#Local_News
Published 20 April 2026
■ သရုပ်ဆောင် အကယ်ဒမီ ခိုင်နှင်းဝေက ခိုကိုးရာမဲ့ သက်ကြီးရွယ်အို အဘိုးအဘွားများ အတွက် “ခိုင်နှင်းဝေ ဘိုးဘွားရိပ်သာ” ကို မန္တလေးမြို့၌ တည်ထောင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး ခိုင်နှင်းဝေက “အားလုံးပဲ မင်္ဂလာပါရှင်…“ခိုင်နှင်းဝေ ဖောင်ဒေးရှင်း” က မကြာမီလပိုင်းအတွင်း ခိုကိုးရာမဲ့သော၊ ဂီလာနဘိုးဘွားတွေအတွက် “ခိုင်နှင်းဝေ ဘိုးဘွားရိပ်သာ”ကို မန္တလေးမြိုမှာ တည်ထောင်ဖွင့်လှစ်ဖြစ်ပါမယ်ရှင့်။ အမှန်တကယ် ခိုကိုးစရာမဲ့နေတဲ့ ဘိုးဘွားတွေလျှောက်လွှာတွေတင်ပေးလို့ရပါတယ်”အသိပေးပြောကြားထားသည်။
■ “ခိုင်နှင်းဝေ ဘိုးဘွားရိပ်သာ” တွင် လျှောက်လွှာတင်ထားသည့် ခိုးကိုးရာမဲ့ ဘိုးဘွားများကို သေချာ စိစစ်စောင့်ရှောက်ပေးသွားမည် ဖြစ်ပြီး မိမိပတ်ဝန်းကျင်တွင် အမှန်တ ကယ် ခိုကိုးရာမဲ့သော ဘိုးဘွားများအတွက်လည်း Viber ဖုန်းနံပါတ် 09 793 842 208 ကိုဆက်သွယ်ပေးနိုင်ကြောင်းသိရသည်။
■ ပရဟိတမင်းသမီးအဖြစ် နာမည်ကြီးသည့် ခိုင်နှင်းဝေအနေဖြင့် လက်ရှိတွင် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ထားရှိကာ မိဘမဲ့ကလေးငယ်များအား ကယ်တင်စောင့်ရှောက်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times