#World_Health
Published 07 October 2025
▪️ မဂ္ဂနီဆီယံက ခန္ဓာကိုယ်မှာ လုပ်ဆောင်ချက်အမျိုးမျိုးအတွက် မရှိမဖြစ်သတ္တုဓာတ်ဖြစ်ပြီး အိပ်စက်မှုကို အထောက်အကူဖြစ်တယ်လို့လည်း ယူဆချက်အချို့ ရှိပါတယ်။
▪️ အခုအခါ အွန်လိုင်းနာမည်ကြီးပုဂ္ဂိုလ်တွေက မဂ္ဂနီဆီယံကို ကောင်းစွာအိပ်စက်နိုင်ရေးအပြင် အခြားသော ကျန်းမာရေးပြဿနာများအတွက်လည်း လိမ်းဆေးပုံစံအဖြစ် အသုံးပြုနိုင်ကြောင်း ပြောလာကြပါတယ်။
▪️ ခြေထောက်ကို မဂ္ဂနီဆီယံလိမ်းပေးခြင်းဖြင့် အိပ်စက်မှုအရည်အသွေး ကောင်းစေတယ်လို့ လူပြောများနေပါတယ်။
▪️ ခန္ဓာကိုယ်အနှံ့လိမ်းပေးရင် နာမကျန်းမှုများကို သက်သာစေတယ်လို့လည်း ပြောကြပါတယ်။
▪️ ဆေးအသုံးပြုတဲ့အခါ ပါးစပ်ကနေ သောက်ခြင်းက သွေးထဲသို့ လျင်မြန်စွာစုပ်ယူနိုင်တာကြောင့် အကောင်းဆုံးဖြစ်ပါတယ်။
▪️ ဒါပေမဲ့ မဂ္ဂနီဆီယံက အရေပြားကနေ စုပ်ယူနိုင်တယ်ဆိုတဲ့ အထောက်အထားတော့ သိပ်မရှိပါဘူး။
▪️ မဂ္ဂနီဆီယံကို လိမ်းကြတာက နှိပ်နယ်ခြင်းသဘောမျိုး ဒါမှမဟုတ် လိုးရှင်းပါဝင်ပစ္စည်းဖြစ်တာကြောင့် ဒီလိုမျိုး ယူဆတာ ဖြစ်နိုင်တယ်လို့ ဟားဗတ်တက္ကသိုလ်မှ အရေပြားအထူးကု နီကိုလတ်စ်သီယိုဒိုဆာကစ်က ပြောပါတယ်။
▪️ ခြေထောက်ကဏာမငြိမ်ခြင်းလိုမျိုး အခြေအနေမှာတော့ မဂ္ဂနီဆီယံလိမ်းခြင်းက ထိရောက်မှုရှိခြင်းကို ဆေးပညာအရ အထောက်အထားတွေရှိပါတယ်။
▪️ မဂ္ဂနီဆီယံလိမ်းဆေးက အိပ်စက်ခြင်းနဲ့ ကျန်းမာရေးပြဿနာများကို ထောက်ကူပေးနိုင်တယ်ဆိုတဲ့ သက်သေအခိုင်အမာ မရှိပေမယ့် အနည်းဆုံးတော့ ဘေးအန္တရာယ်မဖြစ်စေဘူးလို့ ပြောထားပါတယ်။
Source: NPR