၁ ဒီဇင်ဘာ ၂၀၂၅

သဘာဝဓာတ်ငွေ့ရည်(LNG)မှ  ဓာတ်ငွေ့ ပြန်လည်ထုတ်ယူသုံးစွဲရာတွင် ထွက်ရှိလာသည့် ဓာတ်ငွေ့မှာ သန့်ရှင်းမှု  ရှိသည့်အတွက် သဘာဝပတ် ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ပြီး အပူစွမ်းအင်လည်း အလွန်မြင့်မားသည့်အတွက် လျှပ်စစ်ဓာတ်အား ပိုမို၍ ထွက်ရှိနိုင်မှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁ ရက်က သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့်  သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘော(Floating Storage Unit- FSU)နှင့် သဘာဝဓာတ်ငွေ့ ရည်ကို ဓာတ်ငွေ့ပြန်လည် ပြုလုပ် သောစက်ရုံ(Regasification Unit)သို့ ရောက်ရှိစစ်ဆေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် LNG အသုံးပြုသည့် နည်းပညာပိုင်းနှင့်ပတ်သက်၍ လေ့လာ သင်ယူပြီး ကိုယ်တိုင်ဆောင်ရွက် နိုင်ရန်ကြိုး ပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောပါတယ်။

LNGသည်  တန်ဖိုးမြင့်သည့် စွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်သည့်အတွက်  လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အကျိုးရှိထိရောက် စွာအသုံးပြုနိုင်ရေးကိုလည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။

LNG ကိုဓာတ်ငွေ့သို့ ပြန် လည် ပြောင်းယူသည့်အချိန် ထွက်ပေါ်လာမည့် အအေးစွမ်းအင်များကို အစားအစာ၊ အသီးအနှံများ သိုလှောင်ခြင်း၊ သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းနှင့်လုပ်ငန်းခွင်အအေးပေးစနစ်များတွင် အသုံးပြုပြီး  စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ၌ တွင်ကျယ်စွာ အသုံးပြုနိုင်ကြမည်ဖြစ်သဖြင့် လက်တွေ့ ဆောင် ရွက်သွားမည်ဆိုပါက ပိုမို အကျိုးဖြစ်ထွန်းစေမည်ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည်သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘောနှင့် သဘာဝဓာတ်ငွေ့ရည်  (LNG)ကို သဘာဝ ဓာတ် ငွေ့ ပြန်လည်ပြုလုပ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံဝင်းအတွင်း ဓာတ်အားပေး  စက်များ စမ်းသပ်မောင်းနှင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါတယ်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုများကို လျော့ပါးစေရန်အတွက် ယခုအခါ (LNG)မှ သဘာဝ ဓာတ် ငွေ့ပြန်လည်ပြုလုပ်ကာ လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ထုတ်လုပ်ပို့လွှတ်နိုင်ရေးစီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

lng2