နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးသူတွေအတွက် လဝကရုံးတွေမှာအထူးကိစ္စရပ်အနေနဲ့ ရုံးပိတ်ရက် မရှိ ရုံးဖွင်လှစ်ပြီး နိုင်ငံသားကတ်ပြား အမြန်ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်မှာ အသိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 02 January 2026
#နိုင်ငံသားကတ်ပြား #လဝကရုံး
#YMG/SW #Yangon_Times
#Daily_News
Published 02 January 2026
၁။ လဝကရုံးများတွင် နိုင်ငံသားကတ်ပြား အမြန်ဆောင်ရွက်ပေးလျှက်ရှိ
၂။ စားအုန်းဆီ ပိဿာချိန် ၃၅,၀၀၀ ရောင်းပေးမည်
၃။ တရုတ်၊ကမ္ဘောဒီးယား၊ထိုင်းတိုပါဝင်သောနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ယူနန်၌ပြုလုပ်
၄။ (၂၀၂၆)နှစ်သစ်အတွက် တရုတ်သမ္မတရှီကျင့်ဖျင် ဆုမွန်ကောင်းအမှာစကားပြောကြား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နေပြည်တော်အပါအဝင် ဒေသအချို့မှာ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ပြီး မြူများလည်းကျဆင်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက်အရ သိရပါတယ်။
#Local_News
Published 02 January 2026
#မိုး #နေပြည်တော်
#YMG/NN #Yangon_Times
#Local_News
Published 02 January 2026
#ပေါင်းဆန် #ဥရောပဈေးကွက်
#YMG/NN #Yangon_Times
#Local_News
Published 02 January 2026
▪️ ဇန်နဝါရီ၁၀ရက်အတွင်း ဧရာဝတီ၊ချင်းတွင်းအပါအဝင်မြစ်ရေ များဆက်လက်ကျဆင်းနိုင်
မည ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်အရ သိရသည်။
▪️ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်းသိရသည်။
▪️ ၎င်းအပြင် မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၃ လက်မခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃ လက်မခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် ပေဝက်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့်နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ ပဲခူးမြစ်ရေ သည် ပဲခူးမြို့တွင် ၁ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် သာပေါင်း မြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 02 January 2026
■ ဆွစ်ဇာလန် ခရန်စ်မွန်တာနာ နှင်းလျှောစခန်းမှ နှစ်သစ်ကူးပါတီတစ်ခုမှာ လူကြပ်ညပ်နေတဲ့ ဘားတစ်ခု မီးလောင်စွဲသဖြင့် အယောက် ၄၀ သေဆုံးကာ ၁၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း အရာရှိတွေ ကြာသပတေးနေ့က ပြောပါတယ်။
■ လီကွန်စတယ်လေးရှင်းလို့ခေါ်တဲ့ ဘားမှာ ပျော်ပါးနေကြစဉ် သန်းခေါင် ၁ နာရီခွဲအချိန်မှာ မီးလောင်ခဲ့တာ ဖြစ်တယ်လို့ ရဲတွေပြောပါတယ်။
■ ဒီနိုင်ငံရဲ့ အဆိုးရွားဆုံး ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပြီး သေဆုံးသူအများစုက လူငယ်တွေဖြစ်တယ်လို့ ဆွစ်ဇာလန်သမ္မတ ဂိုင်းပါမီလင်က ပြောပါတယ်။
■ မီးလောင်ရတဲ့ အကြောင်းအရင်း သေချာမသိရသေးဘဲ မတော်တဆ ဖြစ်ဖွယ်ရှိတယ်လို့ အာဏာပိုင်တွေ ပြောပါတယ်။
■ အလောင်းတွေ လောင်ကျွမ်းနေတဲ့အတွက် ဘယ်သူဘယ်ဝါတွေ ဆိုတာနဲ့ သေဆုံးစာရင်းအတိအကျ သိရဖို့ အချိန်ကြာဦးမှာ ဖြစ်ပါတယ်။
■ ဗီဒီယိုတွေထဲမှာ အဆောက်အဦကနေ မီးလောင်စွဲပျံ့နှံ့နေပြီး လူတွေက အလန့်တကြား ထွက်ပြေးနေကြပါတယ်။
■ စုံစမ်းစစ်ဆေးချက်များအရ ဘားပိုင်ရှင်ဟာ ပြင်သစ်စုံတွဲဖြစ်တယ်လို့ ရှေ့နေ ဘိထရစ်ပီလောက်က ပြောပါတယ်။
■ စခန်းမှာ လာရောက်ပျော်ရွှင်ကြသူတွေက နိုင်ငံအနှံ့မှ နိုင်ငံခြားသားတွေ ပါဝင်နေပြီး အတိအကျတော့ မသိရသေးပါဘူး။
■ ဗီဒီယိုပြချက်တွေထဲမှာ ကြာသပတေးနေ့ ညနေခင်းမှာ ရာနဲ့ချီတဲ့လူတွေက ထိခိုက်နစ်နာသူတွေအတွက် လေးစားမှုပြုခဲ့ကြပါတယ်။
Source: Reuters
#World_Health
Published 02 January 2026
■ အချိန်ကာလတစ်ခုအထိ အစားဖြတ်ခြင်း(IF)ဆိုတာက အစားစားခြင်းနဲ့ အစားဖြတ်ခြင်းအချိန်ကာလ အလှည့်ကျပြောင်းလဲတဲ့ စားသောက်ပုံစံဖြစ်ပါတယ်။
■ တစ်နေ့တာအတွင်း ၁၆ နာရီကြာအောင် အစားမစားဘဲ ၈ နာရီကာလအတွင်းသာ စားသောက်တာ ဖြစ်ပါတယ်။
■ အစားစားချိန်ကာလ ကန့်သတ်ခြင်းဖြင့် ကယ်လိုရီစားသုံးမှု လျှော့ချသွားပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။
■ အများစု ကျင့်သုံးနေကြတယ်ဆိုပေမယ့် သိထားရမှာတွေလည်း ရှိပါတယ်။
■ (၁) ပရိုတိန်းစားသုံးမှု နည်းသွားရင် ခန္ဓာကိုယ်က စွမ်းအင်အတွက် ကြွက်သားတစ်ရှူးတွေကို ဖြိုခွဲရသဖြင့် ကြွက်သားဆုံးရှုံးစေပါတယ်။
■ (၂) အင်ဆူလင်ကို အလုပ်လုပ်စေသဖြင့် သွေးတွင်းသကြားဓာတ် လျှော့ချကာ ကိုလက်စ်ထရော၊ သွေးပေါင်ချိန်တို့ကို ကောင်းမွန်စေပြီး ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
■ (၃) ကယ်လိုရီလျှော့ချပြီး ဇီဝဖြစ်စဉ်ကျန်းမာရေး တိုးတက်စေသဖြင့် အသည်းခြောက်ရောဂါရှင်တွေအတွက် အကျိုးရှိစေကာ ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
■ (၄) အစားဖြတ်တဲ့သူတွေက အားကစားကဏ္ဍတွေမှာ စွမ်းဆောင်ရည်ကျဆင်းသွားပြီး ဒါဟာ ရေဓာတ်ခန်းခြောက်ခြင်း၊ ဂလိုင်ကိုဂျင်သိမ်းဆည်းမှု လျော့နည်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။
■ (၅) ရောင်ရမ်းခြင်းကို လျော့ကျစေပြီး သားဥအိမ်ရောဂါ (PCOS)ရှိသူတွေမှာ အင်ဆူလင်ပမာဏ ထိန်းညှိပေးပြီး ဟော်မုန်းညီမျှစေပါတယ်။
■ (၆) စားတဲ့အချိန်ကာလအတွင်းမှာ အာဟာရကြွယ်ဝတဲ့ ပရိုတိန်းတွေ၊ အကျိုးပြုအဆီတွေ၊ အစေ့အဆန်တွေကို ညီညွတ်မျှတအောင် စားသုံးရမှာဖြစ်ပြီး တခြားအကျိုးမပြုတဲ့ အစားအစာတွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။
■ ဒါကြောင့် အချိန်ကာလအပိုင်းအခြားတစ်ခုအထိ အစားဖြတ်ခြင်းက ကိုယ်အလေးချိန်ကျဖို့ အကျိုးရှိနိုင်ပေမယ့် သေချာမကျင့်သုံးပါက အာဟာရဓာတ်ချို့တဲ့ခြင်းနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။
Source: NDTV
#World_Health
Published 02 January 2026
■ လူတွေက အိပ်စက်တဲ့အခါ သက်တောင့်သက်သာ အဖြစ်ဆုံး အနေအထားရှိကြပြီး အချို့ဆိုရင် ဘေးတိုက်လဲလျောင်း အိပ်စက်ကြပါတယ်။
■ ဒီထဲမှာမှ ဗိုက်မှောက်အိပ်စက်ခြင်းကလည်း အတော်များများကျင့်သုံးကြပေမယ့် ခန္ဓာကိုယ်မှာ ကောင်းကျိုးရော ဆိုးကျိုးပါ ဖြစ်စေနိုင်တယ်လို့ အက်စ်တာ CMI ဆေးရုံမှ ဒေါက်တာ ဆူနီကူမာက ပြောပါတယ်။
■ ညတိုင်း ရက် ၃၀ ကြာအောင် ဗိုက်မှောက်အိပ်မယ်ဆိုရင် ရေတိုမှာ လည်ပင်းနာခြင်း၊ ပခုံးမအီမသာဖြစ်ခြင်း၊ ကျောတောင့်တင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ ရေရှည်မှာတော့ နာတာရှည် လည်ပင်းနာခြင်း၊ ခါးအောက်ပိုင်းဒဏ်ဖြစ်ခြင်း၊ ကိုယ်နေဟန်ထား မမှန်ခြင်း၊ ကြွက်သားမညီမမျှဖြစ်ခြင်း၊ ရင်ဘတ်တောင့်တင်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ မျက်နှာကို အောက်ဘက်မှောက်ပြီး အိပ်စက်ခြင်းကြောင့် ရင်ဘတ်နဲ့ ဝမ်းဗိုက်တို့ကို ဖိမိစေပြီး အသက်ရှူရ ခက်ခဲစေကာ အောက်ဆီဂျင်ရောက်ရှိမှု နည်းပါးစေကြောင်း၊ ထိုအခါ လက် ခြေထောက် အာရုံကြော သွေးကြောတို့မှာ သွေးလည်ပတ်မှု နည်းစေပြီး အိပ်စက်ရခက်ခဲစေကြောင်း ပြောပါတယ်။
■ ရက် ၃၀ ကြာအောင် ဒီလိုအိပ်စက်ခြင်းဖြင့် အာရုံကြောဖိသိပ်စေပြီး ထုံကျဉ်စေကာ လည်ပင်းနဲ့ ကျောတို့မှာ ဒဏ်ဖြစ်လာစေသလို ကြာလာတာနဲ့အမျှ တောင့်တင်းခြင်း၊ နေ့ခင်းဘက် နေထိုင်ရခက်ခြင်းတို့ ဖြစ်လာစေနိုင်ကြောင်း ဒေါက်တာ ဆူနီက ပြောပါတယ်။
■ ဗိုက်မှောက်အိပ်ခြင်းမှ ကာကွယ်ဖို့အတွက် ဒူးခေါင်းအောက် ခေါင်းအုံးထားရှိခြင်း၊ ဗိုက်မမှောက်မိအောင် ခန္ဓာကိုယ်ဘေးမှာ ခေါင်းအုံးထားရှိခြင်း၊ ကျောရိုးအထောက်အကူဖြစ်စေမယ့် အတန်အသင့်ခိုင်မာသောဖျာ ထားရှိခြင်း၊ သက်တောင့်သက်သာရှိစေရန် ဖက်လုံးအသုံးပြုခြင်း၊ ဒူးခေါင်းကြား ခေါင်းအုံးထားရှိပြီး ဘေးတိုက်အိပ်စက်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
Source: Indian Express.
ဗင်နီဇွဲလားကမ်းရိုးတန်းတလျှောက် အမေရိကန်စစ်တပ်တွေ ချထားသဖြင့် အသက်ကယ်ဆေးဝါးအချို့ဈေးနှုန်းမြင့်တက်ကုန်ပြီး ဗင်နီဇွဲလားမှသာမန်လူတွေ ဝယ်ဖို့မတတ်နိုင်တော့ပါဘူး။
#World_Crisis
Published 01 January 2026
#ဗင်နီဇွဲလား #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
သဘာဝဘေးဒဏ်သင့်ဒေသတွေရဲ့ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးနဲ့အထိရောက်ဆုံး ဆောင်ရွက်ပေးသွားမယ်လို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီရဲ့ (၂/၂၀၂၅) ညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 01 January 2026
#သဘာဝဘေးဒဏ် #အသက်မွေးဝမ်းကျောင်း
#YMG/SW #Yangon_Times
ပြင်ဦးလွင်မြို့ရှိ ကော်ဖီနည်းပညာ ဖွံဖြိုးရေးခြံ(ပွေးတောင်)မှာ
ကော်ဖီဥယျာဉ်ဖွင့်လှစ်ထားရာ မည်သူမဆိုအခမဲ့ ဝင်ရောက်လေ့လာနိုင်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံဌာနခွဲက သိရပါတယ်။
#Local_News
Published 01 January 2026
#ကော်ဖီ #ပြင်ဦးလွင်
#YMG/NN #Yangon_Times
စားသုံးမှိုတွေကိုအလိုအလျှောက် ရေဖြန်းစေတဲ့စနစ်နဲ့စိုက်ပျိုးဖို့ Pilot Project အဖြစ်စတင်ဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)က သိရပါတယ်။
#Local_News
Published 01 January 2026
#မှို #Pilot_Project
#YMG/NN #Yangon_Times
Page 8 of 1870