-သုထက်သာ

နီပေါမှ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှားနိုင်ငံအထိ တောင်အာရှတစ်လွှားတွင် နိုင်ငံရေးစည်းချက်အသစ်တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံတွင်းမကျေနပ်ချက်များသည် ကြီးမား  သောလှုပ်ရှားမှုများအဖြစ် လျင်မြန်စွာ ပြောင်းလဲလာနေပြီး ပညာရှင်များက ဤလျင်မြန်မှုကို ဒစ်ဂျစ်  တယ်ကူးစက်ပျံ့နှံ့မှုအဖြစ် ဖော်ပြနေကြသည်။

ဤလှုပ်ရှားမှုများသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသော စီးပွားရေးအခက်အခဲများနှင့် ကျယ်ပြန့်  လာနေသော မညီမျှမှုများတွင် အခြေခံနေသော်လည်း၊ အယ်လ်ဂိုရစ်သမ်များ၏ အခြေခံဒီဇိုင်းက တစ်ဦး ချင်းအမျက်ဒေါသများကို ဒေသဆိုင်ရာမီးပွားကြီးများအဖြစ် ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည်။

အယ်လ်ဂိုရစ်သမ်များက မီးဘယ်လိုမွှေးနေသနည်း

ဤဒစ်ဂျစ်တယ်ကွန်ရက်များက ဒေါသမီးပွားများကို ကျယ်ကျယ်ပြန့်ပြန့်လောင်ကျွမ်းသော မီးတောက်   များအဖြစ်သို့ မည်သို့ပြောင်းလဲပေးသနည်းဆိုသည်မှာ အရေးပါသောမေးခွန်းဖြစ်သည်။ ဤဖြစ်စဉ်က လှုပ်ရှားမှုများကို အရှိန်မြှင့်တင်ပေးသည့် တစ်ခုနှင့်တစ်ခုဆက်စပ်နေသော ယန္တရားသုံးခုပေါ်တွင် တည်မှီ ထားသည်။

၁။ ရှုပ်ထွေးသောကူးစက်ပျံ့နှံ့မှု- သမားရိုးကျဆန္ဒပြမှုများသည် ဖြည်းဖြည်းချင်းစုစည်းရသည့် သဘာဝ ရှိသော်လည်း အယ်လ်ဂိုရစ်သမ်များသည် ရှုပ်ထွေးသောကူးစက်ပျံ့နှံ့မှုကို လုပ်ဆောင်ပေးသည်။ တစ်ဦး  ချင်းစီသည် လှုပ်ရှားမည်ဟုဆုံးဖြတ်ခြင်းမပြုမီ အဆက်အသွယ်အမျိုးမျိုးနှင့် ကြိမ်ဖန်များစွာ ထိတွေ့မှု  လိုအပ်သည်။ တောင်အာရှတွင် WhatsApp အက်ပလီးကေးရှင်းများသို့ ရုံးတင် စစ်ဆေးမှုများဆိုင်ရာ သတင်းများ ဆက်တိုက်ပို့ခြင်း သို့မဟုတ် အကျင့်ပျက်ခြစားမှုကို လှောင်ပြောင်ထားသော ပို့စ်များ ထပ်ခါ   တလဲလဲ တင်ခြင်းဖြင့် တွေဝေနေမှုများကို ဖဲ့ထုတ်ပစ်ကာလူထုလှုပ်ရှားမှုအရှိန်ကို ခုခံ၍မရနိုင်တော့သည်အထိ ဖြစ်စေတော့သည် ။

၂။ အယ်လ်ဂိုရစ်သမ်ဖြင့်ပုံကြီးချဲ့မှု (Algorithmic Amplification)- ဤနေရာသည် မငြိမ်မသက်မှုများ၏ အဓိကအင်ဂျင်တည်ရှိရာဖြစ်သည်။ ပလက်ဖောင်းများရှိ ထိတွေ့ဆက်ဆံမှု (engagement) ဖြစ်ပေါ်  စေသော ပို့စ်များကို ဆုချရန်အတွက် အယ်လ်ဂိုရစ်သမ်များကို ဒီဇိုင်းထုတ်ထားသည်။ သုတေသနများအရ ဒေါသပါဝင်သော အကြောင်းအရာသည် ကြားနေအကြောင်းအရာထက် ခြောက်ဆပိုမို၍ ပြန်မျှဝေခြင်း (share)ခံရသည်ဟုဆိုသည်။ ရဲများ၏ ရက်စက်ကြမ်းကြုတ်မှု သို့မဟုတ် နိုင်ငံရေးအထက်တန်းလွှာ  များ၏ ဇိမ်ခံနေထိုင်မှုပုံစံများ ဗီဒီယိုများသည် လျင်မြန်စွာပျံ့နှံ့သွားသော်လည်း ကြားနေသတင်းများသည် ယင်းတို့ကို အများမြင်တွေ့ရရန် အတော်ရုန်းကန်နေရသည်။ ဤအမြောက်အများထိတွေ့မှုရထားသည့် ဒေါသကိုဖြစ်စေသော အကြောင်းအရာများသည် feeds များတွင် လွှမ်းမိုးနေပြီး၊ အယ်လ်ဂို ရစ်သမ်   များသည် ယင်းတို့ကို ဝင်းဒိုအတိုကလေးအတွင်း ဖိသွင်း၍ "သတင်းလွတ်သွားမည်ကို စိုးရိမ်သောစိတ်" (fear of missing out) ဖြစ်အောင် ဖန်တီးပေးသည်။

၃။ ကွန်ရက်ပေါင်းကူးများ- အယ်လ်ဂိုရစ်သမ်များသည် ပေါင်းကူးဆက်စပ်မှုများမှတစ်ဆင့် ရည်ရွယ်   ပုံဖော်ထားသော ဇာတ်ကြောင်းများကို နယ်နိမိတ်များကို ကျော်ဖြတ်နိုင်စေအောင်လုပ်ဆောင်သည်။  ရွှေ့ပြောင်းနေထိုင်သူအသိုင်းအဝိုင်းများ (ဥပမာ- ဥရောပရှိ ပါကစ္စတန်အသိုင်းအဝိုင်းများ) သို့မဟုတ် ကျောင်းသားသမဂ္ဂများနှင့် ယူကျု့တွင် သြဇာရှိသူများသည် ချိတ်ဆက်ပေးသူများအဖြစ် ဆောင်ရွက်ကြ သည်။ နိုင်ငံတစ်ခု၏ဆက်စပ်အခြေအနေမှ အခြားနိုင်ငံသို့ ကူးပြောင်းရောက်ရှိကာ ဒေသတွင်း ပဲ့တင်   သံများ ဖြစ်ပေါ်လာစေအောင် မဟာဗျူဟာများနှင့် ဇာတ်ကြောင်းများကိုဖန်တီးသည်။

ကုဒ်ကို မည်သူထိန်းချုပ်သနည်း၊ အဘယ်ကြောင့်နည်း (အမြတ်အစွန်းနှင့် အာဏာ)

ဤဒေသဆိုင်ရာအကျပ်အတည်းက ကျွန်ုပ်တို့အား ထိန်းချုပ်မှုနှင့် လှုံ့ဆော်မှုဆိုင်ရာ မေးခွန်းများကို ရင်ဆိုင်ရအောင်ဖန်တီးသည်။ ဆတ်ဆန်ထိမခံသည် ဒီမိုကရေစီများအဖြစ် ပုံဖော်ပေးနေသည့် အယ်လ်ဂို ရစ်သမ်များကို Silicon Valley နှင့် အခြားသော ကမ္ဘာ့နည်းပညာအချက်အချာဌာနများက ဒီဇိုင်းထုတ် ထားကြသည်။

၎င်းတို့၏ ဒီဇိုင်းနောက်ကွယ်မှ အဓိကလှုံ့ဆော်မှုမှာ ရှင်းလင်းလှသည်။ နိုင်ငံရေးဆိုင်ရာ ထိခိုက်မှုများကို စီမံခန့်ခွဲရန်မဟုတ်ဘဲ ထိတွေ့ဆက်ဆံမှု engagement ကို အများဆုံးရရှိစေရန် ဤအယ်လ်ဂို  ရစ်သမ်  များကိုတည်ဆောက်ထားခြင်းဖြစ်သည်။ ဤသည်မှာ အခြေခံအားဖြင့် စီးပွားရေးဆိုင်ရာ လှုံ့ဆော်မှုဖြစ်  ပြီး၊ သုံးစွဲသူများကို ပလက်ဖောင်းများပေါ်တွင် အချိန်ပိုကြာအောင် ဆက်လက်ထားရှိနိုင်ရန် ကော်ပို  ရေးရှင်းများ၏ မောင်းနှင်အားတစ်ခုဖြစ်သည်။ သို့သော် ဤအမြတ်အစွန်းမောင်းနှင်သော ဒီဇိုင်း၏ မရည်  ရွယ်ဘဲ ဖြစ်ပေါ်လာသော အကျိုးဆက်မှာ ကြီးမားသော နိုင်ငံရေးမတည်ငြိမ်မှုဖြစ်သည်။

အစိုးရများက ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြသော်လည်း (ဥပမာ- နီပေါက အဓိကပလက်ဖောင်းခြောက်ခုသို့ ဝင်ရောက်ခွင့်ကို ဖြတ်တောက်ခြင်း သို့မဟုတ် ပါကစ္စတန်က အင်တာနက်ကို ပိတ်ဆို့၍ ကန့်ကွက်  ဆန္ဒပြမှုများကို နှိမ်နင်းခြင်း)၊ လှုပ်ရှားမှုများ၏ ပင်မကိရိယာများသည် အမျက်ဒေါသကို ဆုချသည့် ကော်ပိုရိတ်အယ်လ်ဂိုရစ်သမ်များရှိ ကုဒ်များထဲတွင် ရှိနေဆဲဖြစ်သည်။

နိဂုံး

အယ်လ်ဂိုရစ်သမ်များသည် အရှိန်မြှင့်တင်ပေးရုံသာဖြစ်ပြီး၊ ဤလူထုလှုပ်ရှားမှုများ၏ လျှို့ဝှက် လောင်စာ    ဆီမှာ နက်ရှိုင်းစွာအမြစ်တွယ်နေသော စီးပွားရေးအခက်အခဲများဖြစ်ကြောင်း အသိအမှတ်ပြုရန် အရေး    ကြီးသည်။

အယ်လ်ဂိုရစ်သမ်များသည် ဤသိသာထင်ရှားသော ကွာဟချက်တို့ကို  ခပ်လွယ်လွယ်ပင် ပုံကြီးချဲ့ပေးပြီး၊ လူတို့၏ အလားအလာများ အကန့်အသတ်ဖြစ်နေရခြင်းက နိုင်ငံရေးအထက်တန်းလွှာများ၏ အခွင့်အရေး   များနှင့်နှိုင်းယှဉ်ပါက မတရားကြောင်း လူများကို ယုံကြည်သွားအောင်လုပ်ပေးလိုက်သည်။

အမြတ်အစွန်းကိုသာ ဦးတည်သော နည်းပညာကုမ္ပဏီများ၏ ကိုယ်ကျိုးရှာပြီး တာဝန်မဲ့သော ရွေးချယ် မှုများက ၎င်းတို့၏ ပလက်ဖောင်းများကို လူမှုရေးမတည်ငြိမ်မှုများ၏ ကိရိယာများအဖြစ် ပြောင်းလဲ ပစ်စေခဲ့သည်။ အခြားသောအရာများထက် ထိတွေ့ဆက်ဆံမှု engagementကိုသာ ဦးစားပေးသည့် အယ်လ်ဂိုရစ်သမ်များကို ဒီဇိုင်းရေးဆွဲခြင်းဖြင့်၊ ဤကုမ္ပဏီများသည် လူမှုရေးစိတ်ဝမ်းကွဲပြားမှုများမှ အကျိုးအမြတ်ရရှိစေမည့် "ဒေါသဖြစ်စေသော စက်" များကို တမင်တကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဒေါသနှင့် ကွဲပြားမှုဖြစ်စေသော အကြောင်းအရာများကို အားပေးသည့် အယ်လ်ဂိုရစ်သမ်များ၏ ဆုပေး စနစ်သည် မရည်ရွယ်ဘဲ ဖြစ်ပေါ်လာသော အကျိုးဆက်တစ်ခုမဟုတ်ပါ။ ၎င်းသည် နိုင်ငံ တစ်နိုင်ငံလုံး၏ လူမှုဖူလုံရေးထက် အသုံးပြုသူများ၏ ကလစ်များ clicks နှင့် ကြော်ငြာဝင်ငွေကိုသာ တန်ဖိုးထားသော စီးပွားရေးပုံစံ၏ တိုက်ရိုက် အကျိုးဆက်ရလဒ်ဖြစ်သည်

နိဂုံးချုပ်အားဖြင့်၊ လူ့အဖွဲ့အစည်းများသည် စီးပွားရေးအခက်အခဲနှင့် နည်းပညာကုမ္ပဏီများ၏ ဂရုမစိုက်သော အပြုအမူဟူသော ဖိအားနှစ်ရပ်ကို မကိုင်တွယ်နိုင်သရွေ့၊ နောက်ထပ် viral ဖြစ်သော လူထုလှုပ်ရှားမှုတစ်ရပ် ဖြစ်လာနိုင်ခြေမှာ ကလစ်တစ်ချက်နှိပ်ရုံသာ လိုတော့သည်။ ဤသည်မှာ ၎င်းတို့ ဖန်တီးခဲ့သည့် မတည်ငြိမ်မှုများအတွက် ဤကုမ္ပဏီများကို တာဝန်ယူ တာဝန်ခံမှုရှိစေရန်ဖြစ်ပြီး ဒစ်ဂျစ်တယ်ခေတ်တွင် ကော်ပိုရိတ်တာဝန်ယူမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ တွေးခေါ်မှုအသစ်များကို မျက်မှောက်အခြေအနေများက တောင်းဆိုနေသည်။

Reference : When Algorithms Ignite Uprisings: The Science Behind South Asia’s Viral Movements by thesciencematters.org