#World_Health
Published 06 October 2025
▪️ အချို့သောဟင်းရွက်တွေက ကြိုက်သလောက် စားသုံးနိုင်ပြီး သကြားဓာတ်နည်းတဲ့ အသီးတွေကတော့ အချိုးအစားနဲ့ စားသုံးကြပါတယ်။
▪️ ဖရဲသီး ၁၀၀ ဂရမ်မှာဆိုရင် ၃၀ ကယ်လိုရီသာ ပါဝင်ပြီး မုန်လာဥနီဆိုရင် ၄၀ ကယ်လိုရီ ပါဝင်ပါတယ်။
▪️ မတူတာက ကယ်လိုရီအရေအတွက်သာမဟုတ်ဘဲ ခန္ဓာကိုယ်အစာခြေပုံ၊ သကြားစုပ်ယူပုံတို့ကလည်း ပတ်သက်နေပါတယ်။
▪️ မုန်လာဥနီ၊ ငရုတ်ပွသီး၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ဂေါ်ဖီတို့မှာ ကာဗိုဟိုက်ဒရိတ်နည်းပါးပြီး အမျှင်များပြားပါတယ်။
▪️ ဒါကြောင့် သကြားစုပ်ယူမှု အလွန်နည်းသွားပြီး ဗိုက်ပြည့်ဝနေစေကာ ကြိုက်သလောက် စားသုံးနိုင်တာ ဖြစ်ပါတယ်။
▪️ အသီးအနှံကတော့ ကယ်လိုရီနည်းပေမယ့် လျင်မြန်စွာချေဖျက်စုပ်ယူနိုင်တာကြောင့် ခွဲခြားစားသုံးရတာ ဖြစ်ပါတယ်။
▪️ ကစီဓာတ်မပါတဲ့ ဟင်းရွက်တွေဖြစ်တဲ့ မုန်လာဥနီ၊ ငရုတ်ပွသီး၊ သခွားသီး၊ ဂေါ်ဖီတို့က စိတ်ကြိုက်စားသုံးနိုင်ပါတယ်။
▪️ အာလူး၊ ပြောင်းဖူး၊ ကန်စွန်းဥတို့ကတော့ ကာဗိုဟိုက်ဒရိတ်လို့ ယူဆရပါတယ်။
▪️ အသီးအနှံတွေကတော့ ကယ်လိုရီနည်းတယ်ဆိုရင်တောင် ခွဲခြားစားသုံးရပါမယ်။
▪️ အသီးအနှံတွေ စားသုံးရင် သွေးတွင်းသကြားဓာတ် မြန်မြန်မြင့်တက်စေပါတယ်။
▪️ ဒါပေမဲ့ အသီးကို ဒိန်ချဉ်၊ ဒိန်ခဲ၊ အခွံမာသီးတို့လို ပရိုတိန်း၊ အဆီဓာတ်တို့နဲ့ တွဲစားရင်တော့ အစာချေဖျက်မှု နှေးသွားပြီး သကြားဖြည်းဖြည်းချင်း စုပ်ယူသွားပါတယ်။
▪️ ဒါကြောင့် ဒီလိုပေါင်းစပ်မှုက ဗိုက်ပြည့်စေရုံမက ခန္ဓာကိုယ်ထဲ သကြားဓာတ် များပြားစေနိုင်ပါတယ်။
Source: The Jerusalem Post.