#Local_News
Published 07 October 2025

▪️ မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲကို အောက်တိုဘာ (၁၀)ရက်မှ (၁၂)ရက်နေ့အထိ နေ့စဉ်မနက်(၉)နာရီခွဲမှ ညနေ(၅)နာရီအထိ ရန်ကုန်မြို့၊ အင်းယား လိတ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Centre(YCC)ခန်းမကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲကို ကိုဗစ်ကာလကရပ်နားထားခဲ့ပြီးနောက် ပြီးခဲ့သည့်၂၀၂၄ခုနှစ်တွင် ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

▪️ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံဘက်မှပြန်ခန်းပေါင်း(၅၀)ကျော်နှင့် ဗီယက်နမ်နိုင်ငံဘက်မှပြခန်းပေါင်း(၅၀)ခန့် ပါဝင်ပြသမည်ဖြစ်ပြီး လက်မှုအနုပညာပစ္စည်းများ၊ စားသောက်ကုန်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပလတ်စတစ်နှင့်ပတ်သက်သည့်ထုတ်ကုန် ပစ္စည်းများ၊ ပရိဘောဂအသုံးအဆောင်များနှင့် အိမ်အလှဆင်ပစ္စည်းများအပါအဝင်နှစ်နိုင်ငံထုတ်ကုန်ပစ္စည်းအမယ်များစွာပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times