▪️ပတ္တာနီ၊၇ အောက်တိုဘာ၊၂၀၂၅ — အင်္ဂါနေ့ နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်ဒေသ၊ ပတ္တာနီပြည်နယ် ယာရန်ခရိုင်ရှိ ဖာတိုနီတက္ကသိုလ်တွင် သေနတ်ကိုင်အဖွဲ့တစ်ဖွဲ့က ATM စက်ကို ဖောက်ခွဲပြီး လုံခြုံရေး အစောင့်များ၏ သေနတ်များကို လုယူသွားခဲ့ကြသည်။

▪️ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲမှုဌာန (Isoc) ၏ ပြောကြားချက်အရ သေနတ်ကိုင်အဖွဲ့ဝင် ငါးဦး  အထိ ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။

▪️နံနက် ၁၂ နာရီ ၅၃ မိနစ်ခန့်တွင် ထိုသူတို့သည် ခါအိုတွမ်ရပ်ကွက်တွင်ရှိ တက္ကသိုလ်၏ နောက်ဘက် တောင်ကုန်းတစ်ခုမှ လမ်းလျှောက်ဆင်းလာကြသည်။ ၎င်းတို့သည် ကျောင်းဝင်းရှေ့လုံခြုံရေးဂိတ်ရှိ အစောင့်နှစ်ဦးကို ခြိမ်းခြောက် ကြိုးတုပ်ကာ ၎င်းတို့၏ သေနတ်များကို လုယူခဲ့ကြသည်။

▪️ထို့နောက် တိုက်ခိုက်သူများသည် တက္ကသိုလ်ဂိတ်ဘေးရှိ အစ္စလမ်မစ်ဘဏ်၏ ATM စက်ကို ‌ပေါက်ကွဲ စေတတ်သောပစ္စည်းအသုံးပြုပြီး ဖောက်ခွဲခဲ့ကြသည်။ သို့သော်လည်း စက်ကို ဖွင့်နိုင်ခြင်း   မရှိသည့်  အတွက် သေတ္တာအတွင်းရှိ ငွေသားများကို မယူဆောင်သွာနိုင်ခဲ့ကြကြောင်းသိရသည်။

နောက်ဆုံးတွင် ၎င်းတို့သည် အရှုံးပေးကာ လုံခြုံရေးအစောင့်များထံမှ ခိုးယူလာသော သေနတ်များကိုသာ ယူဆောင်လျက် တောင်ကုန်းပေါ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

▪️စစ်သွေးကြွများသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ထောက်ပံ့ရန်အတွက် ပြည်သူလူထု၏ အကျိုးစီးပွားကို ဂရုမစိုက်ဘဲ ငွေကြေးကို အသည်းအသန်ဖြစ်နေကြကြောင်း သူတို့၏ မအောင်မြင်သော တိုက်ခိုက်မှုက ပြသနေသည်ဟု Isoc က ပြောသည်။ အဆိုပါဂိုဏ်းကို စုံစမ်းစစ်ဆေးပြီး လိုက်လံ  ရှာဖွေနေဆဲဖြစ်ကြောင်း Isoc ၏ တောင်ပိုင်းဌာနခွဲက ပြောကြားခဲ့သည်။

▪️ဤမအောင်မြင်သော ATM တိုက်ခိုက်မှုသည် ကပ်လျက် နာရာသီဝပ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရွှေခိုးမှုကြီးပြီးနောက် နှစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဖြစ်ရပ်သည် သူပုန်လှုပ်ရှားမှုများ  ကို ထောက်ပံ့ရန်အတွက် ရည်ရွယ်သည်ဟု အာဏာပိုင်များက ယုံကြည်ကြသည်။ ဩဂုတ်လကATM လုယက်မှုများနှင့် ၂၀၁၉ ခုနှစ်က ဆုန်ခလာတွင် ဖြစ်ပွားခဲ့သော ရွှေဆိုင်တိုက်ခိုက်မှုကြီးတို့တွင်လည်း  ၎င်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Source: Bangkok Post