#World_Health
Published 07 October 2025
▪️ အယ်ကိုဟောသောက်တဲ့အခါ နည်းနည်းနဲ့ မူးအောင်ဆိုပြီး အစာမရှိဘဲ သောက်လေ့ရှိပါတယ်။
▪️ ဒီလိုမျိုး သောက်တဲ့အခါ ခန္ဓာကိုယ်တွင်းထဲမှာ ဘာတွေဖြစ်လဲဆိုတာ လေ့လာကြည့်သင့်ပါတယ်။
▪️ စားသောက်လိုက်တဲ့အခါ အစာရေမျိုကနေ အစာအိမ်ထဲ ဖြတ်သန်းသွားပြီး အူသိမ်ဆီသို့ ရွေ့လျားကာ သွေးလမ်းကြောင်းကနေ စုပ်ယူသွားပါတယ်။
▪️ အစာအိမ်ထဲ အစာမရှိဘူးဆိုရင်တော့ သောက်သမျှအရည်တွေက အူသိမ်ထဲ မြန်မြန်ဆန်ဆန် ရောက်သွားပါတယ်။
▪️ အူသိမ်ဟာ မျက်နှာပြင်ပိုကျယ်ပြီး သွေးထဲသို့ အယ်ကိုဟောမြန်မြန် စုပ်ယူစေတာကြောင့် သွေးထဲက အယ်ကိုဟောဓာတ်ကို မြန်မြန်မြင့်တက်စေကြောင်း ဒေလီမြို့ PSRI ဆေးရုံမှ အသည်းအစားထိုးခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ဘူစ်ဟန်ဘိုလီက ရှင်းပြပါတယ်။
▪️ ထိုအခါမှာ ဦးနှောက်သို့ ပုံမှန်ထက်မြန်မြန်ရောက်စေပြီး ဦးနှောက်ပုံမှန်လုပ်ဆောင်ချက်ကို လွှမ်းမိုးသွားကာ အယ်ကိုဟောအာနိသင် ပိုမိုထိရောက်စေပါတယ်။
▪️ ဒါပေမဲ့ အမြင်ဖုံးသွားခြင်း၊ မူးဝေအော့အန်ခြင်း၊ အဆိပ်သင့်ခြင်းလိုမျိုး အန္တရာယ်တွေ ဖြစ်နိုင်ခြေများကာ မတော်တဆမှုတွေ ရေရှည်ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။
▪️ ဒါကြောင့် အယ်ကိုဟောမသောက်ခင်မှာ ပရိုတိန်း၊ ကျန်းမာသောအဆီ၊ ကာဗိုဟိုက်ဒရိတ်တို့ပါဝင်တဲ့ မျှတတဲ့အစားအစာ ကြိုတင်စားသုံးပေးသင့်ပါတယ်။
▪️ သောက်ရင်းနဲ့ စားပေးမယ်ဆိုရင် စုပ်ယူမှုနှုန်းနှေးပြီး ရုတ်တရက်အဆိပ်သင့်ခြင်းလည်း လျှော့ချပေးနိုင်ပါတယ်။
▪️ အစာမစားဘဲ အယ်ကိုဟောသောက်ခြင်းက နည်းနည်းနဲ့ မူးရစ်စေတယ်ဆိုပေမယ့် ခန္ဓာကိုယ်ကိုတော့ အန္တရာယ်ဖြစ်စေတာ သေချာပါတယ်။
Source: Indian Express