#World_News
Published 07 November 2026

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လက်နက်ကိုင် ဗင်နီဇွဲလားနိုင်ငံသားတစ်ဦးကို အိမ်ဖြူတော်အနီးမှာ အမေရိကန်လုံခြုံရေးအရာရှိတွေက ဖမ်းဆီးလိုက်ပါတယ်။

■ အမေရိကန် အမိမြေလုံခြုံရေးဌာန (DHS) ရဲ့ ပြောကြားချက်အရ အဲဒီအမျိုးသားကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်ကြာသပတေးနေ့ညနေပိုင်းက ဝါရှင်တန်ဒီစီမြို့၊ Constitution Avenue လမ်းပေါ်မှာရပ်ထားတဲ့ ကားတစ်စီးအတွင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။

■ ကားထဲမှာ ထိုင်နေတဲ့ အမျိုးသားရဲ့အပြုအမူဟာ သံသယဖြစ်စရာကောင်းနေတာကြောင့် အမေရိကန်လျှို့ဝှက်လုံခြုံရေးအဖွဲ့ (Secret Service) က ချဉ်းကပ်စစ်ဆေးခဲ့တာလို့ သိရပါတယ်။

■ အဲဒီအချိန်မှာ အမျိုးသားက သူ့ခေါင်းထဲမှာအသံတွေကြားနေရပြီး အမေရိကန်မြို့တော်ကို သွားကာ သမ္မတထရမ့်ကို သတ်ပစ်ဖို့ညွှန်ကြားနေတယ်လို့ လုံခြုံရေးအရာရှိတွေကို ပြောခဲ့ကြောင်း DHS က ထုတ်ပြန်ထားပါတယ်။

■ နောက်ပိုင်း ကားကိုရှာဖွေစစ်ဆေးရာမှာတော့ သေနတ် ၃ လက်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲမှာ AR-15 အမျိုးအစား ရိုင်ဖယ်တစ်လက်နဲ့ ပစ္စတိုသေနတ် ၂ လက် ပါဝင်ပါတယ်။ ဒါ့အပြင် ကျည်ဆန်အတောင့်ပေါင်း ဒါဇင်နဲ့ချီကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

■ အဆိုပါကားဟာ ခိုးယူထားတဲ့ကားဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။လက်ရှိဖြစ်စဉ်မှာတော့ ဖမ်းဆီးခံထားရတဲ့ ဗင်နီဇွဲလားနိုင်ငံသားရဲ့ အမည်နဲ့ အခုလို လုပ်ဆောင်ခဲ့ရတဲ့ နောက်ကွယ်ကရည်ရွယ်ချက်ကို အာဏာပိုင်တွေက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Source-Wion