၁၀ နိုဝင်ဘာ၊၂၀၂၅-

◾️BBC ၏ ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေဗီTim Davie နှင့် သတင်းဌာန အကြီးအကဲ ဒီဘိုရာတာနက်စ် Deborah Turness တို့သည် နိုင်ငံရေးဘက်လိုက်မှုဆိုင်ရာ စွပ်စွဲချက်များ၊ အထူးသဖြင့် ၂၀၂၁ ခုနှစ် အမေရိကန် ကက်ပီတယ်လ (Capitol) အဓိကရုဏ်းကို ဒေါ်နယ်ထရမ့်က အားပေးတိုက်တွန်းပုံ ပေါက်အောင် တည်းဖြတ်ထားသည့် Panorama မှတ်တမ်းရုပ်ရှင်ကြောင့် နုတ်ထွက်ခဲ့ကြရသည်။

◾️ပေါက်ကြားခဲ့သော အတွင်းပိုင်း အစီရင်ခံစာတစ်ခုတွင် အစ္စရေး-ဟားမတ်စ် စစ်ပွဲ၊ လိင်ပြောင်း   လဲသူများဆိုင်ရာ အငြင်းပွားမှုများနှင့် ထရမ့်၏ မိန့်ခွန်းတည်းဖြတ်မှု အပါအဝင် ကိစ္စရပ်များစွာအပေါ် BBC ၏ သတင်းတင်ဆက်ပုံများကို ဝေဖန်ထားသည်။ BBC Arabic ဌာနသည် အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှုကို ပြသခဲ့ပြီး ဝန်ထမ်းအချို့က လိင်ပြောင်းလဲသူ တက်ကြွ  လှုပ်ရှားသူများကို ထိခိုက်သည်  ဟု သူတို့ယူဆသည့် သတင်းတင်ဆက်မှုများကို ဖုံးကွယ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။

◾️ “အမှားအယွင်းများ ရှိခဲ့ကြောင်း" Davie က ဝန်ခံခဲ့သော်လည်း ယုံကြည်စိတ်ချရသော သတင်း  ပညာရပ်အတွက် BBC ၏ ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်းကိုမူ သူကခုခံ ကာကွယ်ပြောဆိုခဲ့သည်။ Turnessကမူ ဌာနတွင်း ဘက်လိုက်မှု ရှိသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ သူတို့၏ နုတ်ထွက်မှုသည် BBC ဘုတ်အဖွဲ့ကို အံ့အားသင့်စေခဲ့သည်ဟု ဆိုကြပြီး၊ ၂၀၂၇ ခုနှစ်တွင် ယင်း၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးရန်အတွက် နိုင်ငံရေးဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ဖြစ်  ပွားခဲ့ခြင်း ဖြစ်သည်။

တုံ့ပြန်မှုများ

◾️ ထရန့်က သူတို့နှစ်ဦးကို "အလွန်မရိုးသားသူများ" ဟု ခေါ်ဝေါ်ခဲ့ပြီး BBC ကို ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်သည်ဟု စွပ်စွဲလိုက်သည်။

◾️ ယူကေ (UK) ယဉ်ကျေးမှုဝန်ကြီးက မတည်ငြိမ်သော နှစ်များအတွင်း အသံလွှင့်ဌာနကို ဦးဆောင်   လမ်းပြခဲ့မှုအတွက် Davie ကို ချီးကျူးခဲ့သည်။

◾️ ဗြိတိန်၏ သဘောထားကွဲပြားသော မီဒီယာဝန်းကျင် အလယ်တွင် ဘက်မလိုက်မှုကို ထိန်းသိမ်းရန် BBC ၏ ဆက်လက်ရုန်းကန်နေရမှုကို ဤအငြင်းပွားဖွယ်ရာက မီးမောင်းထိုးပြနေကြောင်း လေ့လာသူ များက ပြောကြားသည်။

ကိုးကား-ရိုက်တာသတင်းများ