၂၀၂၆ ဇန်နဝါရီလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ကုန်သေတ္တာတင်သင်္ဘော(၆၃)စီးပြေးဆွဲပေးသွားမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှတဆင့် သိရပါတယ်။
#Local_News
Published 31 December 2025
#သင်္ဘော #ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း
#YMG/SW #Yangon_Times
ရုရှားတို့က ဘဲရန့်စ် နဲ့ နော်ဝေးပင်လယ်တို့မှ ပင်လယ်ပြင်တို့မှာ Tu-95MS ဗျူဟာမြောက်ဗုံးကျဲလေယာဉ်များနဲ့ ဒုံးကျည်သယ်လေယာဉ်တို့ဖြင့် ပျံသန်းမှုခရီးစဉ် ပြီးမြောက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ပြောပါတယ်။
#World_Military
Published 31 December 2025
#ရုရှားဗုံးကျဲလေယာဉ် #ဘဲရန့်စ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 31 December 2025
၁။ မန္တလေး မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပွဲကို နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ကျင်းပမည်
၂။ နိုင်ငံအဝှမ်းရှိတက္ကသိုလ်များ၌ ကျွမ်းကျင်မှုအတတ်ပညာ သင်တန်းများဖွင့်လှစ်မည်
၃။ သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး တရုတ်နှင့်နည်းပညာ၊ အရင်းအနှီး ပူးပေါင်းဆောင်ရွက်လို
၄။ ရုရှားဗုံးကျဲလေယာဉ်Tu-95MS ပျံသန်းမှုခရီးစဉ်ပြီးမြောက် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Breaking_News
Published 31 December 2025
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်များမှကောက်နှုတ်ချက်
◾️တစ်နိုင်ငံလုံးမဲပေးနိုင်သူ ၂၄၂၆၁၂၉၃ ဦး(၂၄ သန်းကျော်)ရှိခဲ့
◾️လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၈၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့
◾️ပထမပိုင်း ရွေးကောက်ပွဲ ၁၀၂ မြို့နယ်တွင်ပြုလုပ်ခဲ့
◾️ရွေးကောက်ပွဲပထမပိုင်းမဲပေးနိုင်သူ ၁၁၆၉၂၁၄၄ ဦး(၁၁.၆ သန်းကျော်)ရှိ
◾️မဲပေးခဲ့သူ ၆၀၉၅၅၁၁ ဦး (၆ သန်းကျော်) ရှိခဲ့
◾️ပထမပိုင်းရွေးကောက်ပွဲတွင် မဲပေးသူ ၅၂.၁၃ ရာခိုင်နှုန်းမဲပေးခဲ့
◾️မဲပေးသူ ၅၀ရာခိုင်နှုန်းကျော်ရှိ၍အောင်မြင်သောရွေးကောက်ပွဲဖြစ်
#Local_News
Published 31 December 2025
■ လုပ်ငန်းဆောင်ရွက်လျက်ရှိသော မြေဩဇာမှတ်ပုံတင် (၇၉၄၆) စောင်ရှိ
ပြီး တောင်သူများ အရည်အသွေးပြည့်မီသည့် မြေဩဇာများ သုံးစွဲနိုင်ကြစေရန် မှတ်ပုံတင်များ စိစစ်ထုတ်ပေးလျက်ရှိကြောင်းမြေဩဇာကော်မတီမှ သိရသည်။
■ မြေဩဇာကော်မတီ၏ (၄၆) ကြိမ်မြောက် အစည်းအဝေးကို ယမာန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
■ အဆိုပါ အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးစီမံကိန်းများအတွက် ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါးနှင့် မိုးသီးနှံများတွင် လိုအပ်သည့် မြေဩဇာများကို ရာသီချိန်မီဖြန့်ဖြူးပေးနိုင်ရန် ဓာတ်မြေဩဇာအရည်အသွေးမှန်ကန်မှု ရှိ/မရှိ တိုင်းဒေသကြီး၊ ပြည်နယ်စစ်ဆေးရေးအဖွဲ့များက နမူနာရယူပြီး ကြိုတင်ဓာတ်ခွဲစစ်ဆေးခဲ့သည့်နည်းတူ ယခုစီမံကိန်းပြင်ပသီးနှံစိုက်ပျိုးခြင်းများအတွက် ဖြန့်ဖြူးမည့် ယူရီးယား၊ ကွန်ပေါင်းမြေဩဇာများကိုလည်း အရည်အသွေးမှန်ကန်မှု ရှိ/ မရှိ တိုင်းဒေသကြီး ပြည်နယ်စစ်ဆေးရေးမှူးက ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်ခွဲစစ်ဆေးမှုပမာဏကို တိုးမြှင့်သွားရန်လိုကြောင်း၊ဓာတ်မြေဩဇာ သုံးစွဲရာတွင် ထိရောက်မှုရှိစေရန်၊ အပင်ကျန်းမာရေးနှင့် မြေဆီလွှာကျန်းမာရေးကို စိုက်ပျိုးသူတောင်သူများ အထူးဂရုပြုစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဒေသန္တရမြေဆီလွှာ ကျန်းမာရေးမှသည် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်သော အမျိုးသားအဆင့် မြေဆီလွှာကျန်းမာရေးစနစ်ကို ရှေးရှုဆောင်ရွက်လျက်ရှိရာ တောင်သူလယ်သမားများ သိရှိဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊
သီးနှံပေါ်မူတည်၍ သီးသန့်ပြုပြင်ထုတ်လုပ်ထားသော မြေဩဇာ (Tailor-made Fertilizers or Customized Fertilizers) များကို ထုတ်လုပ်သုံးစွဲသင့်ပါကြောင်း၊ သီးသန့်ပြုပြင် ထုတ်လုပ်ထားသည့် မြေဩဇာ (Tailor-made Fertilizers) များသည် ပုံမှန်မြေဩဇာများနှင့် ကွာခြားသော အချက်များရှိပြီး သီးနှံအလိုက် လိုအပ်သည့် အာဟာဓာတ်များ ပေးနိုင်မှုကြောင့် Tailor-made Fertilizers များကို ထုတ်လုပ်သုံးစွဲသင့်ကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် မြေသြဇာလုပ်ငန်းနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကြံပြုချက်များကို ဝိုင်းဝန်းကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
■ ဆက်လက်၍ မြေဩဇာကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများကို တင်ပြရာ မြေဩဇာကော်မတီအဖွဲ့ဝင်များနှင့် မြေဩဇာကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာကဏ္ဍများမှ ဝိုင်းဝန်းစိစစ်ဆွေးနွေးဆောင်ရွက်ကြသည်။
■ မြေဩဇာကော်မတီအနေဖြင့် တောင်သူများ အရည်အသွေးပြည့်မီသည့် မြေဩဇာများကို အချိန်နှင့်တစ်ပြေးညီသုံးစွဲနိုင်ကြစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေပြီး နိုင်ငံ၏ စားရေရိက္ခာဖူလုံပိုလျှံစေရန်အတွက် မြေဩဇာမှတ်ပုံတင်များကို စနစ်တကျစိစစ်ထုတ်ပေးလျက်ရှိရာ မြေဩဇာကော်မတီ၏ (၄၅) ကြိမ်မြောက် အစည်းအဝေးအထိ မှတ်ပုံတင်လက်မှတ်ပေါင်း ၁၃၁၈၂ စောင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ကာယကံရှင်၏ တင်ပြချက်အရ ပယ်ဖျက်မှု ၂၃၀၇ စောင်နှင့် သက်တမ်းကျော်လွန်ခြင်းကြောင့် ဌာနက ဖျက်သိမ်းခဲ့ရသည့် မြေဩဇာမှတ်ပုံတင် ၂၉၂၉ စောင်ရှိသည့်အတွက် ယနေ့အထိ လုပ်ငန်းဆောင်ရွက်လျက်ရှိသော မှတ်ပုံတင် ၇၉၄၆ စောင်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 31 December 2025
■ ယနေ့ နံနက်အစောပိုင်းကစဉ့်ကိုင်မြို့အနီးတွင်ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
■ ဖြစ်စဉ်မှာ ယနေ့ ၃၁.၁၂.၂၀၂၅ရက်နေ့၊ နံနက် ၀၆ နာရီ၄၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကြေးနီကန်ကျေးရွာတံတားအနီး၊ ပလိပ်- စကားအင်းလမ်းပေါ်တွင် Express ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအဆိုပါမီးလောင်ရာနေရာသို့ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပလိပ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၀၇နာရီ ၁၀မိနစ်အချိန် မီးငြိမ်းခဲ့ကြောင်းသိရသည်။
■ ထိုမီးလောင်မှုကြောင့် ယာဉ်တစ်စီးလုံးမီးလောင်ဆုံးရှုံးခဲ့သော်လည်းလူထိခိုက်ဒဏ်ရရှိမှု မရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 31 December 2025
■ အိန္ဒိယဟာ တိုင်းပြည်ဂျီဒီပီ ဒေါ်လာ ၄.၁၈ ထရီလီယံဖြင့် ဂျပန်ကိုကျော်ကာ ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအင်အားအကြီးဆုံး ဖြစ်လာပြီး ၂၀၃၀ အရောက်မှာ ဂျာမနီကိုထပ်ကျော်ပြီးနောက် တတိယမြောက် အင်အားအကြီးဆုံးနိုင်ငံဖြစ်လာမယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ခန့်မှန်းထားပါတယ်။
■ ပြည်တွင်းထုတ်ကုန် ဝယ်ယူသုံးစွဲမှု မြင့်မားခြင်းနဲ့ ဖွဲ့စည်းပြုပြင်ပုံ ခိုင်မာခြင်းတို့တွေကနေ စီးပွားရေးအလျင်အမြန် ဆက်လက်တိုးတက်နေပါတယ်။
■ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် ပထမ ၃ လအတွင်း အိန္ဒိယဂျီဒီပီ ၇.၈ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒုတိယ ၃ လမှာ ၈.၂ ရာခိုင်နှုန်းသို့ တိုးတက်လာပါတယ်။
■ အမေရိကန်က ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးအဖြစ် ဆက်ရှိနေပြီး တရုတ်က ဒုတိယနေရာမှာ ရှိနေပါတယ်။
■ အိန္ဒိယအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၆ မှာ ၆.၅ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်းထားသလို နိုင်ငံတကာရန်ပုံငွေအဖွဲ့ကလည်း ၆.၆ ရာခိုင်နှုန်းအထိ မျှော်မှန်းလာပါတယ်။
■ အိန္ဒိယအစိုးရက ငွေကြေးဖောင်းပွမှုကို သတ်မှတ်နှုန်းအောက်မှာ ထားရှိနိုင်ပြီး အလုပ်အကိုင်မဲ့အခြေအနေ ကျဆင်းလာကာ တင်ပို့ကုန်တွေ ဆက်လက်တိုးတက်မယ်လို့ ဖော်ပြထားပါတယ်။
■ ဘဏ္ဍာရေးအခြေအနေတွေ တည်ငြိမ်နေပြီး ပြည်တွင်းထုတ်လုပ်မှုတွေ ဆက်လက်အားကောင်းနေကာ စီးပွားရေးအရှိန်ကို တည်မြဲစေပါတယ်။
■ အိန္ဒိယက ကမ္ဘာပေါ်က စီးပွားရေးအင်အားကြီး နိုင်ငံတွေထဲမှာ အလျင်မြန်ဆုံး တိုးတက်နေကြောင်း၊ ဒီအရှိန်ကိုဆက်ထိန်းနိုင်မယ့် အနေအထားရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှု၊ ဖွဲ့စည်းပြုပြင်ပုံ၊ လူမှုဆက်ဆံရေး တိုးတက်မှုတွေမှာ အုတ်မြစ်ခိုင်မာအောင် တည်ဆောက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
Source: Reuters
#World_Science
Published 31 December 2025
■ ရှေးခေတ်က လူသားတွေဟာ မီးအသုံးပြုချင်တဲ့အခါ သစ်ပင်ကို မိုးကြိုးပစ်တဲ့ သဘာဝဖြစ်စဉ်မျိုးကနေသာ အသုံးပြုခဲ့တယ်လို့ ရှေးဟောင်းသုတေသီများ ယူဆထားပါတယ်။
■ ဒါပေမဲ့ သူတို့ဘာသာတော့ မီးကိုစတင်မပြုလုပ်နိုင်ခဲ့ပါဘူး။
■ ထိုအချိန်မှာပဲ တုတ်နှစ်ချောင်း ပွတ်တိုက်ခြင်း၊ သင့်လျော်တဲ့ကျောက်တုံးတွေကို မှန်ကန်တဲ့ အနေအထားဖြင့် ပွတ်တိုက်ခြင်းဖြင့် မီးဖန်တီးနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
■ မီးစတင်ပြုလုပ်ခဲ့တဲ့ အစောဆုံးသက်သေအထောက်အထား နှစ်ပေါင်း ၄ သိန်းသက်တမ်းရှိတဲ့ နေရာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဗြိတိသျှပြတိုက်မှ ရှေးဟောင်းသုတေသီ နစ်အက်ရှ်တန်က ပြောပါတယ်။
■ ထိုနေရာမှာ မီးပြုလုပ်ဖို့အတွက် သံဆာလ်ဖိုက်ဒြပ်ပေါင်း အစအနတွေနဲ့ မီးခတ်ကျောက်ပုဆိန်တွေကို တွေ့ရှိခဲ့ကြပါတယ်။
■ ရှေးခေတ်လူသားတွေက ရှားပါးတဲ့ သံဆာလ်ဖိုက်တွေကို ထိုနေရာသို့ သယ်ဆောင်ခဲ့ဟန် ရှိပါတယ်။
■ မီးကြွင်းမီးကျန်တွေ ရှိနေသေးတဲ့ သံဆာလ်ဖိုက်တွေကို တူးဖော်တွေ့ရှိခဲ့ပြီး အရင်က ဒါမျိုးတစ်ခါမှ မတွေ့ခဲ့ဖူးဘူးလို့ ဆိုင်မွန်ဖရေဆာတက္ကသိုလ်မှ ရှေးဟောင်းသုတေသီ ဒန်နစ်ဆန်းဂိတ်က ပြောပါတယ်။
■ မီးပြုလုပ်ခြင်းက လူသားသမိုင်းမှာ အရေးအပါဆုံး တွေ့ရှိမှုတွေထဲက တစ်ခုအဖြစ် သဘောတူကြပြီး ရှေးခေတ်လူသားတွေအနေနဲ့ သားရဲရန်မှ ကာကွယ်ခြင်း၊ အစားအစာ ပြုလုပ်ခြင်း၊ ချမ်းအေးလွန်းတဲ့ ရာသီဥတုမှာ နေထိုင်နိုင်ခြင်းတို့ ရရှိစေပါတယ်။
■ ဒီနေရာကို အစောပိုင်း နီယန်ဒါသယ်တွေ အသုံးပြုခဲ့တယ်လို့ ယူဆထားပေမယ့် အခြားသော ရှေးခေတ်လူသားတွေလည်း မီးပြုလုပ်နိုင်စွမ်း ရှိခဲ့တယ်လို့ ထင်နေကြပါတယ်။
■ ဒီတွေ့ရှိချက်အရ မီးပြုလုပ်ခြင်းက လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး ရှုပ်ထွေးတဲ့ဖြစ်စဉ်အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
Source: NPR
#World_Health
Published 31 December 2025
■ လူတွေက အားအင်လိုအပ်တဲ့အခါ ခွန်အားဖြည့်အချိုရည်တွေ သောက်သုံးကြပြီး မျိုးဆက်သစ်လူငယ်တွေရဲ့ ၆၄ ရာခိုင်နှုန်းလောက် သောက်သုံးကြပါတယ်။
■ ဒီလိုအချိုရည်တွေက နှလုံးပြဿနာများ၊ စိုးရိမ်စိတ်၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွားနဲ့ခံတွင်းပြဿနာများ ဖြစ်လာစေကြောင်း ဆရာဝန်တွေ သတိပေးထားတာ ကြာပါပြီ။
■ လူက ဘယ်လောက်ပဲငယ်ငယ် ဘယ်လိုပဲကျန်းမာရေးကောင်းကောင်း ခွန်အားဖြည့်အချိုရည်တွေက ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တဲ့ သက်သေတွေ အများအပြား ရှိထားပါတယ်။
■ ယူကေမှ ကျန်းမာရေးကောင်းမွန်တဲ့ အသက် ၅၀ ဝန်းကျင် လူတစ်ဦးဟာ အလွန်သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းခံစားရတာကြောင့် ကုသမှုခံယူခဲ့ရပါတယ်။
■ သူဟာ တစ်နေ့ကို အားဖြည့်အချိုရည် ၈ ဗူးသောက်တဲ့အကျင့် ရှိပါတယ်။
■ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းမှာ ထုံကြဉ်အားနည်းခြင်း ခံစားရပြီးနောက် သူဟာ ဦးနှောက်သွေးခဲလေဖြတ်ခြင်းမျိုး ခံစားရတာဖြစ်ပါတယ်။
■ အာရုံခံစားခြင်းနဲ့ လှုပ်ရှားမှုတို့ ပါဝင်ပတ်သက်နေတဲ့ ဦးနှောက်အစိတ်အပိုင်းမှာ သွေးကြောပိတ်ဆို့တာ ဖြစ်ပါတယ်။
■ လမ်းလျှောက်ရ မျိုချရ စကားပြောရ ခက်ခဲတဲ့ လက္ခဏာတွေလည်း ဖြစ်လာပြီး သွေးပေါင်ချိန်က ၂၅၄/ ၁၅၀ ရှိပါတယ်။
■ တစ်နေ့ကို အားဖြည့်အချိုရည် ၈ ဗူး သောက်နေခြင်းက ကဖင်းဓာတ် ၁,၃၀၀ မီလီဂရမ်နီးပါး သောက်မိနေတာ ဖြစ်ပါတယ်။
■ အချိုရည်တွေ ဖြတ်ပြီးနောက် နှစ်တွေကြာတာတောင် ဒီအကျိုးဆက်တွေ ခံစားနေရတာ ဖြစ်ပါတယ်။
■ ကဖင်းဓာတ်ကြောင့်ပင် မဟုတ်ဘဲ သကြားဓာတ်၊ ဂွာရာနာတို့လို လှုံ့ဆော်ပစ္စည်းတွေက နှလုံးခုန်နှုန်းနဲ့ သွေးဖိအားတို့ကို မြင့်တက်စေတယ်လို့ သုတေသီတွေ ဖော်ပြထားပါတယ်။
■ ဒီလိုအချိုရည်တွေကို ပိုမိုတင်းကြပ်စွာ ကွပ်ကဲစစ်ဆေးပြီး ရောင်းချကြဖို့ တိုက်တွန်းနေကြပါတယ်။
Source: New York Post
အမေရိကန် အနောက်အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ လာမယ့်ရက်များအတွင်း ဆောင်းမုန်တိုင်းတစ်ခ့ဝင်လာနိုင်ပြီး နှင်း၊ လေပြင်း၊ မိုးရွာသွန်းမှုများ ဖြစ်လာနိုင်ကာ လူသန်း ၄၀ ကျော်လောက် သက်ရောက်နိုင်တယ်လို့အမေရိကန်မီဒီယာတွေမှာ တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။
#World_Climate
Published 30 December 2025
#အမေရိကန် #ဆောင်းမုန်တိုင်း
#YMG #Yangon_Times #Yangon_Media_Group
ရွှေဈေးကွက်ထဲမှာ ကမ္ဘာရွှေဈေးအတက်အကျကြမ်းနေတာကြောင့် ပြည်တွင်းဈေးလိုက်ပါကျဆင်းနေတယ်လို့ ဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 30 December 2025
#ရွှေ
#YMG/NN #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ကနေ ရန်ကုန်ဈေးကွက်သို့ တစ်လအတွင်း နေလှန်းဆားပိဿာချိန် ရှစ်သောင်းကျော်တင်ပို့ရောင်းချခဲ့တယ် လို့ ဆားပွဲရုံ တွေကနေ သိရပါတယ်။
#Local_News
Published 30 December 2025
#နေလှန်းဆား #ဧရာဝတီတိုင်းဒေသကြီး
#YMG/NN #Yangon_Times
Page 10 of 1870