တရုတ်ရဲ့ AI စမတ်မျက်မှန်များဟာ ကမ္ဘာ့ဈေးကွက်သို ထိုးဖောက်ဝင်ရောက်လာနေပြီး နည်းပညာ hardware ပိုင်းမှာ တိုးတက်လာတာ မြင်တွေ့နေရပါတယ်။
#Asia_Technology
Published 12 August 2026
#AI
#YMG #Yangon_Times #Yangon_Media_Group
ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်တဲ့ MSME ထုတ်ကုန်များကို (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ သွားရောက်ပြသနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါတယ်။
#Local_News
Published 12 August 2026
#ပဲခူးတိုင်းဒေသကြီး #MSME
#YMG/SW #Yangon_Times
(၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအနေနဲ့ ရွှေတံဆိပ်ဆု(၁)ဆုနဲ့ငွေတံဆိပ်ဆု(၃)ဆုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က သိရပါတယ် ။
#Local_News
Published 12 August 2026
#ပိုက်ကျော်ခြင်းပြိုင်ပွဲ
#YMG/NN #Yangon_Times
လူငယ်များရဲ့ အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်စွမ်းနဲ့ လူအများရှေ့ ယုံကြည်မှုရှိစွာတင်ပြပြောဆိုနိုင်စွမ်း တိုးတက်စေဖို့ ရည်ရွယ်ကျင်းပတဲ့ Mic Up! English Speaking Competition 2026 မှ Gold Plus Winner အဖြစ် ရွေးချယ်ခံရတဲ့(၈)ဦးသည် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Regional Finals ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 12 August 2026
#Mic_Up_English_Speaking_Competition_2026
#YMG/SW #Yangon_Times
ဂျပန်နိုင်ငံတွင် ကျင်းပမယ့် U12 Junior Soccer World Challenge ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ အသင်းအသင့်ဖြစ်နေပြီလို့ မြန်မာနိုင်ငံဘောလုံးအဖွံချုပ်က သိရပါတယ်။
#Local_News
Published 12 August 2026
#U12_Junior_Soccer_World_Challenge
#YMG/NN #Yangon_Times
#Daily_News
Published 12 August 2026
၁။ ဂျပန်နိုင်ငံတွင် ကျင်းပမည့် U12 Junior Soccer World Challenge ပြိုင်ပွဲအတွက် မြန်မာအသင်းအသင့်ဖြစ်နေ
၂။ Mic Up! 2026 Gold Plus Winner ၈ ဦး ထိုင်းပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည်
၃။ (၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာအသင်းရွှေနှင့်ငွေတံဆိပ်ဆုများရရှိ
၄။ အဆင့်မြင့်နည်းပညာများနှင့်အတူ ကမ္ဘာ့အကြိုက်ဖြစ်လာသည့်တရုတ်AIစမတ်မျက်မှန်များ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 August 2026
■ စက်ယန္တရားကြီးများ အပြည့်အဝ အသုံးပြုမှုနှင့် ဌာနပေါင်းစုံ/တပ်မတော်သားများ၏ ညီညွတ်သော အင်အားတို့ကြောင့် ငဝန်တာတမံရေကျော်မှုကို အမြန်ဆုံးခိုင်ခံ့စွာပိတ်ဆို့ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
■ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် တိုက်ရိုက်ဦးဆောင်၍ ငဝန်တာ (ပန်းတောတမံ) အရေးပေါ်ပြုပြင်ရေးနှင့် Sheet Pile ရိုက်သွင်းခြင်းလုပ်ငန်းများကို နေ့မနား ညမနား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
■ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့သည့် အခြေအနေကို အချိန်မီ ပိတ်ဆို့ ထိန်းချုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များစသည့် ပူးပေါင်းအင်အား စုစုပေါင်း ၃၈၀ ဦး တို့သည် ရေနှင့်အပြိုင်အချိန်လုကာ ညီညီညာညာ တစ်စိတ်တစ်ဝမ်းတည်း ၂၄ နာရီ နေ့ဆိုင်း/ညဆိုင်းမနားတမ်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။
■ ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုဖြင့် Sheet Pile စက်ယန္တရားကြီးများ ရိုက်သွင်းမှု အခြေအနေမှာ တာတမံ ရေကျော်ဝင်ရောက်နေသည့် ပန်းတောတမံ နေရာတွင် အရှည် ၁၂ မီတာ ရှိသော Steel Sheet Pile များကို အလျား ၈၉၀ ပေခန့် အုပ်မိုး၍ ရိုက်စိုက်ခြင်း လုပ်ငန်းများ ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
■ ၎င်းအပြင် စုစုပေါင်းရိုက်သွင်းရမည့် သံချောင်း ၂၈၆ ချောင်း အနက် ယနေ့အထိ ၆၉ ချောင်း အောင်မြင်စွာ ရိုက်သွင်းပြီးစီးခဲ့ပြီး ကျန်ရှိသော Sheet Pile များကိုလည်း စက်ယန္တရားကြီးများဖြင့် အရှိန်အဟုန်မပြတ် ဆက်လက် ရိုက်သွင်းလျက်ရှိကြောင်း၊လုပ်ငန်းခွင်အတွင်း ညပိုင်းတွင်လည်း မီးဆိုင်းကြီးများ ထွန်းညှိ၍ Steel Sheet Pile ၊များWelding လုပ်ငန်းစဉ်များကို ညဉ့်နက်တိုင်အောင် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
■ အဆိုပါလုပ်ငန်းခွင်အတွင်းရှိ ပူးပေါင်းအင်အား ၃၈၀ ဦးတို့က စက်ယန္တရားကြီးများနှင့်အတူ သဲအပြည့် ဖြည့်ထားသော Geo Bag အိတ်ကြီးများနှင့် သဲအိတ်များကို ရေအောက်အုတ်မြစ်အထိ စနစ်တကျ သယ်ယူဖိသိပ်ချပေးခြင်း၊ တာတမံ နိမ့်ကျသွားသည့် နေရာများနှင့် ရေဝင်ပေါက်များကို သဲအိတ်များဖြင့် အထပ်ထပ် စီရီ၍ ရေကာ/ရေတား နံရံများအရေးပေါ် တည်ဆောက်ခြင်းတို့ကို နေ့ရောညပါ အလှည့်ကျစနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 August 2026
■ ၂၀၂၆-၂၇ အာရှကလပ်ပြိုင်ပွဲ (ACGL) ခြေစစ်ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်း သုဝဏ္ဏကွင်း၌ အိမ်ကွင်းလက်ခံကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
■ 2025 MNL League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၆-၂၇ ရာသီ AFC Challenge League (ACGL) ပြိုင်ပွဲ၏ ခြေစစ်ပွဲအဆင့် (Preliminary Stage) တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိထားကြောင်းသိရသည်။
■ ထို့အပြင် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ ထုတ်ပြန်ချက်အရ ရန်ကုန်ယူနိုက်တက်အသင်းသည် ACGL ပြိုင်ပွဲ၏ အရှေ့အာရှဇုန် ခြေစစ်ပွဲစဉ် (Preliminary Stage - EAST) အဖြစ် လာအိုကလပ် Ezra FC အသင်းနှင့် လာမည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် (အင်္ဂါနေ့) မြန်မာစံတော်ချိန် ညနေ ၄:၀၀ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမည်ဖြစ်သည်။
■ ပြီးခဲ့သည့် ၂၀၂၅-၂၆ ရာသီ ACGL ခြေစစ်ပွဲတုန်းကလည်း ရန်ကုန်ယူနိုက်တက်အသင်းသည် အဆိုပါ Ezra FC အသင်းနှင့်ပင် သုဝဏ္ဏကွင်း၌ တွေ့ဆုံခဲ့ဖူးပြီး ပွဲပိုအချိန် ၁-၁ ဂိုးဖြင့် သရေကျခဲ့ကာ ပင်နယ်တီ အဆုံးအဖြတ်တွင် ၃-၅ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးကြောင်း သိရသည်။
■ ထို့ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ယခုနှစ်တွင် မိမိတို့အိမ်ကွင်း၌ ပရိသတ်များ၏ အားပေးမှုနှင့်အတူ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ အဆိုပါ ခြေစစ်ပွဲစဉ်တွင် အနိုင်ရရှိပါက ACGL အုပ်စုအဆင့် (Group Stage) သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကာ ပြိုင်ပွဲပုံစံသတ်မှတ်ချက်အရ ပြီးခဲ့သည့်နှစ် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ACGL Group Stage (အုပ်စုအဆင့်) သို့ တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 12 August 2026
■ အီရန်စစ်ပွဲ အဆုံးသတ်နိုင်ခြေ မရေမရာဖြစ်လာချိန်မှာ အမေရိကန်နဲ့ အီရန်မဟာမိတ် ဟူသီအဖွဲ့တို့ဟာ အင်္ဂါနေ့က သင်္ဘောတွေကို သီးခြားတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြပြီး အမေရိကန်အနေဖြင့် ယင်းတို့ရဲ့ လိုအပ်ချက်များကို လက်မခံပါက ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ထားမယ်လို့ အီရန်အစိုးရက ပြောပါတယ်။
■ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်ဖ်က ရေလက်ကြားကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီမှု တစ်စုံတစ်ရာရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
■ စေ့စပ်ညှိနှိုင်းပေးသူ ကာတာနိုင်ငံကလည်း အိုမန်နဲ့ အီရန်တို့ကြား သီးခြားစေ့စပ်ဆွေးနွေးမှုများမှာ အဆင့်မြင့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
■ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ အဓိကသယ်ယူပို့ဆောင်ရေး ရေလမ်းကြောင်း ပိတ်ဆို့သွားစေခဲ့တဲ့ တင်းမာဆိုင်းငံ့မှုကို ကျော်လွန်ပြီး ယခုကဲ့သို့ အကောင်းမြင် သံတမန်ရေးရာ အချက်ပြမှုများ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပျက်စီးဆုံးရှုံးမှုများအတွက် အီရန်ထံမှ လျော်ကြေးငွေ တောင်းဆိုလိုက်ခြင်း အပါအဝင် ပြင်းထန်တဲ့ ပြောဆိုစိန်ခေါ်မှုတွေက အဟန့်အတား ဖြစ်နေဆဲလို့ ပြောပါတယ်။
■ ရေလက်ကြား ပြန်ဖွင့်ရေးအတွက် အီရန်အဓိကတောင်းဆိုချက်တွေထဲမှာ အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှု ရပ်ဆိုင်းရန်၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရန်း၊ လျော်ကြေးငွေ ရရှိရန်တို့ ပါဝင်ပါတယ်။
■ အိုမန်ပင်လယ်ကွေ့နဲ့ ပင်လယ်နီတို့အတွင်း ကုန်သွယ်ရေးသင်္ဘောများကို တိုက်ခိုက်မှုများ အပါအဝင် ဒေသအတွင်း ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများမှာ ဆက်လက်ဖြစ်ပေါ်ဆဲ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 12 August 2026
■ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ ထောင်မှ ၁ သောင်းကြား အန်ဒီးစ်ဒေသမှာ ကစီဓာတ်ကြွယ်ဝတဲ့ အာလူးများ စိုက်ပျိုးခဲ့ခြင်းဟာ ဒေသခံလူမျိုးများရဲ့ မျိုးဗီဇဆင့်ကဲဖြစ်စဉ်ကို သိသာထင်ရှားစွာ ပြောင်းလဲစေခဲ့ပါတယ်။
■ ပီရူးနိုင်ငံမှ အန်ဒီးစ်ဒေသခံများဟာ တံတွေးထဲမှာ ပါဝင်တဲ့ အမိုင်လေ့စ်အင်ဇိုင်းမျိုးဗီဇ (AMY1) ပမာဏအရေအတွက် အများဆုံး ပိုင်ဆိုင်ထားသူများ ဖြစ်ကြပါတယ်။
■ AMY1 မျိုးဗီဇအရေအတွက် ပိုမိုပါဝင်ခြင်းက တံတွေးအမိုင်လေ့စ် ထုတ်လုပ်မှု ပိုများစေပြီး ပါးစပ်အတွင်း ရှုပ်ထွေးတဲ့ ကစီဓာတ်များကို ပိုမိုထိရောက်စွာ ဖြိုခွဲပေးနိုင်ပါတယ်။
■ အာလူးက အဓိကစားသောက်ကုန် ဖြစ်လာတာနဲ့အမျှ AMY1 အရေအတွက် ပိုမိုမြင့်မားတဲ့ ရှေးခေတ်အန်ဒီးစ်ဒေသခံများဟာ မျိုးဆက်တစ်ခုစီမှာ အသက်ရှင်သန်နိုင်မှုနဲ့ မျိုးပွားနိုင်မှု အားသာချက် ၁.၂၄ ရာခိုင်နှုန်းခန့် ပိုမိုရရှိခဲ့ကြပါတယ်။
■ သဘာဝအလျောက် ရွေးချယ်မှုက မျိုးဗီဇအသစ်များကို ဖန်တီးပေးခြင်းမဟုတ်ဘဲ AMY1 အရေအတွက် မြင့်မားစွာ ပါဝင်ပြီးသား လူတစ်ဦးချင်းစီကို ဦးစားပေးဖြစ်ထွန်းစေခဲ့ပြီး နည်းပါးသူများကိုတော့ အချိန်နဲ့အမျှ လျှော့ချပစ်ခဲ့ပါတယ်။
■ ဒီလိုမျိုး မျိုးဗီဇအပြောင်းအလဲက ဥရောပသားများနဲ့ မထိတွေ့မီ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း အဆင့်မြင့် DNA စစ်ဆေးမှုများဖြင့် အတည်ပြုနိုင်ခဲ့သဖြင့် လူဦးရေအပြောင်းအလဲကြောင့် အလိုအလျောက် ဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
■ UCLA နဲ့ ဘက်ဖလိုတက္ကသိုလ်တို့ရဲ့ ပူးပေါင်းလေ့လာချက်အရ လူသားတို့ရဲ့ DNA ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁ သောင်းအတွင်း စိုက်ပျိုးရေးဆိုင်ရာ အစားအသောက်ပုံစံများနဲ့အညီ ပြောင်းလဲလိုက်လျောညီထွေဖြစ်အောင် ဆက်လက်အဆင်ပြေအောင် ပြုပြင်နေကြောင်း ခိုင်မာတဲ့သက်သေအဖြစ် ဖော်ပြနေပါတယ်။
Source: Food & Wine
#World_Health
Published 12 August 2026
■ ကျန်းမာရေး၊ ဆီးချိုတို့နဲ့ ပတ်သက်လာရင် အာလူးထက် အာလူးကြော်တွေက တကယ့်ပြဿနာ ဖြစ်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
■ BMJ သုတေသနပြုချက်ထဲမှာ လူပေါင်း ၂၀၅,၀၀၀ ကျော်ကို နှစ် ၄၀ ကြာ လေ့လာခဲ့ရာမှာ အာလူးကြော်စားသုံးခြင်းက ဆီးချိုရောဂါ အမျိုးအစား ၂ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားခြင်းနဲ့ ဆက်စပ်နေကြောင်း တွေ့ရပါတယ်။
■ အာလူးကြော်ကို တစ်ပတ်လျှင် ၃ ကြိမ်စားသုံးခြင်းဟာ ဆီးချိုဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်စေပါတယ်။
■ ပြုတ်ထားတဲ့အာလူး၊ ဖုတ်ထားတဲ့ အာလူး၊ ထောင်းထားတဲ့အာလူးတွေကို ထိုပမာဏအတိုင်း စားသုံးတာကတော့ ဆီးချိုဖြစ်နိုင်ခြေကို သိသိသာသာ တိုးမြင့်စေခြင်း မရှိပါဘူး။
■ ဆီများများဖြင့် ကြော်လှော်ခြင်းဟာ အဆီနဲ့ ကယ်လိုရီပမာဏ မြင့်တက်စေပြီး အာလူးရဲ့ သဘာဝအလျောက် သွေးတွင်းသကြားဓာတ် မြင့်တက်စေမှုနှုန်းအပေါ် သက်ရောက်မှုကို ပိုမိုဆိုးရွားစေပါတယ်။
■ အာလူးနေရာမှာ ဆန်ဖြူအစားထိုး စားသုံးခြင်းကလည်း ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်စေကြောင်း တွေ့ရပါတယ်။
■ အစားအစာ ချက်ပြုတ်ပြင်ဆင်တဲ့ နည်းလမ်းက အရေးအကြီးဆုံးဖြစ်ပြီး ဆီမကြော်ထားတဲ့ အာလူးတွေကို သင့်တော်ရုံ စားသုံးပါက ကျန်းမာရေးနဲ့ ညီညွတ်ဆဲဖြစ်ကြောင်း သုတေသီများ ကောက်ချက်ချထားပါတယ်။
Source: The Jerusalem Post
တရုတ်နိုင်ငံရဲ့ ၂၈ ကြိမ်မြောက် လူသားပုံသဏ္ဍာန်စက်ရုပ်နဲ့ ဉာဏ်ရည်တုပြိုင်ပွဲ နိုင်ငံတော်အဆင့် ဗိုလ်လုပွဲများကို ပေကျင်းမြို၌ကျင်းပခဲ့ပြီး တက္ကသိုလ်ပေါင်း ၁၀၀ ကျော်မှ အသင်း ၂၁၃ သင်းနဲ့ စက်ရုပ် ၃၅၀ ခန့် ပါဝင်ကြပါတယ်။
#World_Technology
#တရုတ်နိုင်ငံ #လူသားပုံသဏ္ဍာန်စက်ရုပ်
Published 11 August 2026
#YMG #Yangon_Times #Yangon_Media_Group
Page 11 of 2053