၁၂ စက်တင်ဘာ ၂၀၂၅

အသက် ၂၂ နှစ်အရွယ် တေလာ ရော်ဘင်ဆင် (Tyler Robinson) ကို အမေရိကန် ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီ ကတ်ခ် (Charlie Kirk)အား သေနတ်ဖြင့် ပစ်သတ်သည်ဟု သံသယရှိသူအဖြစ် ဖော်ထုတ်ဖမ်းဆီးမိခဲ့သည်။

ရော်ဘင်ဆင်သည် ဒေသခံတစ်ဦးဖြစ်ပြီး တက္ကသိုလ်ကျောင်းသားမဟုတ်ပါ

◾️ချာလီ ကတ်ခ်အကြောင်

ကွန်ဆာဗေးတစ် မီဒီယာပုဂ္ဂိုလ်နှင့် သမ္မတ ဒေါ်နယ်လ် ထရန့်မ်၏ မဟာမိတ်ဖြစ်သူ ကတ်ခ် (အသက် ၃၁ နှစ်) သည် ယူတား ဗယ်လီ တက္ကသိုလ် (Utah Valley University) တွင် လူ ၃,၀၀၀ ခန့်ရှေ့၌ မိန့်ခွန်းပြောနေစဉ် ဗုဒ္ဓဟူးနေ့တွင် လည်ပင်းကို သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး မကြာမီ သေဆုံးခဲ့သည်။

◾️သံသယရှိသူအား ဖမ်းဆီးရမိခြင်း

နှစ်ရက်ကြာ ဖက်ဒရယ်ရှာဖွေမှုအပြီးတွင် ရော်ဘင်ဆင်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ရော်ဘင်ဆင်၏ မိသားစုဝင်တစ်ဦးက သူငယ်ချင်းတစ်ဦးကို ဆက်သွယ်ခဲ့ပြီး ထိုသူငယ်ချင်းက အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးသူများသည် စောင့်ကြည့်ကင်မရာ မှတ်တမ်းများမှ ရော်ဘင်ဆင်ကို ဖော်ထုတ်ခဲ့ပြီး မိသားစုဝင်များက သူသည် Dodge Challenger ကားကို မောင်းကြောင်း အတည်ပြုခဲ့သည် ။ သူ၏အခန်းဖော်ကလည်း ရိုင်ဖယ်သေနတ်အကြောင်းပြောထားသည့် Discord မက်ဆေ့ချ်များကို မျှဝေခဲ့သည် ။

◾️ဒေါ်နယ်လ် ထရန့်မ်၏ မှတ်ချက်များ:

သမ္မတ ထရန့်မ်ကိုယ်တိုင်က သံသယရှိသူကို ဖမ်းဆီးမိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။ ကတ်ခ်ကို သတ်ခဲ့သူအား သေဒဏ်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး ကတ်ခ်ကို "အကောင်း  ဆုံးပုဂ္ဂိုလ်"၊ "တော်တဲ့သူ"၊ "သားတစ်ယောက်လို" ဟု ချီးကျူးခဲ့သည်။

◾️တွေ့ရှိရသော သက်သေအထောက်အထားများ

ရာဇဝတ်သားသည် တက္ကသိုလ်ခေါင်မိုးပေါ်မှ ထွက်ပြေးပြီး ကားပါကင်ဘက်သို့ ဆင်းကာ အနီးနားရှိ သစ်တောထဲသို့ ဝင်ရောက်ခဲ့ကြောင်း စောင့်ကြည့်ကင်မရာ မှတ်တမ်းများအရ သိရသည်။

 သစ်တောထဲမှ အသုံးပြုသည်ဟု ယူဆရသော "အားအကောင်းဆုံး၊ bolt-action ရိုင်ဖယ်သေနတ်" (Mauser .30-06 bolt-action rifle) တစ်လက်ကို ပြန်လည်တွေ့ရှိခဲ့သည်။

ကျည်ခွံများပေါ်တွင် ထူးဆန်းသော စာတမ်းများ ရေးထိုးထားသည်ကိုလည်း တွေ့ရသည်။

◾️နောက်ဆက်တွဲအခြေအနေများ

ရော်ဘင်ဆင်ကို ယူတားခရိုင် (Utah County) ထောင်တွင် ထိန်းသိမ်းထားပြီး ပြင်းထန်သောလူသတ်မှု အပါအဝင် ကနဦးစွဲချက်များ တင်ထားသည်။

 အုပ်ချုပ်ရေးမှူး ကော့ခ် (Cox) နှင့် ထရန့်မ်တို့က သေဒဏ်ပေးရန် တောင်းဆိုမည်ဟု ကတိပြုထားသည်။ ရော်ဘင်ဆင်သည် ဖက်ဒရယ်စွဲချက်များလည်း ရင်ဆိုင်ရဖွယ်ရှိသည်။

◾️ဖြစ်ရပ်၏ အကျိုးဆက်များ

ကတ်ခ်၏ သေဆုံးမှုသည် အမေရိကန်သမိုင်းတွင် အရေးကြီးသော အလှည့်အပြောင်း (watershed) တစ်ခုကို ကိုယ်စားပြုသည်ဟု အုပ်ချုပ်ရေးမှူး ကော့ခ်က ပြောကြားခဲ့သည် ။ ကတ်ခ်၏ သေဆုံးမှုကြောင့် အမေရိကန်ရှိ ကွန်ဆာဗေးတစ်များအကြား ဒေါသလှိုင်းများ ဖြစ်ပေါ်လာခဲ့ပြီး တချို့ ထရန့်မ်ကို ထောက်ခံသူများက ၎င်းသည် လက်ဝဲယိမ်းနိုင်ငံရေး၏ ရန်လိုမှု၏ အထွတ်အထိပ်ဖြစ်သည်ဟု စွပ်စွဲခဲ့သည် ။

Source: News wires