#Local_News
Published 10 August 2026
■ ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ ဩဂုတ်လ ၉ ရက်က ကျင်းပသည့် (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (MLWC)၌ ၇၅ကီလို/ ၅ ချီ ပြိုင်ပွဲ ၊၅၃ ကီလို /၄ ချီ ပြိုင်ပွဲ ၊၆၅ကီလို/၄ ချီပြိုင်ပွဲ ၊၅၆ ကီလို/၅ချီ ပြိုင်ပွဲ ၊၆၀ ကီလို /၅ချီ ပြိုင်ပွဲများ၌ပူးတွဲသရေများရရှိခဲ့ကြောင်းသိရသည်။
■ ခေါင်တွဲဆိုင်းဖြစ်သည့် ထွန်းမင်းအောင် နှင့် ရာမန် တို့၏ ၇၅ကီလို/ ၅ ချီ ပြိုင်ပွဲ၌ အနိုင် အရှုံး အဖြေမပေါ်ဘဲ ပူးတွဲသရေဖြင့်ပြီးဆုံးခဲ့ကြောင်း သိရသည် ။
■ ထို့အပြင် ဒုတိယခေါင်တွဲဆိုင်းဖြစ်သည့် နိုင်ဝင်းထွန်း နှင့် ကမ္ဘာရှား တို့၏ ၆၇ ကီလို/၅ ချီ ပြိုင်ပွဲမှာ နိုင်ဝင်းထွန်းက ၄ ချီ ၂ မိနစ်နှင့်စက္ကန့် ၃၀ တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။
■ ၎င်းအပြင် ဒေါင်းမိုက်သွေး နှင့် စောရူဘီ တို့၏ ၅၃ ကီလို /၄ ချီ ပြိုင်ပွဲ၌ ပူးတွဲသရေ ဖြင့် ပြီးဆုံးသွားပြီး အောင်ကိုလတ် နှင့် စောထိန်လင်း တို့၏ ၆၅ကီလို/၄ ချီပြိုင်ပွဲမှာလည်း ပူးတွဲသရေ သာ ရရှိကြောင်း ၊ ဆလိုင်းထန်ခွီးရှိန် နှင့် ဟိန်းထွန်းအောင်တို့၏ ၅၆ ကီလို/၅ချီ ပြိုင်ပွဲ၌ ပူးတွဲသရေ ရရှိသွားပြီး အဲမွီ နှင့် သန့်ဇင်တို့၏ ၆၀ ကီလို /၅ချီ ပြိုင်ပွဲ၌လည်း ပူးတွဲသရေများရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times