#World_Science
Published 06 October 2025

▪️ ကျွန်ုပ်တို့ရဲ့ နေစကြဝဠာအပြင်ဘက်မှာ ကြယ်တွေကိုလှည့်ပတ်နေတဲ့ ပြင်ပဂြိုဟ်ပေါင်း ၆ ထောင်ခန့်ကို နာဆာက တွေ့ရှိထားပါတယ်။

▪️ နာဆာပြင်ပဂြိုဟ်သိပ္ပံအဖွဲ့အစည်းက ရေတွက်တာဖြစ်ပြီး ဆယ်စုနှစ် ၃ ခုကျော် စူးစမ်းရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။

▪️ ရှာဖွေမှုက ၁၉၉၅ မှာ စတင်တာဖြစ်ပြီး နေကဲ့သို့ကြယ်တစ်ခုကို လှည့်ပတ်နေတဲ့ ပထမဆုံးဂြိုဟ်ကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

▪️ ဘယ်လိုရှာတွေ့လဲဆိုရင် ဂြိုဟ်က ကြယ်ရှေ့ကဖြတ်တဲ့အခါ ခဏတာ အရောင်မှိန်သွားတာဖြစ်ပြီး အခြားနည်းလမ်းတွေနဲ့လည်း ရှာတွေ့ကြပါတယ်။

▪️ တွေ့ရှိတဲ့အရာတွေက အမျိုးမျိုးဖြစ်ကြပြီး အရွယ်အစား၊ အကွာအဝေး မျိုးစုံဖြစ်ပါတယ်။

▪️ ကျွန်ုပ်တို့ နေစကြဝဠာနဲ့ယှဉ်ရင် ကျောက်သားဂြိုဟ်တွေ ပိုမိုမြင်ရပါတယ်။

▪️ ကမ္ဘာ့အရွယ်အစားလောက်ရှိတဲ့ ဂြိုဟ်တွေ၊ သမုဒ္ဒရာဖုံးလွှမ်းနေတဲ့ ကမ္ဘာတွေလည်း မြင်တွေ့ရပါတယ်။

▪️ ပြင်ပဂြိုဟ်လေထုတွေကို လေ့လာခြင်းဖြင့် ဇီဝအမှတ်အသားတွေ တွေ့ရှိရနိုင်ပြီး သက်ရှိတည်ရှိမှုအကြောင်း အရိပ်အမြွက်တွေ မြင်လာရနိုင်ပါတယ်။

▪️ Nancy Grace Roman Space တယ်လီစကုပ်နဲ့ Habitable Worlds မှန်ပြောင်းများဖြင့် သက်ရှိတွေရှိနိုင်တဲ့ ဂြိုဟ်တွေကို ရှာဖွေလာနိုင်မှာ ဖြစ်ပါတယ်။

▪️ နဂါးငွေ့တန်းဂလက်ဆီထဲမှာ ပြင်ပဂြိုဟ်ဘီလီယံနဲ့ချီ တည်ရှိနေနိုင်ပြီး တီထွင်ဖန်တီးကိရိယာများဖြင့် ယင်းတို့ရဲ့သဘာဝအကြောင်း ပိုမိုသိရှိလာနိုင်မှာ ဖြစ်ပါတယ်။

Source: WION.