“သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့်အာမခံ”စကားဝိုင်းဆွေးနွေးပွဲကို လာမယ့် ဇူလိုင် ၄ ရက်မှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) မှ သိရပါတယ်။
#Local_News
Published 03 July 2026
#MHFTSA
#YMG/SW #Yangon_Times
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒေသအချို့၌ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့မနက်မှာထုတ်ပြန်တဲ့ မိုးကြီးမယ့်သတိပေးချက် အမှတ်စဉ်(၄/၂၀၂၆)အရသိရပါတယ်။
#Local_News
Published 03 July 2026
#လေဖိအားနည်းရပ်ဝန်း #မိုးသက်လေပြင်း
#YMG/NN #Yangon_Times
ဆုတောင်းစာများ ဝါးပင်မှာချိတ်ဆွဲတဲ့ ဂျပန်ရိုးရာပွဲတော်ကို ရန်ကုန်မြို့က ဂျပန်ယဉ်ကျေးမှုစင်တာမှာ ယခုလ(၁၀)ရက်နေ့မှာပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 03 July 2026
#ဆုတောင်းစာ # ဂျပန်ရိုးရာပွဲတော်
#YMG/SW #Yangon_Times
#Local_News
Published 03 July 2026
■ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ခရီးရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီးဒေါ်ကြူကြူလှသည် ယနေ့ ဇူလိုင်(၃)ရက်မနက်ပိုင်းက အညတရသူရဲကောင်းစစ်သည်ဗိမာန်တွင် လွမ်းသူပန်းခွေချ အလေးပြုခဲ့သည်။
■ နိုင်ငံတော်သမ္မတသည် လာအိုသမ္မတ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ နိုင်ငံတော် အဆင့်ခရီးသွားရောက်နေခြင်းဖြစ်သည်။
#Local_News
Published 03 July 2026
■ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ခရီးရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီးဒေါ်ကြူကြူလှသည် ယနေ့ ဇူလိုင်(၃)ရက်မနက်ပိုင်းက အညတရသူရဲကောင်းစစ်သည်ဗိမာန်တွင် လွမ်းသူပန်းခွေချ အလေးပြုခဲ့သည်။
■ နိုင်ငံတော်သမ္မတသည် လာအိုသမ္မတ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ နိုင်ငံတော် အဆင့်ခရီးသွားရောက်နေခြင်းဖြစ်သည်။
#Local_News
Published 03 July 2026
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ ဇူလိုင်၃ရက် နံနက်ပိုင်းတွင် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်က လာအိုနိုင်ငံ သမ္မတ အိမ်တော်(Presidential Palace)၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။
#World_News
Published 03 July 2026
■ အီရန်အုပ်ချုပ်ရေး ခေါင်းဆောင်များက နိုင်ငံအပေါ် လူထုရဲ့ သစ္စာစောင့်သိမှုကို ပြသရန်နဲ့ တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်ဆဲဖြစ်ကြောင်း သက်သေပြရန် ခေါင်းဆောင်ဟောင်း အယာတိုလာအလီခါမေနီအတွက် နိုင်ငံတော်အဆင့် ရက်ရှည်ဈာပနအခမ်းအနားများ ပြင်ဆင်နေပါတယ်။
■ အမေရိကန်နဲ့ အစ္စရေးလ်တို့ စစ်ပွဲပထမဆုံးအကြိမ် တိုက်ခိုက်မှုအဖြစ် လေကြောင်းပစ်ခတ်ခဲ့ရာမှာ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် ဆုံးပါးခဲ့ရခြင်းဖြစ်ပြီး ဈာပနကို တဟီရန်မြို့မှာ ယခုသီတင်းပတ်အကုန် စတင်မှာဖြစ်ပါတယ်။
■ ဒါ့အပြင် ကွန်မြို့နဲ့ မာရှတ်မြို့တို့မှာ လူထုစီတန်းလှည့်လည်ပွဲများနဲ့ အီရတ်မှာလည်း အထိမ်းအမှတ်များ ပြုလုပ်ရန် စီစဉ်ထားပါတယ်။
■ ခေါင်းဆောင်အသစ်အဖြစ် မော့တာဘာခါမေနီ ဆက်ခံခြင်းကို လူထုမကျေမနပ်ဖြစ်နေပြီး စီးပွားရေးကျပ်တည်းမှုများ ဖြစ်ပေါ်နေပါတယ်။
■ ပြည်တွင်းမငြိမ်မသက် ဖြစ်နေပေမယ့် အစိုးရက ယင်းတို့ရဲ့ ဘာသာရေးအုပ်ချုပ်မှု အာဏာစက် တောင့်တင်းခိုင်မာကြောင်း ပြသဖို့ရာ ဈာပနအခမ်းအနားသို့ လူထုသန်းချီ တက်ရောက်လာစေရန် စည်းရုံးလှုံ့ဆော်နေပါတယ်။
■ ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေမှာ အာဇာနည်ပြယုဂ်က အချက်အခြာဖြစ်ပြီး စီတန်းလှည့်လည်ပွဲများနဲ့ အခမ်းအနားများက ရှီအိုက်ရိုးရာဓလေ့များကို ဖော်ပြနေပါတယ်။
■ ယာယီလေကြောင်းပိုင်နက် ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ထားကာ နောက်ထပ်တိုက်ခိုက်မှုများကို ပြန်လည်လက်စားချေမယ်လို့ ခြိမ်းခြောက်ထားပြီး လုံခြုံရေးအစီအမံများလည်း တိုးမြှင့်ထားပါတယ်။
Source: Reuters
#World_Health
Published 03 July 2026
■ သွေးလွှတ်ကြောမကြီး ဖောင်းခြင်း ဖြစ်နိုင်ခြေကို အလွယ်တကူ စမ်းသပ်နိုင်တဲ့ နည်းလမ်းကတော့ လက်မနဲ့စမ်းသပ်တဲ့နည်းလမ်း ဖြစ်တယ်လို့ နှလုံးအထူးကု ဒေါက်တာ ထရေစီပက်ရှ်ကယ်က ပြောပါတယ်။
■ လက်ဖဝါးကိုဖြန့်၊ လက်မကို လက်ဖဝါးပေါ် ကန့်လန့်ဖြတ်တင်၊ တကယ်လို့ လက်မက လက်ဖဝါးရဲ့ အစွန်ဘက်ကို ကျော်ထွက်နေမယ်ဆိုရင် အဆစ်အမြစ်တွေ လျော့ရဲခြင်းကို ပြနေတာဖြစ်ပြီး တွယ်ဆက်တစ်ရှူးဆိုင်ရာ ရောဂါများနဲ့ ဆက်စပ်နေနိုင်တယ်လို့ ဆိုပါတယ်။
■ သွေးကြောမကြီး ဖောင်းခြင်းလက္ခဏာ ရှိသူတွေဟာ သွေးကြောနံရံများ အားနည်းချင်တဲ့သဘော ရှိပါတယ်။
■ သွေးကြောမကြီး ဖောင်းတဲ့ လူအများစုဟာ လက်မစမ်းသပ်နည်း negative ရှိမှာဖြစ်ပြီး positive ရှိသူတွေကတော့ တွယ်ဆက်တစ်ရှူးရောဂါများနဲ့ ဆက်စပ်နိုင်ပေမယ့် သွေးကြောဖောင်းခြင်းလို့တော့ သေချာပေါက် မဆိုလိုဘူးလို့ အမေရိကန်နှလုံးအဖွဲ့အစည်းမှ ဒေါက်တာ မာ့စ်ဘိုနာကာက ပြောပါတယ်။
■ လက်မစမ်းသပ်နည်းက သွေးကြောမကြီးဖောင်းခြင်းအတွက် စိတ်ချရတဲ့ ရောဂါရှာဖွေရေးနည်းလမ်းလို့တော့ သတ်မှတ်လို့မရပါဘူး။
■ ကျန်းမာတဲ့လူတွေမှာ တွယ်ဆက်တစ်ရှူးရောဂါများ မရှိဘဲနဲ့လည်း လက်မစမ်းသပ်နည်း positive ဖြစ်နေနိုင်သလို သွေးကြောဖောင်းအခြေအနေ ရှိသူတွေမှာလည်း လက်မစမ်းသပ်နည်း ပုံမှန်ဖြစ်နေနိုင်ပါတယ်။
■ သွေးကြောမကြီးဖောင်းခြင်းအတွက် အခြေအနေတွေက လက်မစမ်းသပ်နည်းထက်စာရင် နှလုံးသွေးကြောပြဿနာများ၊ သွေးကြောဖောင်းမျိုးရိုးရှိသူများကဲ့သို့ အချက်အလက်တွေက ပိုပြီးအရေးပါပါတယ်။
■ သွေးကြောဖောင်းခြင်းအခြေအနေ ရှာဖွေဖို့အတွက် သေချာတဲ့စစ်ဆေးနည်းကတော့ ဓာတ်မှန်ရိုက်ခြင်းဖြစ်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Source: Huff Post
#World_Science
Published 03 July 2026
■ ပန်ကရိယကင်ဆာက ကုသရခက်ခဲတယ်လို့ သိထားကြပြီး အကျိတ်ပတ်ပတ်လည်မှာ ထူထဲတဲ့ အကာအကွယ်က ဆေးတွေကို ပိတ်ဆို့ပြီး ရောဂါခုခံအားကို ဖိနှိပ်ထားပါတယ်။
■ ဒါနာ-ဖာဘာကင်ဆာအဖွဲ့အစည်းမှ သုတေသီများဦးဆောင်တဲ့ စမ်းသပ်ချက်မှာတော့ FDA အသိအမှတ်ပြု ဗိုက်တာမင်-ဒီ တစ်မျိုးဟာ ကင်ဆာဆဲလ် အကာအကွယ်တွေကို ဖြိုခွဲပြီး ကုသလို့ ရလာစေနိုင်မယ်လို့ တွေ့ရှိလာပါတယ်။
■ ပယ်ရီကယ်စီတောလ်က ပန်ကရိယအကျိတ်ရဲ့ဘေးက အရာတွေကို ပြန်လည်ပြုပြင်ကာ ဆေးသွင်းကုသနည်းတွေ တိုးတက်စေနိုင်မယ်လို့ တွေ့ထားပါတယ်။
■ ပန်ကရိယကင်ဆာလူနာတွေ ပါဝင်တဲ့ စမ်းသပ်ချက်ထဲမှာ ပယ်ရီကယ်စီတောလ်က ဖိုင်ဘရိုဘလက်စ်လှုပ်ရှားမှုကို လျှော့ချပေးပြီး အကျိတ်တွေထဲက တီဆဲလ်တွေကို တိုးမြှင့်စေတာ တွေ့ရပါတယ်။
■ ဒီစမ်းသပ်ချက်က ကုသနည်းရဲ့ ထိရောက်မှုကို စမ်းသပ်ရန်မဟုတ်ပေမယ့် ဒီဆေးလက်ခံအသုံးပြုတဲ့ လူနာတွေမှာ ကုသနည်းတုံ့ပြန်မှု မြင့်မားခဲ့ပြီး ရောဂါမဆိုးရွားစေဘဲ အသက်ရှင်သန်နှုန်း တိုးတက်စေပါတယ်။
■ ပယ်ရီကယ်စီတောလ်က ဗိုက်တာမင်-ဒီ ပေါင်းစည်းတဲ့နေရာကို သွားပေါင်းပြီး မျိုးဗီဇတွေနဲ့ ဆဲလ်ပြုမူပုံတွေကို သက်ရောက်စေကာ ပန်ကရိယကင်ဆာ ကုသနည်းယဉ်ပါးမှုကို ဖြေရှင်းနိုင်ဖွယ်ရှိပါတယ်။
■ ပယ်ရီကယ်စီတောလ်ဖြင့် ကုသတဲ့အခါ ဗိုက်တာမင်-ဒီ လက်ခံပေါင်းစည်းပစ္စည်း မြင့်မားတဲ့ လူနာတွေမှာ ဓာတုဆေးသွင်းကုထုံး ကောင်းစွာအလုပ်လုပ်စေပြီး အသက်ရှင်သန်ချိန် အကြာမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
■ အနာဂတ်အတွက် သုတေသနတွေအနေနဲ့ လက်တွေ့စမ်းသပ်မှုကြီးတွေနဲ့ ဗိုက်တာမင်-ဒီ ပေါင်းစည်းပစ္စည်းက ထိရောက်တဲ့ကုသနည်းအတွက် ဇီဝအမှတ်အသားအဖြစ် သတ်မှတ်နိုင်မလားဆိုတာကို လေ့လာရှာဖွေသွားမှာ ဖြစ်ပါတယ်။
Source: Sci Tech Daily
ဂျာမနီမှာ အပြင်းထန်ဆုံးအပူလှိုင်းရင်ဆိုင်နေရပြီး အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းတိုမှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်နီးပါး မြင့်တက်လာနိုင်ကြောင်း မိုးလေဝသပညာရှင်တွေ သတိပေးနေပါတယ်။
#World_Climate
Published 02 July 2026
#ဂျာမနီ #အပြင်းထန်ဆုံးအပူလှိုင်း
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့ရှိ သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကိုLNG တန်ချိန် ၃၀,၀၀၀ကျော်ခန့် တင်ဆောင်လာတဲ့ LNG သင်္ဘောဟာ ဇူလိုင်(၁)ရက်က ၈ကြိမ်မြောက်အဖြစ်ရောက်ရှိလာတယ်လို့ သိရပါတယ်။
#Local_News
Published 02 July 2026
#LNG #သင်္ဘော
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ တောင်သူများအနေနဲ့စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို လေ့လာသုံးသပ်ပြီး ချင်းစိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုစိတ်ဝင်စားလာကြတယ်လို့ သိရပါတယ်။
#Local_News
Published 02 July 2026
#ဂျင်း #ရှမ်းပြည်နယ်တောင်ပိုင်း
#YMG/SW #Yangon_Times
Page 8 of 2015