#World_Health
Published 04 September 2026
■ ခန္ဓာကိုယ်ရဲ့ ရှုပ်ထွေးလှတဲ့ လုပ်ဆောင်ချက်များကြောင့် ဗိုက်တာမင်-ဒီ အားဆေးကို နေ့စဉ်သောက်ပေမယ့် သွေးတွင်းဗိုက်တာမင်-ဒီ ပမာဏ လုံလောက်စွာ မြင့်တက်လာမယ်လို့ အာမမခံနိုင်ပါဘူး။
■ အဝလွန်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်း ခွဲစိတ်ထားလို့ အဆီစုပ်ယူမှု အားနည်းစေတဲ့ အခြေအနေတွေမှာ ဗိုက်တာမင်-ဒီ စုပ်ယူနိုင်စွမ်းကို လျော့နည်းစေပါတယ်။
■ ဗိုက်တာမင်-ဒီကို အဆီဓာတ်ပါဝင်တဲ့ အစားအစာများနဲ့ တွဲဖက်သောက်သုံးပါက သွေးတွင်းဗိုက်တာမင်-ဒီ ပမာဏကို ပျမ်းမျှ ၃၂ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်စေကြောင်း လေ့လာဖော်ပြထားပါတယ်။
■ ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီဓာတ်ဟာ ဗိုက်တာမင်-ဒီကို သွေးကြောအတွင်း လည်စေမယ့်အစား အဆီတစ်ရှူးများအတွင်း ပိတ်မိစေပြီး ဗိုက်တာမင်-ဒီ ပမာဏကို လျော့နည်းသွားစေပါတယ်။
■ ဝိတ်ကျဆေးများနဲ့ စတီးရွိုက်ဆေးတွေဟာ ဗိုက်တာမင်-ဒီ စနစ်တကျ စုပ်ယူနိုင်စွမ်းနဲ့ ဇီဝကမ္မဖြစ်စဉ်တို့ကို နှောင့်ယှက်နိုင်ပါတယ်။
■ အသည်းနဲ့ ကျောက်ကပ်ရောဂါများဟာ ပုံမှန်ဗိုက်တာမင်-ဒီကို ခန္ဓာကိုယ်က အမှန်တကယ် အသုံးပြုလို့ရတဲ့ အဆင့်သို့ ပြောင်းလဲပေးတဲ့ ဖြစ်စဉ်ကို ဟန့်တားပါတယ်။
■ အားဆေးများကို အစားအစာမပါဘဲ သောက်သုံးခြင်း ဒါမှမဟုတ် အဆီဓာတ်မပါတဲ့ အဖျော်ယမကာများနဲ့ သောက်သုံးခြင်းတို့က စုပ်ယူမှုထိရောက်မှုကို လျော့ကျစေပါတယ်။
■ ဗိုက်တာမင်-ဒီကို လိုအပ်တာထက် ပိုမိုသောက်သုံးပါက ကယ်စီယံဓာတ် လွန်ကဲစွာ စုပြုံလာပြီး မူးဝေအော့အန်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
■ အသက် ၇၅ နှစ်အောက် ကျန်းမာရေးကောင်းတဲ့ လူကြီးများအနေဖြင့် ဗိုက်တာမင်-ဒီ သိသိသာသာ လျော့နည်းနေခြင်း မရှိပါက သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမိုမြင့်မားစွာ သောက်သုံးဖို့ မလိုအပ်ပါဘူး။
Source: Time of India
#World_Health
Published 04 September 2026
■ သွေးတွင်းသကြားဓာတ် လွန်ကဲခြင်းဟာ ဂလိုင်ကေးရှင်းဖြစ်စဉ်မှတဆင့် အရေပြားပရိုတိန်းများနဲ့ ပေါင်းစပ်သွားပြီး AGEs လို့ခေါ်တဲ့ ဘေးထွက်ဆိုးကျိုး ဒြပ်ပေါင်းများ စိမ့်ထွက်စေပါတယ်။
■ ဂလိုင်ကေးရှင်းဖြစ်စဉ်ကြောင့် အိစက်ပျော့ပျောင်းတဲ့ ကော်လာဂျင်များဟာ တင်းပြီး ကြွပ်ဆတ်လာကာ ဆန့်ထွက်နိုင်စွမ်း လျော့နည်းသွားပါတယ်။
■ ကော်လာဂျင်ပျက်စီးခြင်းရဲ့ အစပိုင်းလက္ခဏာများမှာ အရေးအကြောင်းတွေ ဆိုတာထက် အရေပြားညှိုးနွမ်းခြင်း၊ လျော့တွဲခြင်း၊ နွမ်းနယ်ပုံပေါက်ခြင်းတို့ ပိုပြီးတွေ့ရပါတယ်။
■ အရေပြားပျက်စီးရခြင်းရဲ့ အဓိကတရားခံမှာ လက်ဖက်ရည်၊ ပေါင်မုန့်၊ သစ်သီးဖျော်ရည်တွေလိုမျိုး နေ့စဉ်စားသောက်ကုန်တွေမှာ ပုန်းကွယ်ပါဝင်နေတဲ့ သကြားဓာတ်များ ဖြစ်ပါတယ်။
■ ဂလိုင်ကေးရှင်းဖြစ်သွားတဲ့ ကော်လာဂျင်များဟာ တောင့်တင်းသွားပြီး ခန္ဓာကိုယ်က ပြန်လည်အစားထိုးပြုပြင်ဖို့ အလွန်ခက်ခဲပါတယ်။
■ ဆီးချိုရောဂါကို စနစ်တကျ မထိန်းချုပ်နိုင်သူတွေမှာ ဂလိုင်ကေးရှင်းဖြစ်စဉ် ပိုမိုမြန်ဆန်ပြီး အရေပြားရင့်ရော်မှုလည်း ပိုမိုမြန်ဆန်တတ်ပါတယ်။
■ လိမ်းဆေးတွေ အလှကုန်ပစ္စည်းတွေဟာ ပျက်စီးသွားပြီးဖြစ်တဲ့ ခန္ဓာကိုယ်တွင်း ကော်လာဂျင်တည်ဆောက်ပုံကို ပြန်လည်ကောင်းမွန်အောင် မပြုပြင်ပေးနိုင်ပါဘူး။
■ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ် စားသုံးမှုကို လျှော့ချခြင်း၊ နေလောင်ကာခရင်မ်လိမ်းခြင်း၊ ကာဗိုဟိုက်ဒရိတ်များကို အမျှင်ဓာတ်များနဲ့ တွဲဖက်စားသုံးခြင်းတို့က လက်ရှိ ကော်လာဂျင်အဆင့် ထိန်းသိမ်းရာမှာ အထောက်အကူ ပြုပါတယ်။
Source: India Today
နီပေါသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် စေလွှတ်လိုက်တဲ့ တရုတ်ဥမင်လိုဏ်ခေါင်း ကျွမ်းကျင်သူများက လမ်းတံတားများ ပြင်းထန်စွာ ပျက်စီးနေခြင်းနဲ့ ခက်ခဲရှုပ်ထွေးတဲ့ ပထဝီဝင် အခြေအနေများဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အတားအဆီးကြီးများ ဖြစ်ပေါ်စေကြောင်း တွေ့ရှိထားပါတယ်။
#World_Crisis
Published 03 September 2026
#နီပေါ #တရုတ်ဥမင်လိုဏ်ခေါင်း
#YMG #Yangon_Times #Yangon_Media_Group
နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်ဒေသတွင်ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ပြည်သူများအတွက် မြန်မာနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့ စားသောက်ကုန် ပဲမျိုးစုံ ၈ တန်ကို လူသားချင်းစာနာထောက်ထားမှုအရ သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 03 September 2026
#နီပေါ #တရုတ်နိုင်ငံ
#YMG/NN #Yangon_Times
စားသုံးသူများ ဘေးကင်းလုံခြုံစွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြထားရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးမှုတွေ ဆောင်ရွက်လျှက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 03 September 2026
#ကုန်အညွှန်းအမှတ်အသား
#YMG/SW #Yangon_Times
မလေးရှားနိုင်ငံရှိထိန်းသိမ်းရေးစခန်းများမှာ အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံရကာ မြန်မာနိုင်ငံသား(၁,၄၇၆)ဦးကို အခုလနောက်ဆုံးအပတ်မှာ ပြန်လည်ခေါ်ဆောင်ပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့ကအသိပေးခဲ့ပါတယ်။
#Local_News
Published 03 September 2026
#မလေးရှား
#YMG/NN #Yangon_Times
#Daily_News
Published 03 September 2026
၁။ နီပေါသဘာဝဘေးသင့်ပြည်သူများအတွက် မြန်မာအစိုးရကဒေါ်လာ(၅)သိန်းနှင့်ပဲ(၈)တန်လှူဒါန်း
၂။ ကုန်အညွှန်းအမှတ်အသားပြည့်စုံရေး ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးလျှက်ရှိ
၃။ မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာ ၁၄၀၀ ကျော် ယခုလနောက်ဆုံးအပတ်ပြန်ခေါ်မည်
၄။ နီပေါရေကြီးမှုအန္တရာယ်ဒေသ၏ခက်ခဲရှုပ်ထွေးသောမြေပြင်အခြေအနေများနှင့်အပျက်အစီးများကြောင့် တရုတ်ဥမင်လိုဏ်ခေါင်းကျွမ်းကျင်ရှင်များအခက်တွေ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 03 September 2026
■ တရုတ်-မြန်မာ လူငယ်များ ဆွေးနွေးဖလှယ်ရေးနှင့် မီဒီယာ တွေ့ဆုံပွဲကို စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ်၊ Center for Research and Innovation ဒုတိယထပ်၌ ကျင်းပပါတယ်။
■ အဆိုပါအခမ်းအနားသို့ သံမှူးကြီး Dr. Zheng Zhihong၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှိ လူငယ်သံတမန်များ၊ ရန်ကုန် တက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ မီဒီယာများနှင့် သတင်းဌာနများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် သုတေသနအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စုစုပေါင်းလူဦးရေ ၁၆၀ ခန့် တက်ရောက်ကြပါတယ်။
■ အခမ်းအနားတွင် သံမှူးကြီး Dr. Zheng Zhihong၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သောင်းထိုက်နှင့် ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးဌာနနှင့် Myanmar Insighter မှ အမှုဆောင်အရာရှိချုပ် ဦးအေးချမ်း တို့က အမှာစကားများ အသီးသီးပြောကြားကြပါတယ်။
■ ထို့နောက် တရုတ်-မြန်မာ လူငယ်များက စကားဝိုင်းဆွေးနွေးဖလှယ်ကြပြီး သတင်းမီဒီယာများရဲ့ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်းသတင်းရရှိပါတယ်။
#Yangon_Media_Group
#YMG/MNN #Yangon_Times
#World_News
Published 03 September 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဟော်မုဇ်ရေလက်ကြားကို ထရမ့်ရေလက်ကြားလို့ အမည်ပြောင်းဖို့ အကြံပြုချက်ကို ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တစ်ခုအဆိုပြုခဲ့ပါတယ်။
■ အမေရိကန်က မဟာဗျူဟာမြောက် ရေလက်ကြားကို ထိန်းချုပ်ထားပြီဖြစ်သဖြင့် အမည်ပြောင်းလဲခြင်းမှာ သင့်လျော်တယ်လို့ ပြောပါတယ်။
■ ထိုရေလက်ကြားဟာ အီရန်နဲ့ အိုမန်တို့ကြား တည်ရှိပြီး အမေရိကန်ပိုင်နက် မဟုတ်သည့်တိုင်အောင် ဒီလိုမျိုးအမည်ပြောင်းဖို့ အဆိုပြုခဲ့ခြင်း ဖြစ်ပါတယ်။
■ ရေလမ်းကြောင်း ပိတ်ဆို့မှုများကြောင့် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ်လို့ ထရမ့်က ယခင်ကလည်း ပြောခဲ့ဖူးပါတယ်။
■ ဒါ့အပြင် အွန်တယ်ရီယိုရေကန်ကို အမေရိကားရေကန်၊ မက္ကဆီကို ပင်လယ်ကွေ့ကိုလည်း အမေရိကား ပင်လယ်ကွေ့လို့ ပြောင်းလဲခေါ်ဆိုဖို့ အကြောင်းတွေကိုလည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
■ Apple နဲ့ Google တို့လို နည်းပညာပလက်ဖောင်းတွေက အွန်တယ်ရီယိုရေကန်ကို အမေရိကားရေကန်လို့ ပြောင်းလဲပြင်ဆင်ပြီး ဖြစ်ပါတယ်။
■ အမေရိကန်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများက ဟော်မုဇ်ရေလက်ကြားတလျှောက် အီရန်ရဲ့ စက်ကိရိယာအသစ်များကို မကြာသေးမီက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
■ ထိုဒေသအတွင်း တင်းမာမှုများနဲ့ စစ်ရေးပဋိပက္ခများဟာ ကမ္ဘာ့ရေကြောင်း ကုန်စည်ပို့ဆောင်ရေးနဲ့ စွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို အပြင်းအထန် အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။
Source: WION
#World_Health
Published 03 September 2026
■ အခွံမာသီး အစေ့အဆန် ထောပတ်များမှာ သကြား၊ ဟိုက်ဒရိုဂျင်နိတ်ဆီများ ထပ်မထည့်ထားဘဲ ကြိတ်ထားပါက မူလအာဟာရတန်ဖိုး အားလုံးနီးပါး ထိန်းသိမ်းထားနိုင်ပါတယ်။
■ မကြိတ်မီမှာ အစေ့အဆန်များကို ကြိတ်ချေလိုက်ခြင်းကြောင့် ပါဝင်တဲ့ ပရိုတိန်း၊ သတ္တုဓာတ်၊ ကျန်းမာရေးအတွက် သင့်လျော်တဲ့ အဆီဓာတ်များကို ခန္ဓာကိုယ်မှ ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်စေပါတယ်။
■ ဒီအနှစ်တွေမှာ မပြည့်ဝဆီနဲ့ အမျှင်ဓာတ်၊ အပင်အခြေပြု ပရိုတိန်းများ၊ မဂ္ဂနီဆီယံ၊ ဇင့်၊ ကယ်ဆီယံတို့လို လိုအပ်တဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။
■ ကြိတ်ချေလိုက်ခြင်းကြောင့် အောက်ဆီဂျင်နဲ့ ထိတွေ့မှု ပိုမိုများပြားသွားပြီး သဘာဝအဆီများဟာ အချိန်ကြာလာတာနဲ့အမျှ အောက်ဆီဒေးရှင်းဖြစ်စဉ် ဖြစ်ပေါ်ကာ စနစ်တကျ မသိမ်းဆည်းပါက အနံ့အဆီပြန်သွားနိုင်ပါတယ်။
■ ဆိုင်မှဝယ်ယူတဲ့ အနှစ်များကို အောက်ဆီဒေးရှင်းဖြစ်စဉ် နည်းပါးစေရန်အတွက် လေလုံတဲ့ဖန်ပုလင်းတွေထဲ ထည့်သွင်းပြီး ဖွင့်ပြီးတဲ့အခါ ရေခဲသေတ္တာထဲ သိမ်းဆည်းသင့်ပါတယ်။
■ ကယ်လိုရီသိပ်သည်းဆ မြင့်မားတာကြောင့် အစေ့အဆန်လိုက် စားသုံးခြင်းနဲ့ နှိုင်းယှဉ်ပါက စားပွဲတင်ဇွန်း တစ်ဇွန်းမောက်မောက်ဆိုရင် ကယ်လိုရီ ၉၀ မှ ၂၀၀ အထိ ချက်ချင်းရောက်သွားနိုင်ပါတယ်။
■ အိမ်မှာပဲ အနှစ်ပြုလုပ်မယ်ဆိုရင် မလိုလားအပ်တဲ့ တာရှည်ခံဆေးများ၊ ဆားများ မထည့်သွင်းခြင်းဖြင့် စားစရာရဲ့ သန့်စင်မှုကို အပြည့်အဝ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
■ နှလုံးကျန်းမာရေးနဲ့ စွမ်းအင်အတွက် အလွန်အကျိုးရှိပေမယ့် အစေ့အဆန်အနှစ်များကို ဇွန်းဖြင့် တိုက်ရိုက်ခပ်စားခြင်းထက် ပမာဏကို ချင့်ချိန်စားသုံးသင့်ပါတယ်။
Source: The Jerusalem Post
#World_Health
Published 03 September 2026
■ အမေရိကန် FDA က ကမ္ဘာ့ပထမဆုံး mRNA အခြေပြု ရာသီတုပ်ကွေးကာကွယ်ဆေးဖြစ်တဲ့ Moderna ရဲ့ mFlusiva ကို အသိအမှတ်ပြုလိုက်ပါတယ်။
■ ဒီခွင့်ပြုချက်ဟာ အမေရိကန်ရှိ အသက် ၅၀ နဲ့အထက် လူကြီးများအတွက်သာ အကျုံးဝင်ပါတယ်။
■ အသက် ၅၀ မှ ၆၄ နှစ်အထိ အပြည့်အဝ အတည်ပြုချက်ပေးထားပြီး အသက် ၆၅ နှစ်နဲ့အထက်မှာတော့ တိုးမြှင့်အတည်ပြုချက် ပေးထားပါတယ်။
■ ဒီဆေးက ပုံမှန်ကြက်ဥ ဒါမှမဟုတ် ဆဲလ်အခြေပြုနည်းလမ်းများအစား သီးသန့်ကိုယ်ခံအားပရိုတိန်းများကို ဘေးကင်းစွာ ထုတ်လုပ်ဖို့အတွက် မျိုးဗီဇညွှန်ကြားချက်များကို အသုံးပြုထားပါတယ်။
■ mRNA နည်းပညာဟာ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေပြီး စဉ်ဆက်မပြတ် မျိုးဗီဇပြောင်းလဲနေတဲ့ တုပ်ကွေးဗိုင်းရပ်စ်မျိုးစိတ်များနဲ့ ကိုက်ညီအောင် လျင်မြန်စွာ မွမ်းမံပြင်ဆင်နိုင်စေပါတယ်။
■ အဆင့် ၃ စမ်းသပ်ချက် အချက်အလက်များအရ ပုံမှန်တုပ်ကွေး ကာကွယ်ဆေးထိုးထားသူများနဲ့ နှိုင်းယှဉ်ပါက ဓာတ်ခွဲခန်းအတည်ပြု တုပ်ကွေးဖြစ်ပွားမှုကို ၂၆.၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
■ ဒီဆေးက အသက်ကြီးသူတွေမှာ လက်ရှိအသုံးပြုနေတဲ့ ပမာဏမြင့် တုပ်ကွေးကာကွယ်ဆေးများထက် ပိုမိုအားကောင်းစေတဲ့ ကိုယ်ခံအားတုံ့ပြန်မှု ဖြစ်ပေါ်စေပါတယ်။
■ လက်ရှိ အမေရိကန်မှာသာ ရရှိနိုင်သေးပြီး နိုင်ငံတကာ တုပ်ကွေးကာကွယ်ဆေးထိုး အစီအစဉ်တွေမှာ ချက်ချင်းပြောင်းလဲမှု မရှိသေးပါဘူး။
Source: India Today
တရုတ်အာကာသကုမ္ပဏီတစ်ခုဖြစ်တဲ့ CAS Space ဟာ Kinastra-1 Upper Stage ဒုံးပျံအပေါ်ပိုင်းအဆင့်အတွက် ၅၂၁၁ စက္ကန့်ကြာ အင်ဂျင်စက်နှိုးစမ်းသပ်မှုကို အောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။
#Asia_Technology
Published 02 September 2026
#CAS_Space #Kinastra-1
#YMG #Yangon_Times #Yangon_Media_Group
Page 10 of 2069