၅ အောက်တိုဘာ၊၂၀၂၅ (နေပြည်တော်)-

▪️၂၀၂၇ ခုနှစ်တွင် ရွှေကမ်းလွန်စီမံကိန်း သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိမည်ဖြစ်ရာ ရန်ကုန်ဧရိယာဒေသရှိ စက်ရုံ၊ အလုပ်ရုံများကို ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရန် မကွေး-ရွှေတောင် ၁၄လက်မပိုက်လိုင်းအား ၂၀ လက်မ ပိုက်လိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အချိန်ကိုက်ဆောင်ရွက်သွားမည်ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှသိရှိရပါတယ်။

▪️စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့‌ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းအား အောက်တို ဘာလ ၄ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ယင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

▪️ထို့အပြင်၂၀၂၇-၂၀၂၈ ခုနှစ်တွင် ကမ်းလွန်စီမံကိန်းများမှ တိုးတက်ထွက်ရှိ လာမည့် သဘာဝဓာတ်ငွေ့ များပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပိုက်လိုင်းအဆင့်မြှင့်တင်ခြင်းနှင့် ပိုက်လိုင်း အသစ်သွယ်တန်း ခြင်းလုပ်ငန်းများကိုလည်း အစီအမံချမှတ်၍ အချိန်ကိုက် ဆောင်ရွက်   သွားကြ  ရန်လည်း ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူတွေကို မှာကြားခဲ့ပါတယ်။

▪️သဘာဝ ဓာတ်ငွေ့ များ ပို့လွှတ်ဖြန့်ဖြူးရာတွင် ပိုက်လိုင်းများ၏ ကြံ့ခိုင်မှုအားနည်း၍ လေလွင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေတဲ့အပြင် Metering System ဖြင့် စနစ်တကျ ဖြန့်ဖြူးနိုင်မှု အားနည်းသည့် အတွက်လည်း လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပွင့်လင်းစွာ ထောက်ပြပြောဆိုပါတယ်။

▪️ပြည်တွင်းတွင် သုံးစွဲလျက်ရှိသည့် သဘာဝဓာတ်ငွေ့များ၏ ၈၅ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကဏ္ဍတွင်  အဓိကဖြန့်ဖြူးပေးလျက်ရှိနေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကဏ္ဍ အသုံးပြု လျက်ရှိသည့် စက်ကိရိယာများ၏ စွမ်းဆောင် ရည်နိမ့်ကျမှုကြောင့် လေ့လွင့်ဆုံးရှုံး မှုများစွာ ဖြစ် ပေါ်လျက်ရှိတယ်လို့လည်းသိရပါတယ်။

▪️သဘာဝဓာတ်ငွေ့များလေလွင့်ဆုံးရှုံးမှုမရှိပါက ယခုလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကျော် ပိုမိုတိုးတက် ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါ  တယ်။

▪️မကွေး-ရွှေတောင် ပိုက်လိုင်း အဆင့်မြှင့်တင်ခြင်းအပြင် ဇောတိကကမ်းလွန်စီမံကိန်းမှ  ပြည်တွင်း  သို့ သဘာဝ ဓာတ်ငွေ့  ပို့လွှတ်   ဖြန့်ဖြူးရာတွင် အသုံးပြုလျက်ရှိသည့် ကံပေါက်-မြိုင်ကလေးး-ရန်ကုန် ၂၀ လက်မ  ပိုက်လိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မယ်  လို့သိရပါတယ်။

▪️ထို့အပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုက်လိုင်းများ အစားထိုးလဲလှယ်ခြင်း၊ ပိုက်လိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး သဘာဝ ဓာတ်ငွေ့ ထိန်း/ဖြန့် စခန်း  များမှ စက်ရုံတစ်ခုချင်းစီသို့ Metering စနစ်အသုံးပြု၍ ဖြန့်ဖြူးခြင်း များဆောင်ရွက်သွားမယ်လို့ လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#ymg/knl