၁။ မြန်မာ–မလေးရှား နှစ်နိုင်ငံဆက်ဆံရေး

  • နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မလေးရှားနိုင်ငံ တရားဝင်ခရီးစဉ်ကို ကြိုဆိုပြီး ဖိတ်ကြားချက်လက်ခံခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား။


  • မြန်မာ–မလေးရှား နှစ်နိုင်ငံအကြား ကာလရှည်ကြာ ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့ကြောင်း ဖော်ပြ။


  • မကြာသေးမီကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး၌ အတားအဆီးအချို့ ရှိခဲ့သော်လည်း ယခုအချိန်သည် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်မြှင့်တင်ရမည့် အချိန်ဖြစ်ကြောင်း ပြောကြား။


  • နှစ်နိုင်ငံခေါင်းဆောင်များအကြား ပွင့်လင်းရိုးသားစွာ ဆွေးနွေးနိုင်ခဲ့ခြင်းသည် အပြန်အလှန်နားလည်မှုနှင့် အနာဂတ်ဆက်ဆံရေး တိုးတက်မှုအတွက် အရေးပါကြောင်း ပြောကြား။



၂။ မြန်မာနိုင်ငံ၏ အခြေအနေနှင့် အာဆီယံ၏ အခန်းကဏ္ဍ

  • မြန်မာသမ္မတနှင့် အစိုးရ၏ အာဆီယံမူဘောင်အတွင်း ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်း ပြောကြား။


  • မြန်မာနိုင်ငံ၏ မူဝါဒအပြောင်းအလဲများနှင့် ဆက်ဆံရေးတိုးတက်စေရန် ကြိုးပမ်းမှုများကို သတိပြုမိကြောင်း ဖော်ပြ။


  • မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုံရှိပြီး ရှုပ်ထွေးသည့် အခြေအနေများ ရင်ဆိုင်နေရသောကြောင့် မြန်မာ့အရေးကို ချဉ်းကပ်ရာတွင် ယင်းအခြေအနေများကို ထည့်သွင်းစဉ်းစား နားလည်ရန်လိုအပ်ကြောင်း ပြောကြား။


  • ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်းရေးကိစ္စများအပေါ် နားလည်မှုလွဲမှားနေသည့် အခြေအနေများရှိကြောင်း ထောက်ပြ။


  • မြန်မာနိုင်ငံ၏ အခြေအနေနှင့် မူဝါဒဆိုင်ရာ ကြိုးပမ်းမှုများကို အခြားအာဆီယံခေါင်းဆောင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း ဖော်ပြ။



၃။ ငလျင်အပြီး လူသားချင်းစာနာထောက်ထားမှုနှင့် အကြမ်းဖက်မှုလျှော့ချရေး

  • မြန်မာနိုင်ငံ ငလျင်လှုပ်ခတ်ပြီးနောက် ဘန်ကောက်မြို့၌ သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့မှုကို ပြန်လည်ဖော်ပြ။


  • ဆေးကုသမှုခံယူရာတွင် မည်သူ့ကိုမဆို ခွဲခြားမှုမရှိဘဲ ကုသခွင့်ရရှိစေရေး မူဝါဒကို မြန်မာဘက်က လက်ခံခဲ့ကြောင်း ပြောကြား။


  • အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားစေရေးအတွက် မြန်မာဘက်က မူဝါဒပြောင်းလဲ၍ ကြိုးပမ်းဆောင်ရွက်နေမှုများကို တွေ့ရှိရကြောင်း ပြောကြား။


  • ယင်းကိစ္စများကို အာဆီယံမိတ်ဖက်ခေါင်းဆောင်များအား အသိပေးခဲ့ပြီး အကောင်အထည်ဖော်ရေးယန္တရားများနှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်များ၏ အခန်းကဏ္ဍကိုလည်း ထောက်ပြခဲ့ကြောင်း ပြောကြား။



၄။ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု

  • နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး (Trade)၊ ရင်းနှီးမြှုပ်နှံမှု (Investment) ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဆွေးနွေး။


  • စားနပ်ရိက္ခာ (Food)၊ စွမ်းအင် (Energy) နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး (Capacity Building) ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်။


  • စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို အသုံးချ၍ နှစ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်လိုအပ်ကြောင်း ပြောကြား။


  • စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအရ ၁၄၀ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာအောင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြား။



၅။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအကြား ပူးပေါင်းဆောင်ရွက်မှု

  • မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hasan ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှုများသည် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ပြောကြား။


  • ယင်းသို့ ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် မြန်မာသမ္မတအား ကျေးဇူးတင်ရှိကြောင်း ဖော်ပြ။



၆။ မလေးရှားရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်လည်ပို့ဆောင်ရေး

  • မြန်မာအစိုးရက နိုင်ငံသားအများအပြားကို ပြန်လည်လက်ခံရန် ဆန္ဒရှိခြင်းကို အသိအမှတ်ပြုကြောင်း ပြောကြား။


  • မြန်မာနိုင်ငံသား ၁,၄၀၀ ကျော်ကို မြန်မာတပ်မတော် ရေယာဉ်သင်္ဘောဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြား။


  • မလေးရှားနိုင်ငံတွင် နေရပ်ပြန်ပို့ရန် မြန်မာနိုင်ငံသား ၃,၀၀၀ ခန့် ကျန်ရှိနေသေးကြောင်း ဖော်ပြ။


  • ကျန်ရှိသူများကိုလည်း နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနများ၏ မှတ်တမ်းများ၊ လက်ရှိစည်းမျဉ်းစည်းကမ်းများနှင့် သဘောတူညီချက်များအပေါ် အခြေခံ၍ မကြာမီ ပြန်လည်လက်ခံသွားမည်ဟု ပြောကြား။


  • ရာဇဝတ်မှုကျူးလွန်ထားခြင်းမရှိဘဲ စိစစ်ရှင်းလင်းပြီးသူများကို မြန်မာဘက်က ပြန်လည်လက်ခံမည်ဖြစ်ကြောင်း ဖော်ပြ။


  • မြန်မာအစိုးရ၏ ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား။



၇။ ခရီးစဉ်၏ အရေးပါမှုနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး

  • သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်သည် မလေးရှားနိုင်ငံအတွက်သာမက အခြားနိုင်ငံများနှင့် ဒေသတွင်းအတွက်ပါ အရေးကြီးကြောင်း ပြောကြား။


  • ဘန်ကောက်မြို့၌ ပထမဆုံးတွေ့ဆုံစဉ်က သမ္မတ ဦးမင်းအောင်လှိုင်၏ ပွင့်လင်းမှုနှင့် အခြားသူများ၏ အမြင်ကို နားထောင်လိုသည့် သဘောထားကို သတိပြုမိခဲ့ကြောင်း ပြောကြား။


  • ယခုခရီးစဉ်မှတစ်ဆင့် ဖြစ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အားလုံးတွင် ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား။


  • မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်း၏ မိသားစုဝင်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း အလေးအနက် ပြောကြား။


  • မြန်မာ–မလေးရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြား။