ဆက်တိုက်ကျဆင်းခဲ့တဲ့ ရွှေပြင်ပပေါက်ဈေးဟာ တစ်ပတ်အတွင်းတစ်ကျပ်သားကို ကျပ်နှစ်သိန်းကျော်အထိပြန်လည်မြင့်တက်လာခဲ့တယ်လို့ ရွှေဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
#Local_News
Published 03 Sept 2025
#ရွှေဈေးတစ်ကျပ်သား #ရွှေ
#YMG/SW #Yangon_Times
ပြည်တွင်းကတင်ပိုတဲ့အိပ်စပို့ဆန်နဲ့ ဆန်ကွဲ ပို့ကုန်တွေကို (၂)ဆတိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 03 Sept 2025
#ဆန်နှင့်ဆန်ကွဲ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Daily_News
Published 02 Sept 2025
၁။ မျက်စိဝေဒနာရှင်(၂၀၀၀)ကျော်အားအခမဲ့စမ်းသပ် ကုသပေးမည်
၂။ ဆန်နှင့်ဆန်ကွဲ ပို့ကုန် (၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်နေ
၃။ ရွှေဈေး တစ်ကျပ်သား ကျပ်နှစ်သိန်းကျော်အထိပြန်လည်မြင့်တက်
၄။ (၂၀၂၅)SCOထိပ်သီးအစည်းအဝေးသို့တက်ရောက်လာသောဧည့်သည်တော်များအား တရုတ်သမ္မတဇနီးမောင်နှံဧည့်ခံကြိုဆို... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ရဲ့(၁၄) ကြိမ်မြောက် မျက်စိအလင်းအလှူမှာ မျက်စိဝေဒနာရှင်(၂၀၀၀)ကျော်အားအခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးသွားမယ်လို့ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)က သိရပါတယ် ။
#Local_News
Published 03 Sept 2025
#သီတဂူစက္ခုဒါနဆေးရုံ #မျက်စိဝေဒနာရှင်(၂၀၀၀)ကျော်
#YMG/NN #Yangon_Times
#Local_News
Published 02 September 2025
▪️ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO)တွင် ဒေသထွက် ဟင်းခတ်အမွှေးအကြိုင် ကုန်ပစ္စည်းများအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေကြောင်း ယမန်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည့်တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (22nd CAEXPO)တွင် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့အဖြစ် ပါဝင်ပြသနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။
▪️ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့အား နိုင်ငံကိုယ်စားပြု နှစ်လိုဖွယ်ရာမြို့အဖြစ် ဂုဏ်ယူစွာပြသသွားရမည်ဖြစ်သည့်အပြင် ဒေသထွက်ဟင်းခတ်အမွှေးအကြိုင် ကုန်ပစ္စည်းများအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေး ကိုလည်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ထို့ကြောင့် ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆပ်ကော်မတီတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သည်များ၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းတင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။
▪️ တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြစ်ကြီးနားမြို့ကို နှစ်လိုဖွယ်ရာမြို့အဖြစ် ပြသဆောင်ရွက်သွားမည့် အစီအစဉ်များတွင် နှစ်လိုဖွယ်ရာမြို့ မိတ်ဆက်ဗီဒီယိုကလစ်များလည်းပါဝင်ကြောင်း၊ ထို့ပြင် MSME လုပ်ငန်းရှင်များကလည်း ကုန်စည်ပြပွဲအတွင်း ဒေသထွက်ဟင်းခတ်အမွှေး အကြိုင်များအပါအဝင် ကုန်စည်ပစ္စည်းများလည်းပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 02 September 2025
▪️ ကျန်းမာရေးဝန်ကြီးဌာနမှ အပတ်စဉ်စစ်ဆးထုတ်ပြန်ပေးနေသည့်ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သုံးပတ်ဆက်တိုက်မတွေ့ရှိရကြောင်း သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၄-၈-၂၀၂၅)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၈-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၆၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိရကြောင်း၊ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသော လူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်း ထုတ်ပြန်ထားသည်။
▪️ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက် ဆုံးရှုံးနိုင်ခြေမြင့်မားသည့်အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်)ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပေးနေပြီဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း၊ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက် များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 1 Sept 2025
▪️ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ကို ဖြတ်ကျော်ခဲ့သော လေပွေလှိုင်း
အရှိန်ကြောင့် ဒေသအချို့မှာမိုးဆက်ကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။
▪️ အဆိုပါ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့ကို ဖြတ်ကျော်ခဲ့သော လေပွေလှိုင်းသည် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း တို့တွင်ဆက်လက်တည်ရှိနေ ကြောင်း ၊ယင်းလေပွေလှိုင်းသည် ပိုမိုအားကောင်းလာနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းခန့်မှန်းရသည်ဟု ဖော်ပြထားသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်း လျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထား ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 Sept 2025
▪️ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်
၂၀၂၅ကို တက်ရောက်လာသည့်လူငယ်အဖွဲ့+အုပ်ချုပ်မှုအဖွဲ့ (၄၇၅)ဦးတို့သည် ယနေ့မနက် (၅)နာရီ (၄၅)မိနစ်တွင် ရွှေတိဂုံစေတီတော်
သို့ လာရောက် ဖူးမျှော်ခဲ့ကြောင်းသိရသည်။
▪️ ၎င်းတို့သည်မြောက်ဘက်မုခ်မှတက်ရောက်ပြီး ရာဟုထောင့် အောင်မြေတွင် ဘုရားဝတ်ပြုကာ စေတီတော်ကြီးအား လက်ယာရစ်ပူဇော်၍ မနက် (၆)နာရီ (၃၀)မိနစ်တွင် အနောက်ဘက်စောင်းတန်းမှ ပြန်လည်ထွက်ခွာသွားကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 02 September 2025
▪️ အာဖဂန်နစ္စတန်မှာ အဆိုးရွားဆုံးမြေငလျင် လှုပ်ခတ်ခဲ့သဖြင့် ၈၀၀ ကျော်သေဆုံးကာ အနည်းဆုံး ၂,၈၀၀ ခန့် ဒဏ်ရာရထားကြောင်း အာဏာပိုင်များက တနင်္လာနေ့မှာ ပြောသွားပါတယ်။
▪️ ကြမ်းတမ်းတဲ့ တောင်တန်းဒေသတွေနဲ့ ရာသီဥတုအခြေအနေကြောင့် ဝေးလံတဲ့နေရာတွေဆီ ကယ်ဆယ်ရေးတွေ ရောက်ရှိဖို့ ခက်ခဲနေပါတယ်။
▪️ စစ်ပွဲဒဏ်ခံနေရတဲ့နိုင်ငံမှာ နိုင်ငံခြားအကူအညီ ကျဆင်းခြင်းပြဿနာကစလို့ အိမ်နီးချင်းနိုင်ငံတွေကနေ အာဖဂန်လူမျိုးသိန်းချီကို နေရပ်ပြန်ပို့ခြင်းပြဿနာအထိ ကြုံတွေ့နေရတဲ့အချိန်မှာ ယခုလို ငလျင်ဘေးက ပိုမိုဆိုးရွားစေပါတယ်။
▪️ ဒေသစံတော်ချိန်ညသန်းခေါင်မှာ ပြင်းအားအဆင့် ၆ ရှိတဲ့ ငလျင်က အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ပြီး အာဖဂန် ကာဘူးမြို့ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရှာရာဖက်ဇာမန်က နိုင်ငံတကာအကူအညီများ တောင်းခံလိုက်ပါတယ်။
▪️ လူအများအပြား အသက်အိုးအိမ်များ ဆုံးရှုံးနေတာကြောင့် အကူအညီလိုအပ်နေတယ်လို့ ပြောသွားပါတယ်။
▪️ ရေညစ်ညမ်းမှုမဖြစ်စေရန် ကယ်ဆယ်ရေးအဖွဲ့တွေက တိရိစ္ဆာန်အလောင်းတွေကို အလျင်အမြန်ဖယ်ရှားဖို့ ကြိုးစားနေကြပါတယ်။
▪️ စစ်ကယ်ဆယ်ရေးအဖွဲ့တွေက ဖြန့်ကျက်ရှာဖွေနေရာ ဒဏ်ရာရသူနဲ့ သေဆုံးသူ ၄၂၀ ကို သယ်ဆောင်ခဲ့ပါတယ်။
▪️ ငလျင်က ကူနာရှိ ရွာသုံးရွာကို ဖျက်ဆီးခဲ့ပြီး အခြားဒေသများမှာလည်း ထိခိုက်မှုများခဲ့ပါတယ်။
▪️ လူနာတင်ယာဉ်တွေ၊ ဆရာဝန်တွေ၊ လိုအပ်သမျှအရာအားလုံး လိုအပ်နေတယ်လို့ အသက်ရှင်ကျန်သူတစ်ဦးက ပြောပါတယ်။
▪️ တာလီဘန်တွေရဲ့ အမျိုးသမီးတွေအပေါ်ထားတဲ့ ပေါ်လစီတွေကြောင့် လှူဒါန်းဖို့စိတ်မဝင်စားကြကာ အခုထက်ထိ နိုင်ငံခြားအစိုးရတွေမှ ကယ်ဆယ်ကူညီရေး မပေးကြသေးဘူးလို့ အာဖဂန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။
Source: Reuters
#World_Health
Published 02 September 2025
▪️ အသက် ၃၀ ကျော်လာတဲ့အခါ ခွန်အားကျဆင်းလာခြင်း၊ ဇီဝကမ္မဖြစ်စဉ် အလွန်အမင်းပြောင်းလဲလာခြင်း၊ အရိုးများ ဆွေးလာခြင်း၊ အဆစ်နာခြင်း၊ လှုပ်ရှားနိုင်စွမ်းကျဆင်းလာခြင်းစသဖြင့် ကျန်းမာရေးပြဿနာများ ဖြစ်လာတတ်ပါတယ်။
▪️ အစားအသောက်ဖြင့် လိုအပ်တဲ့အာဟာရဓာတ်တွေ မဖြည့်ဆည်းနိုင်တဲ့အခါ အာဟာရဓာတ်ချို့တဲ့မှုတွေ ဖြစ်လာပါတယ်။
▪️ အမျိုးသားတွေက ဒီလိုပြဿနာတွေ ပိုမိုခံစားရနိုင်ကာ ဖြည့်စွက်အားဆေးတွေ ပိုမိုလိုအပ်နိုင်တယ်လို့ ဝေါ့ဟာ့ဒ်ဆေးရုံမှ ဒေါက်တာအန်နီကက်မြူးလ်က ပြောသွားပါတယ်။
▪️ ဇင့်သတ္တုဓာတ်ဆိုရင် ကျားဟော်မုန်းအကာအကွယ်ပေးခြင်း၊ မျိုးပွားလုပ်ဆောင်ချက်၊ ကြွက်သားပြန်လည် တည်ဆောက်ခြင်းတို့အတွက် လိုအပ်ပြီး ဂုံး၊ အမဲသား၊ ဖရုံစေ့၊ ကုလားပဲတို့မှာ ပါဝင်ပါတယ်။
▪️ ဗိုက်တာမင်-ဒီ၃နဲ့ ကေ၂ဆိုရင် အရိုး၊ ကိုယ်ခံအား၊ ကျားဟော်မုန်းထုတ်လုပ်ခြင်း၊ ကယ်စီယံစုပ်ယူခြင်း၊ နှလုံးသွေးကြော ကျန်းမာရေးတို့အတွက် လိုအပ်ကာ နေရောင်ခြည်ထိတွေ့မှုကနေ ဒီ၃ ရရှိသလို အဆီပါသောငါး၊ အချဉ်ဖောက်သော စားစရာတွေကနေ ကေ၂ ရရှိနိုင်ပါတယ်။
▪️ ကြွက်သားနဲ့ အာရုံကြောလုပ်ဆောင်ချက်၊ ခွန်အားထုတ်လုပ်ခြင်း၊ နှလုံးကျန်းမာရေး၊ ဖိစီးမှုထိန်းချုပ်ခြင်း၊ အိပ်စက်မှုတို့အတွက် မဂ္ဂနီဆီယံအရေးကြီးကာ အစိမ်းရောင်ဟင်းရွက်များ၊ အခွံမာသီးများ၊ အစေ့များမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ်က နှလုံးကျန်းမာရေး ထောက်ကူပေးခြင်း၊ ရောင်ရမ်းမှု လျှော့ချခြင်း၊ ဦးနှောက်လုပ်ဆောင်ချက် တိုးမြှင့်ပေးခြင်းတို့အတွက် အရေးပါကာ အဆီပါသောငါး၊ လျှော်စေ့၊ ချီယာစေ့တို့မှာ ပါဝင်ပါတယ်။
▪️ ဗိုက်တာမင်- ဘီ၆ ဘီ၉ ဘီ၁၂တို့က ခွန်အားထုတ်လုပ်ခြင်း၊ ဦးနှောက်နဲ့ အာရုံကြောလုပ်ဆောင်ချက်တို့အတွက် အရေးပါကာ အစေ့အဆန်များ၊ ဥ၊ အသား၊ အစိမ်းရောင်ဟင်းရွက်တို့မှာ ပါဝင်ပါတယ်။
▪️ ဖြည့်စွက်အားဆေးက လူတိုင်းလိုအပ်တာမဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးရင် မရှိမဖြစ် အာဟာရဓာတ်များ ရရှိနိုင်ပါတယ်။
Source: India Express
#World_Health
Published 02 September 2025
▪️ သံဓာတ်ဆိုတာက သွေးနီဥဆဲလ်တွေအတွက် အဓိကျရုံသာမက စိတ်ဓာတ်ကျခြင်းကိုလည်း သက်သာစေပါတယ်။
▪️ သံဓာတ်ချို့တဲ့ခြင်းနဲ့ စိတ်ဓာတ်ကျလက္ခဏာများကြား ဆက်စပ်မှုရှိနေကြောင်းကို လတ်တလောသုတေသနမှာ ဖော်ပြထားပါတယ်။
▪️ အထူးသဖြင့် ကလေးလွယ်နိုင်တဲ့အရွယ် အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် စိတ်ဓာတ်ကျလက္ခဏာ ခံစားရနိုင်ခြေ ၁ ဆခွဲနီးပါးပိုများပါတယ်။
▪️ ဝင်ငွေနည်းပါးတဲ့အမျိုးသမီးတွေမှာလည်း သံဓာတ်ချို့တဲ့နိုင်ခြေ ပိုများပါတယ်။
▪️ စပီရူလိုင်းနား၊ ပေါက်ပေါက်ဆုပ်တို့လို အစားအစာတွေမှာ သံဓာတ်ကြွယ်ဝပေမယ့် သိပ်ပြီးမသိကြပါဘူး။
▪️ သံဓာတ်ကြွယ်ဝတဲ့ စားစရာတွေကို ဗိုက်တာမင်-စီနဲ့ ပေါင်းစပ်တဲ့အခါ အာဟာရဓာတ်စုပ်ယူမှု ပိုအားကောင်းစေပါတယ်။
▪️ ဒီအတွက် စိတ်ကျန်းမာရေးထိန်းသိမ်းနိုင်ဖို့ အာဟာရဓာတ်ချို့တဲ့မှုတွေကို ဖြေရှင်းနိုင်ဖို့က အရေးပါတဲ့ ကာကွယ်မှုဖြစ်နေပါတယ်။
▪️ အချို့သော ဆေးဖက်ဝင်ပစ္စည်းတွေက သံဓာတ်ချို့တဲ့မှုအတွက် သဘာဝနည်းလမ်းတွေ ပေးစွမ်းနိုင်ပါတယ်။
▪️ သံဓာတ်ချို့တဲ့မှုက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်နေကာ သမားရိုးကျကုသနည်းများအပြင် အစားအသောက်များဖြင့် ဖြည့်တင်းဖို့လည်း အရေးကြီးပါတယ်။
Source: NaturalNews
တရုတ်ယူနန်ပြည်နယ်အနောက်တောင်ပိုင်းရှိ ယူနန်တောရိုင်းတိရိစ္ဆာန်ဥယျာဉ်မှာ ဆိုက်ဘေးရီးယားကျားတစ်စုံရဲ့ နှစ် (၂၀) ပြည့်အထိမ်းအမှတ်အတွက် ပြင်ဆင်ခဲ့ကြပါတယ်။
#Asia_Animal
Published 1 Sept 2025
#ဆိုက်ဘေးရီးယားကျားစုံတွဲ #တရုတ်ယူနန်ပြည်နယ်အနောက်တောင်ပိုင်း
#YMG #Yangon_Times #Yangon_Media_Group
Page 13 of 1770