂၁ လအတွင်း အပြီးတည်ဆောက် နိုင်ခဲ့သည့် Vinfast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာခဲ့ခြင်းက အနာဂတ်မော်တော်ယာဉ်နှင့် အဆင့်မြင့်စက်မှုထုတ်လုပ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်လာနိုင်ကြောင်း ညွှန်ပြနေသည်။
မဟာဗျူဟာမြောက် စီးပွားရေးစင်္ကြံလမ်းများ ချိတ်ဆက်ခြင်း
ကုန်သွယ်မှုနှင့် အခြေခံအဆောက်အအုံ ချိတ်ဆက်မှုတွင် မြန်မာနှင့် ဗီယက်နမ်တို့သည် ဒေသတွင်း စီးပွားရေးစင်္ကြံလမ်းများကို အသုံးချရန် အလေးထားလာကြသည်။
🔳မြန်မာနိုင်ငံရှိ သီလဝါစီးပွားရေးဇုန်သည် မြန်မာ (မြဝတီ) - ထိုင်း - လာအို - ဗီယက်နမ် (ဒါနန်း) ချိတ်ဆက်မည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံ (East-West Economic Corridor) နှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။
🔳ထားဝယ်ရေနက်ဆိပ်ကမ်းသည်လည်း တောင်ပိုင်းစီးပွားရေးစင်္ကြံ (Southern Economic Corridor) ဖြစ်သည့် မြန်မာ (ထားဝယ်) - ဗန်ကောက် - လွန်ပရာဘမ် - ဗီယက်နမ် (ဒါနန်း) လမ်းကြောင်းနှင့် ချိတ်ဆက်နိုင်မည်ဖြစ်သည်။
🔳ထို့အပြင် မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိပြီး ယင်းလမ်းနှင့်ချိတ်ဆက်ကာ ဗီယက်နမ်မှသည် တောင်အာရှဈေးကွက်သို့လည်းကောင်း၊ မြန်မာမှသည် လာအို၊ ဗီယက်နမ်တို့မှတစ်ဆင့် အရှေ့အာရှဈေးကွက်သို့လည်းကောင်း အပြန်အလှန် ဝင်ရောက်နိုင်မည်ဖြစ်သည်။
နိဂုံး
အချုပ်အားဖြင့် သုံးသပ်ရလျှင် မြန်မာ-ဗီယက်နမ် ဆက်ဆံရေးသည် သမိုင်းဝင် ချစ်ကြည်ရင်းနှီးမှုမှသည် လက်တွေ့ကျသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ ကူးပြောင်းရောက်ရှိ လာပြီဖြစ် သည်။ နိုင်ငံတော်သမ္မတက “တစ်ဦးတည်းဆိုပါက လျင်မြန်စွာသွားနိုင်သော်လည်း အတူတကွပူးပေါင်းမှ သာလျှင် ဝေးဝေးသို့ ရောက်နိုင်သည်” ဟု စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည့်အတိုင်း ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးမရေရာမှုများကို ရင်ဆိုင်ရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် အရေးပါလှသည်။ ခိုင်မာသော နိုင်ငံရေးယုံကြည်မှုကို အုတ်မြစ်ချလျက် ဒစ်ဂျစ်တယ်နှင့် နည်းပညာစင်္ကြံများ၊ အရှေ့-အနောက်နှင့် တောင်ပိုင်း စီးပွားရေးစင်္ကြံလမ်းများကို ပေါင်းကူးချိတ်ဆက်ခြင်းဖြင့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ၏ အနာဂတ်သည် ပိုမိုကျယ်ပြန့်တောက်ပလာမည်ဖြစ်ကြောင်းသုံးသပ်ရေးသားရပါသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့မှာ ကျင်းပတဲ့ ၂၆ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးအစည်းအဝေးမှာ အဓိက အဆိုပြုချက် ၄ ချက်ကို ထုတ်ပြောခဲ့ပါတယ်။
နေပြည်တော်၊ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီးရှိ ညောင်တုန်းကျွန်းတာတွင် တိုးမြစ်ရေတိုက်စားမှုကြောင့် အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့်ရှိ တာကိုယ်ထည် ဩဂုတ် ၂၅ ရက်မှစ၍ ရေတိုက်စားခံခဲ့ရသဖြင့် အရေးပေါ်ကာကွယ်ပြုပြင်မှုများ အမြန်ဆုံးပြီးစီးရေးနှင့် အနာဂတ်ရေမြင့်တက်မှုကို ခံနိုင်ရည်ရှိစေရန် စနစ်တကျ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဩဂုတ် ၂၉ ရက်တွင် သွားရောက်စစ်ဆေး၍ တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။
ရေတိုက်စားမှုသည် ဧရာဝတီမြစ်မှ ခွဲထွက်သည့် တိုးမြစ်၏ ရေစီးကြောင်းပြောင်းလဲမှုနှင့် မြစ်ကမ်းတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တာခြေ၌ တုတ်တန်းရိုက်၍ သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း၊ မူလတာ၏ ဒုတိယဆင်ခြေလျှောအခြေကို သဲအိတ်ထောက်ခြင်း၊ ယာယီပန်းတာနှင့် ကမ်းရင်းတာဆင်ခြေလျှော တည်ဆောက်ခြင်းအပြင် တိုက်စားမှုကာကွယ်ရန် Geo Textile ခင်းခြင်းတို့ ဆောင်ရွက်နေသည်။
တာဝန်ရှိသူများ၏ တင်ပြချက်အရ တိုးမြစ်၏ ရေနက်စီးကြောင်းသည် မာယူ/ချောင်းဖျား၊ ချောင်းကြီး၊ ဂန်ချောင်းနှင့် ထုံးဝကျေးရွာဘက်သို့ ရွေ့လျားလာသဖြင့် နှစ်စဉ် မြစ်ကမ်းပြိုကျမှုများ ဖြစ်ပေါ်နေသည်။ ဂန်ချောင်းကျေးရွာအနီးတွင် နှစ်စဉ် ကမ်းပါးပေ ၁၅၀ မှ ၂၆၅ ပေခန့်အထိ ပြိုကျခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှစ၍ နှစ်ပေါင်း ၄၀ ကျော်အတွင်း စိုက်ပျိုးမြေများအပါအဝင် မြေဧရိယာ ၁,၀၀၀ ဧကကျော်ခန့် ဆုံးရှုံးခဲ့ကာ မြစ်တစ်ဖက်ကမ်း၌ မြေနုကျွန်း ၈၅၀ ဧကခန့် ပေါ်ထွန်းလာကြောင်း သိရသည်။ ဒေသရေဘေးကာကွယ်ရေးအတွက် ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်မှ ယခုဘဏ္ဍာနှစ်အထိ ပန်းတာနှင့် ဖြတ်တာ စုစုပေါင်း ၁၂ ခုခန့် တည်ဆောက်ထားသည်။
နိုင်ငံတော်သမ္မတက အလားတူ တာဘောင်ရေတိုက်စားမှုနှင့် ရေကြီးရေလျှံမှုများ လျှော့ချနိုင်ရေးအတွက် မြစ်၊ မြစ်လက်တက်နှင့် ချောင်းများ၏ ရေစီးရေလာ၊ ရေဝင်ရေထွက်နှင့် မြစ်ကြမ်းပြင်အမြင့်အနိမ့်တို့ကို စဉ်ဆက်မပြတ် သုတေသနပြုမှတ်တမ်းတင်၍ လိုအပ်သည့် မြစ်ကြောင်းပြုပြင်ထိန်းသိမ်းမှုနှင့် နုန်းဆယ်မှုများကို နှစ်စဉ်စီမံချက်ဖြင့် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ ရေလမ်းကြောင်းပိတ်ဆို့သည့် မြေနုကျွန်းများကို စနစ်တကျတူးဖော်ရှင်းလင်းရန်နှင့် ဧရာဝတီမြစ်အပါအဝင် နိုင်ငံတစ်ဝန်း မြစ်ချောင်းများ၌ သောင်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။

ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ထည့်သွင်းတွက်ချက်၍ ရေတိုအရေးပေါ်လုပ်ငန်းများနှင့် ရေရှည်ကာကွယ်ရေးအစီအမံများကို တွဲဖက်ဆောင်ရွက်ရန်၊ အခြားတာရိုးများရှိ ရေတိုက်စားနိုင်သည့် နေရာများကို ကြိုတင်စစ်ဆေးကာကွယ်ရန်နှင့် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းအပါအဝင် လက်ရှိလုပ်ငန်းများကို ရရှိနိုင်သည့် အင်အားစုများဖြင့် အရှိန်မြှင့်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် ဒေသခံများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများကို စနစ်တကျ စာရင်းကောက်ယူ၍ လိုအပ်သည့် ကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးနိုင်ရေး ဆောင်ရွက်ရန်လည်း တာဝန်ရှိဌာနများကို မှာကြားခဲ့သည်။ ရန်ကုန်-မအူပင်လမ်းတစ်လျှောက် ရေဆင်းမြောင်းများ ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းရန်နှင့် ရေကျော်သည့် လမ်းပိုင်းများကို မြှင့်တင်ရန်လည်း ညွှန်ကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တာဘောင်ပြုပြင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လက်ရှိရေတိုက်စားမှုကိုသာ ဖြေရှင်းခြင်းမပြုဘဲ နောင်ရေမြင့်တက်လာပါက ခံနိုင်ရည်ရှိစေရန် ထည့်သွင်းတွက်ချက်၍ ပြန်လည်တည်ဆောက်ရန်၊ လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများ စုစည်းအသုံးပြုကာ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် ပြုပြင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်

NAY PYI TAW, Aug. 26 — The Vietnamese President has invited Myanmar President U Min Aung Hlaing to pay an official visit to Vietnam, as the two countries discussed ways to deepen bilateral cooperation, including trade, investment and regional affairs, during a meeting in Nay Pyi Taw on August 26.
The invitation was conveyed by Vietnamese Foreign Minister H.E. Le Hoal Trung during his meeting with President U Min Aung Hlaing at the Presidential Guest House in Nay Pyi Taw. The Vietnamese foreign minister said he was carrying a message from the Vietnamese leadership inviting the Myanmar President to visit Vietnam and expressing their readiness to welcome him.
The Vietnamese foreign minister said the upcoming visit could open a new chapter in bilateral relations, building on the longstanding ties between the two countries and expanding cooperation in areas of mutual interest. He also said Vietnam respects Myanmar’s sovereignty, territorial integrity and right to independent decision-making, describing Vietnam as a reliable friend of Myanmar.
President U Min Aung Hlaing said Myanmar and Vietnam have maintained longstanding diplomatic relations, which marked their 50th anniversary in 2025. He noted similarities between the two countries in religion, culture and their historical struggles for independence, while highlighting cooperation between their governments and defence sectors.
During the talks, the two sides discussed strengthening government-to-government, parliamentary, military-to-military and people-to-people relations. They also exchanged views on expanding cooperation into new economic sectors and increasing bilateral trade and investment.

The discussions also covered Myanmar’s participation in the upcoming Cambodia-Laos-Myanmar-Vietnam (CLMV) Cooperation Summit and the Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) Summit to be held in Vietnam, as well as continued mutual support between Myanmar and Vietnam on the international stage.
Myanmar officials attending the meeting included Union Minister for the President’s Office U Khin Maung Yi, Union Minister for Foreign Affairs U Tin Maung Swe and other officials. The Vietnamese delegation included Ambassador of Vietnam to Myanmar H.E. Mr. Nguyen Anh Duc and senior officials.
The invitation comes as President U Min Aung Hlaing has undertaken a series of official overseas visits since assuming the presidency, reflecting Myanmar’s efforts to expand bilateral and regional diplomatic engagement.
နေပြည်တော်၊ ဩဂုတ် ၂၆
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဗီယက်နမ်သမ္မတက ဖိတ်ကြားလိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍများ တိုးမြှင့်ရန် မြန်မာနှင့် ဗီယက်နမ်တို့ ဩဂုတ် ၂၆ ရက်တွင် နေပြည်တော်၌ ဆွေးနွေးခဲ့ကြသည်။
အဆိုပါဖိတ်ကြားချက်ကို မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoal Trung က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင် တော်၌ တွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ တိုလမ်၏ သတင်းစကားအဖြစ် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ လာမည့်ဗီယက်နမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ တည်ဆောက် ထားသည့် ဆက်ဆံရေးအပေါ် အခြေခံကာ ဘုံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသစ်များ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ဗီယက်နမ် အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်တို့ကို လေးစားကြောင်းနှင့် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် ဆက်လက်ရပ်တည် မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံတော်သမ္မတက မြန်မာနှင့် ဗီယက်နမ်တို့၏ သံတမန်ဆက်ဆံရေးသည် ၂၀၂၅ ခုနှစ်တွင် နှစ် ၅၀ ပြည့် ကျော်လွန်ခဲ့ပြီဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများတွင် တူညီမှုများရှိကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများအပြင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ကောင်းမွန်နေကြောင်း ပြောကြားသည်။
နှစ်ဖက်ဆွေးနွေးမှုတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး တိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ တိုးချဲ့ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံ ပါဝင်တက်ရောက်ရေးအပြင် နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံ အပြန်အလှန်ထောက်ခံရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ မြန်မာဘက်မှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Anh Duc နှင့် အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတသည် နိုင်ငံတော်သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပထမဆုံး တရားဝင် ပြည်ပခရီးစဉ်အဖြစ် မေလကုန်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ဇွန်လတွင် တရုတ် နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ထို့နောက် ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ခဲ့ပြီး ဩဂုတ်လနှောင်းပိုင်းတွင် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့လည်း တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံကလည်း နိုင်ငံတော်သမ္မတကို တရားဝင်ခရီးလာရောက်ရန်ဖိတ်ကြားထားပြီး ယခု ဗီယက်နမ်၏ ဖိတ်ကြားမှုသည် သမ္မတ တာဝန်ယူပြီးနောက် ဦးမင်းအောင်လှိုင်၏ နိုင်ငံရပ်ခြား တရားဝင်ခရီးစဉ်များ ဆက်တိုက်ပြုလုပ် နေသည့် ကာလအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

မေမျိုးမွန်
၂၆ ဩဂုတ်၊၂၀၂၆ (ရန်ကုန်)
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ နီးကပ်လာမှုကို ထင်ဟပ်စေသည့် ဖြစ်ရပ် တစ်ခုဖြစ်သကဲ့သို့ နိုင်ငံတကာသတင်းမီဒီယာများနှင့် လူမှုကွန်ရက်အသုံးပြုသူများအကြားလည်း သိသာ သည့် အာရုံစိုက်မှု ရရှိခဲ့ကြောင်းသိရှိရသည်။
သမ္မတဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဩဂုတ် ၁၈ ရက်တွင် တွေ့ဆုံဆွေး နွေးခဲ့ကြပြီး ယင်းတွေ့ဆုံမှုနှင့် ပတ်သက်သည့် သတင်းများကို နိုင်ငံတကာသတင်း မီဒီယာအများ အပြားက ဖော်ပြခဲ့ကြသကဲ့သို့ လူမှုကွန်ရက်ပလက်ဖောင်းများပေါ်တွင်လည်း ပျံ့နှံ့မှုအားကောင်းခဲ့သည်။
အထူးသဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင် Facebook စာမျက်နှာတွင် တင်ထားသည့် သမ္မတနှစ်ဦး တွေ့ဆုံမှု ရုပ်သံမှတ်တမ်းအတို (Reel) သည် ဩဂုတ် ၂၆ ရက်(ယနေ့)အထိ ကြည့်ရှုမှု ၂.၆ သန်းကျော် ရရှိထားသည်။ ယင်းကြည့်ရှုမှုအရေအတွက်သည် အဆိုပါ Facebook စာမျက်နှာတွင် ပြီးခဲ့သည့်တစ်လအတွင်း တင်ထားသည့် အခြား Reels များနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးအဆင့်တွင် ရှိနေပြီး သမ္မတနှစ်ဦးတွေ့ဆုံမှုအပေါ် လူမှုကွန်ရက်အသုံးပြုသူများ၏ စိတ်ဝင်စားမှု မြင့်မားခဲ့ကြောင်း ထင်ဟပ်နေသည်။
X လူမှုကွန်ရက်ပေါ်တွင်လည်း သမ္မတနှစ်ဦးတွေ့ဆုံမှုနှင့် ပတ်သက်သည့် သတင်းများ၊ ရုပ်သံမှတ်တမ်း များနှင့် သုံးသပ်ဖော်ပြချက်များ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ကြောင်းတွေ့ရှိရသည်။ ဩဂုတ် ၁၉ ရက်တွင် “Putin Hosts Myanmar Leader at Kremlin for Partnership Talks” ဟူသည့် ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည့် အကြောင်းအရာသည် X ပေါ်တွင် ရေပန်းစားသည့် သတင်းအကြောင်းအရာများအနက် တတိယနေရာအထိ ရောက်ရှိခဲ့ကြောင်း အချို့မီဒီယာများကဖော်ပြသည်။ ယင်းက သမ္မတနှစ်ဦး တွေ့ဆုံမှုသတင်းသည် သတင်းမီဒီယာများတွင်သာမက လူမှုကွန်ရက်ပလက်ဖောင်းများ ပေါ်တွင်ပါ အာရုံစိုက်ခံရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ကြောင်း ပြသခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ ယခုရုရှားခရီးစဉ်သည် သမ္မတတာဝန်ယူပြီးနောက် အိမ်နီးချင်းမဟုတ်သည့် နိုင်ငံတစ်နိုင်ငံသို့ ပထမဆုံးသွားရောက်သည့် တရားဝင်ခရီးစဉ်ဖြစ်ခြင်းကလည်း နိုင်ငံတကာ သတင်း မီဒီယာများ၏ စိတ်ဝင်စားမှုကို မြင့်တက်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ကြောင်း နိုင်ငံရေး သုံးသပ်သူတစ်ဦးကပြောသည်။
ထို့ပြင် သမ္မတနှစ်ဦး၏ ဆွေးနွေးမှုများမှာ သံတမန်ဆက်ဆံရေးသက်သက်သာမက စီးပွားရေး၊ စွမ်းအင်၊ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ နည်းပညာနှင့် အခြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် မှုကဏ္ဍများအထိ ကျယ်ပြန့်ခဲ့သည်။ ရေနံချက်စက်ရုံတည်ဆောက်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး၊ LNG ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် စစ်ရေးနည်းပညာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့ ပါဝင်ခဲ့သည်။ ထိုအချက်များကြောင့် ယခုတွေ့ဆုံမှု၏ သတင်းတန်ဖိုးကို ပိုမိုမြင့်မားစေခဲ့ကြောင်းလည်း အဆိုပါပုဂ္ဂိုလ်ကဆက်လက်သုံးသပ်သည်။
တစ်ဖက်တွင်လည်း မြန်မာနှင့် ရုရှားတို့သည် ပထဝီနိုင်ငံရေးတင်းမာမှုပြင်းထန်နေသည့် လက်ရှိကမ္ဘာ့ အခြေအနေတွင် နှစ်နိုင်ငံအကြား စီးပွားရေး၊ စွမ်းအင်၊ လုံခြုံရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်လာခြင်းသည် ဒေသတွင်းနှင့် နိုင်ငံတကာနိုင်ငံရေးအရပါ အဓိပ္ပာယ်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်အဖြစ်လည်း နိုင်ငံတကာသုံးသပ် သူများ၏ ရှုမြင်မှုများလည်းရှိနေသည်။
အချက်အလက်များအရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံပေါင်း ၄၈ နိုင်ငံခန့်ရှိ သတင်းမီဒီယာ ၄၀၀ ကျော်က သတင်းအပုဒ်ရေ ၁,၀၀၀ နီးပါး ရေးသားဖြန့်ဝေခဲ့ကြောင်းလည်း ပြည်တွင်းသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ယင်းကိန်းဂဏန်းများသည် အဆိုပါခရီးစဉ်များအပေါ် နိုင်ငံတကာသတင်းမီဒီယာများ၏ စိတ်ဝင်စားမှုနှင့် သတင်းဖြန့်ဝေမှုအတိုင်းအတာ ကျယ်ပြန့်ခဲ့ကြောင်း ပြသနေသည်။
ထို့အပြင် အဆိုပါသတင်းများနှင့် ပတ်သက်၍ လူမှုကွန်ရက်ပလက်ဖောင်းများပေါ်ရှိ တုံ့ပြန်မှုများကို ဆန်းစစ်ထားသည့်စစ်တမ်းတစ်ခုအရ အပြုသဘောဆောင်သည့် reaction များသည် ၉၀ ရာခိုင်နှုန်း ခန့်အထိ ရှိခဲ့ကြောင်းလည်း သိရသည်။ယင်းအချက်က သတင်းများပေါ်ရှိ လူမှုကွန်ရက်တုံ့ပြန်မှု များတွင် အပြုသဘောဆောင်သည့် သဘောထားများ အချိုးအစားမြင့်မားခဲ့ ကြောင်း ဖော်ပြနေသည်။
ယခုတွေ့ဆုံမှုအပေါ် နိုင်ငံတကာအာရုံစိုက်မှု မြင့်မားခဲ့ခြင်းသည် အကြောင်းရင်းများစွာ ပေါင်းစပ်နေ သည်ကို တွေ့ရသည်။ယင်းတို့မှာ သမ္မတဦးမင်းအောင်လှိုင်၏ သမ္မတတာဝန်ယူပြီးနောက် အိမ်နီးချင်း မဟုတ်သည့် နိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ်ဖြစ်ခြင်း၊ ရုရှားနှင့် မြန်မာအကြား စွမ်းအင်နှင့် ကာကွယ် ရေးအပါအဝင် မဟာဗျူဟာမြောက် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လာခြင်းနှင့် အနောက် နိုင်ငံများ၏ ဖိအားနှင့် ပိတ်ဆို့အရေးယူမှုများကြားတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာခြင်းတို့သည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ဖြစ်ပေါ်စေသည့် အဓိကနောက်ခံအကြောင်းရင်းများ ဖြစ်လာခဲ့သည်။
ထို့အပြင်ရုရှား-မြန်မာ မဟာဗျူဟာမြောက် ဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ကမ္ဘာ့နိုင်ငံရေးလေ့လာ သူများနှင့် သတင်းဌာနကြီးများက မျက်ခြေမပြတ် အထူးအာရုံစိုက် စောင့်ကြည့်နေကြခြင်းသည်လည်း အဓိကအကြောင်းရင်းများထဲတွင်ပါဝင်နေသည်။
ယင်းအခြေအနေများကို စုစည်းကြည့်လျှင် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့၏ ဩဂုတ် ၁၈ ရက် တွေ့ဆုံမှုသည် သာမန်နှစ်နိုင်ငံအဆင့် သံတမန်တွေ့ဆုံမှုတစ်ခုအဖြစ်သာ မဟုတ်ဘဲ မြန်မာ–ရုရှား ဆက်ဆံရေး၏ လက်ရှိအခြေအနေ၊ ပူးပေါင်းဆောင်ရွက်မှု အကျယ်အဝန်းနှင့် အနာဂတ်ဦးတည်ချက်တို့ကို ထင်ဟပ်စေသည့် ဖြစ်ရပ်တစ်ခုအဖြစ် နိုင်ငံတကာသတင်းမီဒီယာများနှင့် လူမှုကွန်ရက်အသုံးပြုသူများအကြား အာရုံစိုက်မှု ရရှိခဲ့သည်ဟု သုံးသပ်တင်ပြရပါသည်။
Page 4 of 282