ဧပြီ၂၂၊၂၀၂၆-
ရန်ကုန်၊မန္တလေးနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများတွင် လက်ရှိဓါတ်အားပေးချိန် ထက် တစ်နေ့လျှင်(၂) နာရီဓါတ်အားပိုမိုပေးမည်ဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က ပြောပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ၁၆ နာရီမှ ၁၈ နာရီ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၈ နာရီမှ နာရီ ၂၀ အထိ တိုးမြှင့်၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၁၄ နာရီမှ ၁၆ နာရီ အစား ၁၆ နာရီမှ ၁၈ နာရီအထိ တိုးမြှင့်၍လည်းကောင်း၊ အခြား ပြည်နယ် /တိုင်းဒေသ ကြီး များအတွက် ၁၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးနေမှုအစား အနည်းဆုံး ၁၄ နာရီ နေ့စဉ်ဖြန့်ဖြူး ပေးခြင်းကို ဧပြီလ ၂၂ ရက် ညနေ ၃ နာရီမှ စတင်တိုးမြှင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်များကို တွက်ချက်မှုများ ဆောင်ရွက်ပြီးနောက် ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေး သုံး ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့မှ လက်ရှိဓာတ် အားထုတ်လုပ်နေမှုအပြင် ပိုမိုရရှိလာသော သဘာဝဓာတ်ငွေ့ဖြင့် ထိရောက်မှု ရှိအောင် ဓာတ် အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အစီအမံများကို ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်၍ လျှပ်စစ် ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၂ ရက်နေ့၊ နံနက် က နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယခုလိုစီစဉ်ခဲ့တာဖြစ်ပါတယ်။
ယခုလိုပူပြင်းသည့် ယခုကာလများတွင် အများပြည်သူ လျှပ်စစ်ဓာတ်အား ပိုမို သုံးစွဲခွင့်ရရှိနိုင်ရန် ရရှိနိုင်သည့်စွမ်းအင်အရင်းအမြစ်များကို စနစ်တကျ စစ်ထုတ်သုံးစွဲပြီး Power Generation ကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက မှာကြားခဲ့ပါတယ်။
ဆောင်ရွက်ဆဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကိုလည်း အမြန်ဆုံး ပြီးစီး နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများအား တွန်းအားပေး ကြပ်မတ်သွားရန်၊ အကြမ်းဖက် ဖျက်ဆီးခံရသည့် အချို့သော ရေအားလျှပ်စစ်စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန် ဝန်ကြီးကပြောကြားပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင်လည်း အကြမ်းဖက် တိုက်ခိုက်မှုများ ခံရပြီး မိမိတို့ဝန်ထမ်းများ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုများကြောင့် နှောင့်နှေး ကြန့်ကြာမှု များ ရှိခဲ့ကြောင်းနှင့် စီမံကိန်းများပြီးစီးမှု နောက်ကျခဲ့ခြင်း ကြောင့် ပြည်သူလူထု၏ ဓာတ်အား လိုအပ်ချက်ကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ ကြောင်း၊ LNG သည် ဈေးနှုန်းကြီး မြင့်သော်လည်းလတ်တလောတွင် အချိန်အတိုင်းအတာ တစ်ခုအထိ ဖြည့်ဆည်း သုံးစွဲနေကြရ မှာဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် စီမံထားပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့ ကြောင်းသိရှိရပါတယ်။
-END-
NAYPYITAW, April 22 — Myanmar President U Min Aung Hlaing and Thailand’s Deputy Prime Minister and Minister of Foreign Affairs, Mr. Sihasak Phuangketkaew, met in Naypyitaw this morning to discuss bolstering bilateral cooperation on border stability, trade promotion, and Myanmar's ongoing peace processes.
During the meeting held at the Presidential Guest House, the leaders addressed key border challenges facing the two neighboring countries. The discussions focused heavily on joint efforts to eradicate online scams and illegal gambling operations, combat illicit drug trafficking, and resolve the persistent issue of cross-border transboundary haze. Furthermore, both sides deliberated on reopening trade routes to enhance cross-border commerce and economic exchange.
On the political and peacebuilding fronts, the dialogue covered Myanmar's cooperation in providing humanitarian assistance in accordance with the ASEAN Five-Point Consensus. The Myanmar administration elaborated on its recent invitations for internal peace dialogues, while exploring potential avenues for Thailand to assist and participate in Myanmar's broader peace initiatives.
The high-level meeting aimed to further elevate the long-standing diplomatic relations and good neighborly cooperation between the two nations. As part of the contextual briefing, Myanmar officials informed the Thai delegation about the convening of multiparty democratic general elections and the government's stated commitment to continuing its path toward democracy.
The meeting was attended by a high-level Myanmar delegation, including Union Minister for the President's Office U Khin Maung Yi, Union Minister for Foreign Affairs U Tin Maung Swe, Union Minister for National Planning, Investment and Foreign Economic Relations U Aung Kyaw Hoe, and Union Minister for Electric Power and Energy U Ko Ko Lwin. The Thai delegation included advisors to the Foreign Minister, Mr. Kallayana Vipattipumiprates and Gen. Nothapol Boonngam, alongside officials from the Royal Thai Embassy in Myanmar.
Concluding the talks, both nations agreed to further solidify their diplomatic ties and mutual friendship. They committed to expanding multifaceted cooperation across various key sectors, including agriculture, livestock, investment, electricity and energy, and manufacturing.
နေပြည်တော်၊ ဧပြီ ၂၂ - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Sihasak Phuangketkaew တို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အိမ်နီးချင်း နှစ်နိုင်ငံအကြား အဓိကရင်ဆိုင်နေရသည့် နယ်စပ်ရေးရာ စိန်ခေါ်မှုများကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားများ ပပျောက်ရေး၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ ဖြေရှင်းရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရေးကိုလည်း ပြောဆိုခဲ့ကြသည်။
နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အရ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။ မြန်မာအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံဘက်မှ ပါဝင်ကူညီမည့် အခြေအနေများ ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ယခုတွေ့ဆုံမှုသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် အိမ်နီးချင်းကောင်း ပူးပေါင်း ဆောင် ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် ရည်ရွယ်သည့် တွေ့ဆုံမှုတစ်ခု ဖြစ်သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့မှုနှင့် အစိုးရအဖွဲ့မှ နိုင်ငံတော်အား ဒီမိုကရေစီ လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေမှု အခြေအနေများကိုလည်း အသိပေး ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စ ုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ အမျိုးသား စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကျော်ဟိုးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့ တက်ရောက် ခဲ့ကြသည်။ ထိုင်းနိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်များ ဖြစ်ကြသည့် Mr. Kallayana Vipattipumiprates နှင့် Gen. Nothapol Boonngam တို့အပါအဝင် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယခု တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ဆက် လက်ခိုင်မာစေရေးအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ် လုပ်မှု လုပ်ငန်းများ အပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြကြောင်း သိရသည်။
-END-
၂၀ ဧပြီ၊၂၀၂၆
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ လာမည့်ရက်ပိုင်းအတွင်းလာရောက်လည်ပတ်မှာဖြစ်တယ်လို့သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ မစ္စတာဝမ်ယိသည် ကမ္ဘောဒီးယား၊ ထိုင်းနှင့်မြန်မာနိုင်ငံတွေကို ဧပြီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သွားရောက် လည်ပတ်မှာ ဖြစ်တဲ့အကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။
မစ္စတာဝမ်ယိ သည် မြန်မာနိုင်ငံတွင် သမ္မတသစ် ဦးမင်းအောင်လှိုင်၏ အစိုးရသစ် နှင့် လွှတ်တော်များ ပေါ်ပေါက်အပြီး ပထမဆုံးလာရောက်သည့် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။
မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ ၂၀၂၂ခုနှစ်ဇူလိုင်လနှင့် ၂၀၂၄ခုနှစ် ဩဂုတ်လတို့တွင် လာရောက်ခဲ့ပြီး နောက်အစိုးရအသစ်တာဝန်ယူပြီး နှစ်ပတ်ခန့်အကြာတွင် မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်ထားတာ ဖြစ်ပါတယ်။
သူဟာ ကာကွယ်ရေးဝန်ကြီး တုန်းကျွင်း နဲ့အတူ တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ ကာကွယ် ရေးဝန်ကြီးတွေအကြား ၂+၂ မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ယန္တရားရဲ့ ပထမဆုံးအကြိမ် အစည်းအဝေ းကိုလည်းတက်ရောက်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသို့ လာရောက်ရာမှာ တရုတ်ကာကွယ်ရေးဝန်ကြီး လိုပါလာခြင်း ရှိမရှိကိုတော့ ဖော်ပြမထားပါဘူး။
-END-
Nay Pyi Taw - April 18, 2026
With the aim of securing liquefied natural gas (LNG), liquefied petroleum gas (LPG), fertilizers, and crude oil from Russia to Myanmar at discounted prices, as well as guaranteeing quality and transit security, a Memorandum of Cooperation (MOC) on economic and technological cooperation was signed between Myanmar's Ministry of Electricity and Energy and Russia's Investment Development Fund "RC Investments" on April 16, 2026, in Russia.
During the visit to Russia, the Myanmar delegation led by Union Minister for Electricity and Energy U Ko Ko Lwin met with officials from Russia-based companies under the guidance and arrangement of the Russian Ministry of Energy. Through these meetings, arrangements for such a continuous, long-term supply were established based on the friendly relations between the two countries.
In addition, on the afternoon of that day, they met with the Russian company Inter RAO to discuss in detail matters concerning the construction of a coal-fired power plant, an oil refinery, and an LNG terminal at the Dawei Deep Seaport.
To strengthen the operations of the domestic energy sector, the discussions also included coordinating the capacity enhancement of natural gas turbines and engines currently used in Myanmar, their regular maintenance, and practical technical training related to turbine machinery.
It is reported that in addition to the recently signed economic and technological MOC, a further Memorandum of Understanding (MOU) between Myanmar's Ministry of Electricity and Energy and the Ministry of Energy of the Russian Federation will be signed in the near future. This MOU will cover increasing investments across the entire electricity and energy sector, as well as providing training for human resource development.
နေပြည်တော်-ဧပြီ၁၈၊၂၀၂၆
ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည် (LNG)၊ ရေနံဓာတ်ငွေ့ရည် (LPG)၊ ဓာတ်မြေဩဇာနှင့် ရေနံစိမ်းကုန်ကြမ်းများကို သက်သာသော ဈေးနှုန်းဖြင့် ရရှိရေး၊ အရည်အသွေးနှင့် လမ်းခရီးလုံခြုံမှု အာမခံချက်ရှိစေရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ Investment Development Fund “RC Investments” တို့အကြား စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (Memorandum Of Cooperation - MOC) ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ရုရှားနိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားခရီးစဉ်အတွင်း ရုရှားစွမ်းအင်ဝန်ကြီးဌာန၏ ကူညီပံ့ပိုးစီမံမှုဖြင့် ရုရှားအခြေစိုက် ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ စဉ်ဆက်မပြတ် ရေရှည်ထောက်ပံ့နိုင်မည့် အစီအမံများကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထိုနေ့မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံ Inter RAO ကုမ္ပဏီနှင့် တွေ့ဆုံကာ ထားဝယ်ရေနက်ဆိပ်ကမ်း၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံနှင့် LNG ဆိပ်ကမ်းတည်ဆောက်ရေး ကိစ္စရပ်များကိုပါ အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံအတွင်း စွမ်းအင်ကဏ္ဍ လည်ပတ်မှု ပိုမိုအားကောင်းစေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများအတွင်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် သဘာဝဓာတ်ငွေ့သုံး တာဘိုင်များ၊ အင်ဂျင်များ၏ စွမ်းအား မြှင့်တင်ရေး၊ ပုံမှန်ထိန်းသိမ်းပြုပြင်ရေးနှင့် တာဘိုင်စက်များနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာများကို လက်တွေ့လေ့ကျင့်သင်ကြားပေးရေး စသည့် အခြေအနေများကိုလည်း ထည့်သွင်းညှိနှိုင်းခဲ့ကြသည်။
ယခု ချုပ်ဆိုခဲ့သော စီးပွားရေးနှင့် နည်းပညာဆိုင်ရာ MOC အပြင် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ တစ်ရပ်လုံးတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်သင်ကြား ပေးခြင်းများပါဝင်မည့် နားလည်မှုစာချွန်လွှာ (Memorandum Of Understanding - MOU) တစ်ရပ်ကိုလည်း မကြာမီ အချိန်အတွင်း ထပ်မံရေးထိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အကျဉ်းချုပ်
- အမေရိကန်၏ ပိတ်ဆို့မှု ဆက်လက်ရှိနေပါက ရေလက်ကြားကို ပြန်ပိတ်မည်ဟု အီရန်က ဆိုသည်
-ရေလက်ကြား ပြန်ဖွင့်ခြင်းကို 'တောက်ပသော နေ့တစ်နေ့' ဟု ထရမ့်က ခေါ်ဆိုသည်
- နှစ်ဖက်ကြား သဘောထားကွဲလွဲမှုများ ကျန်ရှိနေသေးကြောင်း အီရန် အရာရှိက ပြောကြားသည်
- သင်္ဘောကုမ္ပဏီများက သတိကြီးစွာဖြင့် တုံ့ပြန်ကြသည်
- ဆွေးနွေးပွဲ ပြုလုပ်မည့် အချိန်ဇယားမှာ မသေချာသေးပေ
ဒူဘိုင်း/ဝါရှင်တန်၊ ဧပြီ ၁၇ (ရိုက်တာ) - လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို သောကြာနေ့တွင် ယာယီပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အကောင်းမြင်မှုများကို မြင့်တက်စေခဲ့သော်လည်း၊ မကြာ သေးမီက အမေရိကန် ရေတပ်မှ အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှုများ ဆက်လက်လုပ်ဆောင်နေပါက အဆိုပါ အရေးပါသော ရေကြောင်းလမ်းကို ပြန်လည်ပိတ်ဆို့နိုင်ကြောင်း တီဟီရန်က သတိပေးခဲ့သည်။
ကမ္ဘာ့စွမ်းအင်ကုန်သွယ်မှုအတွက် ကျဉ်းမြောင်းသော အဓိကရေကြောင်းလမ်းဖြစ်သည့် အဆိုပါရေ လက်ကြားကို ကြာသပတေးနေ့က အစ္စရေးနှင့် လက်ဘနွန်တို့အကြား သဘောတူညီခဲ့သော အမေရိကန် ကြားဝင်စေ့စပ်ပေးသည့် ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကာလကျန်ရှိနေချိန်အတွင်း ကုန်သွယ်ရေး သင်္ဘောများအားလုံးအတွက် ဖွင့်လှစ်ပေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရက်ချီ က လူမှု ကွန်ရက်ပေါ်တွင် ကြေညာခဲ့သည်။ အီရန်၏ မဟာမိတ် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့က တိုက်ပွဲဝင်လာ ပြီးနောက် အစ္စရေးက လက်ဘနွန်ကို ကျူးကျော်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့်အတူ အီရန်အပေါ် စစ်ပွဲစတင်ဆင်နွှဲခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးကာ ရေလက်ကြားအား လက်တွေ့တွင် ပိတ်ဆို့သွားအောင်လုပ်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အယ်ရီဇိုးနားပြည်နယ်ရှိ လူထုစုဝေးပွဲတစ်ခုတွင် အရက်ချီ၏ ကြေညာချက်သည် "ကမ္ဘာကြီးအတွက် ကြီးကျယ်ခမ်းနားပြီး တောက်ပသော နေ့တစ်နေ့" ဖြစ်ကြောင်း ယင်းကို ထောက်ခံသူများအား ပြောကြားခဲ့သည်။
သို့သော် နောက်ပိုင်း ထွက်ပေါ်လာသော နှစ်ဖက်စလုံး၏ ကြေညာချက်များနှင့် ရှင်းလင်းချက်များကြောင့် ရေကြောင်းသွားလာမှုများ မည်မျှမြန်မြန် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်ဆိုသည့်အပေါ် မသေချာမရေရာမှုများ ကျန်ရှိနေခဲ့ပြီး၊ သောကြာနေ့တွင် အချို့သော သင်္ဘောများသည် ရေလက်ကြားကို ဖြတ်သန်းရန် မအောင်မြင်ဘဲ ကြိုးပမ်းခဲ့ပြီးနောက် နောက်ကြောင်းပြန်လှည့်သွားသည်ကို တွေ့မြင် ခဲ့ရသည်။
သင်္ဘောများအားလုံး အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အီရန်က ပြောကြားခဲ့ပြီး ယင်းသည် စစ်မဖြစ်မီက မရှိခဲ့သော အခြေအနေဖြစ်သည်။ "ရန်လိုသော အင်အားစုများ" ဖြစ်သည့် အမေရိကန်နှင့် အစ္စရေးတို့နှင့် ဆက်စပ်နေသော စစ်သင်္ဘောများနှင့် သင်္ဘောများကိုမူ ဖြတ်သန်းခွင့် မပြုသေးကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ကိုးကားဖော်ပြသော ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
သောကြာနေ့ ညနေပိုင်းတွင် ကွန်တိန်နာသင်္ဘောများ၊ ကုန်တင်သင်္ဘောများနှင့် ရေနံတင်သင်္ဘောများ အပါအဝင် သင်္ဘောအစင်း ၂၀ ခန့်ပါဝင်သော အုပ်စုတစ်စုသည် ပင်လယ်ကွေ့ကို ဖြတ်၍ ဟော်မုဇ် ရေလက်ကြားဆီသို့ ဦးတည်သွားနေကြောင်း သင်္ဘောသွားလာမှု အချက်အလက်များက ပြသနေသော် လည်း၊ မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို ရှင်းလင်းစွာ မသိရဘဲ အများစုမှာ နောက်ကြောင်း ပြန်လှည့်သွားခဲ့ကြသည်။ ထိုအုပ်စုတွင် ပြင်သစ် သင်္ဘောလုပ်ငန်းစု CMA CGM မှ ပြေးဆွဲနေသော ကွန် တိန်နာသင်္ဘော ၃ စင်း ပါဝင်ပြီး သူတို့က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ယင်းသည် စစ်ပွဲ စတင်ပြီးကတည်းက ဖြတ်သန်းရန် ကြိုးပမ်းခဲ့သည့် အကြီးဆုံး သင်္ဘောအုပ်စု ဖြစ်သည်။
အီရန်က ယင်း၏ အရပ်ဘက် နျူကလီးယား စွမ်းအင် အစီအစဉ်ဖြစ်သည်ဟု ဆိုသော အခွင့်အရေးကို ကာကွယ်ပြောဆိုထားပြီး ယခုအချိန်အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အဓိက အငြင်းပွားဖွယ်ရာ ဖြစ်နေသော အီရန်၏ နျူကလီးယား အစီအစဉ်ကို နှစ်ဖက်စလုံးက မည်သို့ ဖြေရှင်းမည်ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အမေရိကန်အနေဖြင့် အီရန်၏ သန့်စင်ပြီး ယူရေနီယမ် သိုလှောင်ထားမှုများကို ဖယ်ရှားသွားမည်ဟု ထရမ့်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါရီ က အဆိုပါပစ္စည်းများကို မည်သည့်နေရာသို့မျှ လွှဲပြောင်းပေးမည်မဟုတ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။ သီးခြားအနေဖြင့်၊ လာမည့်သီတင်းပတ်တွင် သက်တမ်းကုန်ဆုံးမည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးနိုင်မည့် ပဏာမ သဘောတူညီချက်တစ်ရပ်ကို လာမည့်ရက်ပိုင်းအတွင်း ရရှိနိုင်မည်ဟု အီရန်က မျှော်လင့်ထားကြောင်း အီရန် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယင်းသည် အီရန် အပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးနှင့် စစ်လျော်ကြေးများ ရရှိရေး ဆွေးနွေးညှိနှိုင်းမှုများအတွက် အချိန်ပိုရစေနိုင်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။
ရေနံဈေးနှုန်းများ ထိုးကျသွားပြီး၊ စတော့ရှယ်ယာများ မြင့်တက်လာ
ရေလက်ကြားကို ဖြတ်၍ ရေကြောင်းသွားလာမှုများ ပြန်လည် စတင်နိုင်သည်ဟူသော သတင်းကြောင့် ရေနံဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး ကမ္ဘာလုံးဆိုင်ရာ စတော့ရှယ်ယာများ မြင့်တက်လာခဲ့သည်။
သင်္ဘောကုမ္ပဏီများက အီရန်၏ ကြေညာချက်ကို သတိကြီးစွာဖြင့် ကြိုဆိုခဲ့ကြသော်လည်း သင်္ဘောများ ပင်လယ်ကွေ့ အဝင်ဝသို့ မဖြတ်သန်းမီ မိုင်းအန္တရာယ် အပါအဝင် ရှင်းလင်းချက်များ လိုအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ရေတပ်က ရေကြောင်းလမ်း၏ အချို့နေရာများတွင် မိုင်း အန္တရာယ် မည်မျှရှိသည်ကို အပြည့်အဝ နားလည်ထားခြင်း မရှိကြောင်းနှင့် အဆိုပါဧရိယာကို ရှောင်ရှား ရန် စဉ်းစားသင့်ကြောင်း ရေကြောင်းသွားလာသူများအား သတိပေးခဲ့သည်။
သောကြာနေ့က ဗီဒီယိုကွန်ဖရင့် ပြုလုပ်ပြီးနောက် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်က အခြေအနေခွင့်ပြုပါက ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုကို ကာကွယ်ရန်အတွက် နိုင်ငံတကာ မစ်ရှင်တစ်ခုတွင် ပါဝင်ရန် ဆန္ဒရှိကြောင်း ဗြိတိန်က ပြောကြားခဲ့သည်။
သံတမန်ရေးရာ တိုးတက်မှု
ယခုသီတင်းပတ်ကုန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ထပ်မံပြုလုပ်နိုင်ခြေရှိကြောင်း ထရမ့်က ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဆွေးနွေးပွဲများ ပြုလုပ်ရန် မျှော်လင့်ထားသည့် ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ္မာဘတ်တွင် စုဝေးရန် ထောက်ပံ့ပို့ဆောင်ရေး ကိစ္စရပ်များအရ ထိုသို့ဖြစ်နိုင်ခြေမရှိ ကြောင်း အချို့သော သံတမန်များက ပြောကြားခဲ့သည်။ ဖျန်ဖြေရေး ကြိုးပမ်းမှုများတွင် ပါဝင်သော ပါကစ္စတန် သတင်းရင်းမြစ်တစ်ခုက လာမည့်အစည်းအဝေးတွင် ကနဦး နားလည်မှုစာချွန်လွှာ တစ်ရပ်ကို ရရှိနိုင်ပြီး၊ ထို့နောက် ရက်ပေါင်း ၆၀ အတွင်း ပြည့်စုံသော ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိ လာနိုင်ကြောင်း ပြောကြားခဲ့သည်။
သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အီရန်၏ ဒေါ်လာဘီလီယံနှင့်ချီသော ပိုင်ဆိုင်မှုများအား ထိန်းချုပ်ထားခြင်းကို ရုပ်သိမ်းပေးရန် သဘောတူညီချက် ရရှိထားကြောင်း အချိန်ဇယား မပေးဘဲ အီရန် အရာရှိကြီးတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ သောကြာနေ့နှောင်းပိုင်းတွင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို "သဘောတူညီမှု" သို့မဟုတ် "အရောင်းအဝယ်ကိစ္စ" ဟု အကြိမ်ကြိမ် ရည်ညွှန်းလေ့ရှိသော ထရမ့်က အယ်ရီဇိုးနားပြည်နယ် လူထုစုဝေးပွဲ၌ သူ့ကို ထောက်ခံသူများအား "မည်သည့်နည်းလမ်း၊ ပုံသဏ္ဍာန် သို့မဟုတ် ပုံစံဖြင့်မျှ ငွေကြေး အပေးအယူ လုပ်မည်မဟုတ်" ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန် ဆွေးနွေးပွဲများတွင် အမေရိကန်က အီရန်၏ နျူကလီးယား လှုပ်ရှားမှု အားလုံးကို နှစ် ၂၀ ကြာ ရပ်ဆိုင်းထားရန် အဆိုပြုခဲ့ပြီး အီရန်က ၃ နှစ်မှ ၅ နှစ်အထိ ရပ်နားရန် အကြံပြုခဲ့ ကြောင်း ယင်းအဆိုပြုချက်များကို သိရှိသူများက ပြောကြားခဲ့သည်။ သိုလှောင်ထားမှု၏ တစ်စိတ် တစ်ပိုင်းကို ဖယ်ရှားနိုင်မည့် အပေးအယူတစ်ခု၏ လက္ခဏာများ ရှိနေကြောင်း အီရန် သတင်းရင်းမြစ် နှစ်ခုက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် အလျင်စလို လုပ်ဆောင်မည်မဟုတ်ကြောင်း ထရမ့်က ရိုက်တာသို့ ပြောကြား ခဲ့သည်။ "ကျွန်တော်တို့ အီရန်နဲ့အတူ အေးအေးဆေးဆေးသွားပြီး ကြီးမားတဲ့ စက်ယန္တရားကြီးတွေနဲ့ စတင်တူးဖော်မယ်။ ပြီးရင် အမေရိကန်ကို ပြန်သယ်လာမယ်" ဟု သူက ဖုန်းအင်တာဗျူးတစ်ခုတွင် ပြော ကြားခဲ့သည်။ ယင်းက "နျူကလီးယား ဖုန်မှုန့်" ဟု ပြောဆိုခဲ့ပြီး ယင်းမှာ ပြီးခဲ့သည့်နှစ် ဇွန်လက အီရန်၏ နျူကလီးယား စက်ရုံများကို အမေရိကန်နှင့် အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အခြေအနေကို ရည်ညွှန်းခြင်းဖြစ်သည်။
ထရမ့်၏ အကောင်းမြင်မှုများရှိနေသော်လည်း၊ ပဏာမ သဘောတူညီချက် မရမီ "ဖြေရှင်းရန် ကွာဟ ချက်များ ကျန်ရှိနေသေးကြောင်း" အီရန် သတင်းရင်းမြစ်များက ရိုက်တာသို့ ပြောကြားခဲ့ပြီး၊ အကြီးတန်း ဘာသာရေးခေါင်းဆောင်များက သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲများတွင် အံတုသည့် လေသံဖြင့် ပြောကြားခဲ့ကြသည်။ "ကျွန်ုပ်တို့ လူမျိုးသည် အရှက်ခွဲခံရချိန်တွင် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်မည်မဟုတ်" ဟု ဘာသာရေးခေါင်းဆောင် အာမက် ခါတာမီ က ပြောကြားခဲ့သည်။
ကိုးကား−ရိုက်တာသတင်းဌာန
Page 3 of 270