ဈေးကွက်အတွင်း မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားတဲ့ ကုန်စည်များကိုသာရောင်းချရမှာဖြစ်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 01 July 2026
#ကုန်စည်
#YMG/SW #Yangon_Times
#Daily_News
Published 01 July 2026
၁။ ထိုင်းနိုင်ငံသို့ အခွန်လွတ်ပြောင်းတင်သွင်းခွင့် နှစ်လသက်တမ်းတိုး
၂။ ရေနံနည်းစနစ်ကျတွင်းများတူးဖော်ရန် ကုမ္ပဏီများကိုစိစစ်၍ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးသွားမည်
၃။ တစ်ပတ်အတွင်းဒေသအချို့၌မိုးကြီး၍ ရုတ်တရက်ရေကြီး၊မြေပြိုမှုများဖြစ်ပွားနိုင်ဟု မိုးဇလသတိပေး
၄။ ဘောလုံးပွဲလုံခြုံရေးအတွက် တရုတ်ပြည်ထုတ်နောက်ဆုံးပေါ်စက်ရုပ်ခွေးများ မက္ကဆီကိုအသုံးပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 1 July 2026
■ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်လက်မှတ်အတုဖြင့် ပိတ်မိနေသည့် မြန်မာအမျိုးသမီးတစ်ဦးအား အလုပ်သမားသံအရာရှိရုံးမှ မိခင်နိုင်ငံသို့ ပြန်လည်ကူညီပို့ဆောင်ပေးခဲ့ကြောင်း ဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးမှထုတ်ပြန်ထားသည်။
■ အလုပ်သမားသံအရာရှိရုံးအနေဖြင့် အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်အပြောင်းအလဲ (Transit) စောင့်ဆိုင်းနေခိုက် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည့် လေယာဉ်လက်မှတ်မှာ အတုဖြစ်နေသဖြင့် လေဆိပ်အတွင်း ပိတ်မိကာ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ဒေါ်စောနန်းကြည်အား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ေကြာင်း သိရသည်။
■ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းလေဆိပ်ရဲတပ်ဖွဲ့မှ ၂၉-၆-၂၀၂၆ ရက်နေ့တွင် ဆက်သွယ်အကြောင်းကြားလာခဲ့သဖြင့် ဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးအနေဖြင့် ဒေါ်စောနန်းကြည် မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် Myanmar National Airline (MNA) လေကြောင်းလိုင်းနှင့် အမြန်ဆုံးညှိနှိုင်းကာ လေယာဉ်လက်မှတ်အား အဆင်ပြေအောင် ပံ့ပိုးစီစဉ်ပေးခြင်း အပါအဝင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊လက်ရှိတွင်အဆိုပါ မြန်မာနိုင်ငံသူ ဒေါ်စောနန်းကြည်မှာ မိခင်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာဖြင့် ပြန်လည်ထွက်ခွာသွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 01 July 2026
■ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizuki ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယမာန်နေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ယာယီရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ ရွှေ့ပြောင်းအလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
■ ထိုသို့ တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာနနှင့် International Organization for Migration (IOM) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များ၊ IOM ဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့်အတွက် ဆောင်ရွက်ပေးမှုများ၊ ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီရေးဗဟိုဌာန (Migrant Workers Resource Center-MRC) များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်စေလိုသည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
■ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့် IOM ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 01 July 2026
■ ယနေ့ ဇူလိုင်(၁)နေ့မှစတင်၍ မော်လမြိုင်-ရန်ကုန်လမ်းပိုင်း၌ DEMU ရထားတွဲဆိုင်းဖြင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ပြေးဆွဲပေးသွားနေပြီဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီး မှသိရသည်။
■ အဆိုပါ DEMU ရထားတွဲဆိုင်းတွင် အထက်တန်း (၂)တွဲပထမတန်း (၄) တွဲ ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ပြေးဆွဲချိန်မှာ (၆) နာရီ ခန့်သာကြာမြင့်ဖြစ်ပြီး aircorn စနစ် ဖြင့်ပြေးဆွဲပေးသွာမည်ဖြစ်ပြီးရထားထွက်ခွာချိန်မှာ မော်လမြိုင်ဘူတာ မှ နေ့စဉ် (၁၂)နာရီအချိန် တွင်စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ (၆) နာရီတွင် ရောက်ရှိမည်ဖြစ်သည်။
■ ထို့အပြင် ရထားလက်မှတ်များအား online စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်အတွက် (၇)ရက်ကြိုတင်စနစ်ဖြင့်လည်းကောင်း၊ လမ်းခရီးများအတွက် (၅)ရက်ကြိုတင်စနစ်ဖြင့်လည်းကောင်း၊ ရောင်းချပေးသွားမည်ဖြစ်ပြီး (ortp.railways.gov.mm) ၌ ဝယ်ယူနိုင်ကြောင်းသိရသည်။
■ DEMU ရထားအား ရထားအမှတ် (၈၄) အစုန်ဖြင့်ပြေးဆွဲသွားမည်ဖြစ်ပြီး လက်မှတ်ခ နှုန်းထားမှာ မော်လမြိုင်-ရန်ကုန် အထက်တန်း တစ်ဦးလျှင် ၂၂၀၀၀ကျပ် ကျသင့်မည်ဖြစ်ပြီး ပထမတန်းမှာ တစ်ဦးလျှင် ၁၆၀၀၀ကျပ် ကျသင့်မည်ဖြစ် ကြောင်း DEMU ရထားရပ်တန်မည့်ဘူတာများမှာ (ပေါင်ဘူတာ၊ သထုံဘူတာ ၊ ကျိုက်ထိုဘူတာ၊ သိမ်ဇရပ်ဘူတာ၊ ပဲခူးဘူတာ၊ တိုးကြောင်ကလေး ဘူတာ)များတွင်ရပ်တန့်ပေးသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက Hotline: 1188 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 01 July 2026
■ အယ်ဇိုင်းမားရောဂါအတွက် စမ်းသပ်ဆေးတစ်မျိုးဟာ လူနာအချို့မှာ မှတ်ဉာဏ်နဲ့ စဉ်းစာတွေးတောစွမ်းရည် ပြန်ရစေရန် အကူအညီဖြစ်စေကြောင်း တွေ့ရှိထားပါတယ်။
■ အမေရိကန် ဆေးကုသရေးစင်တာ ၅၄ ခုမှ အယ်ဇိုင်းမားရောဂါ ဖြစ်ပွားသူ ၃၅၁ ဦးကို buntanetap ဆိုတဲ့ဆေးဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
■ ဒီဆေးက အယ်ဇိုင်းမား၊ ပါကင်ဆန်ရောဂါတို့နဲ့ ဆက်စပ်နေတဲ့ ဦးနှောက်ထဲက အန္တရာယ်ပြုပရိုတိန်း စုပြုံခြင်းကို လျှော့ချပေးမှာ ဖြစ်ပါတယ်။
■ စမ်းသပ်မှုအရ ယေဘုယျအားဖြင့် တိုးတက်မှု သိသာထင်ရှားခြင်း မရှိကြောင်း တွေ့ရပေမယ့် ဇီဝအမှတ်အသားဖြင့် အတည်ပြုထားတဲ့ အယ်ဇိုင်းမားလူနာများ၊ အထူးသဖြင့် ရောဂါလက္ခဏာ နုနယ်တဲ့ လူနာတွေမှာ အကျိုးကျေးဇူးများရရှိကြောင်း တွေ့ရပါတယ်။
■ Buntanetap ဆေးပမာဏ တိုးမြှင့်တိုက်ကျွေးခြင်းဖြင့် အယ်ဇိုင်းမား ဝေဒနာရှင်တွေမှာ မှတ်ဉာဏ်နဲ့ အသိဉာဏ်စွမ်းရည်တို့ ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ရောင်ရမ်းမှုနဲ့ ဆဲလ်ပျက်စီးမှုတို့ကို လျှော့ချပေးနိုင်တဲ့ လက္ခဏာများ တွေ့ရကြောင်း ဖော်ပြထားပါတယ်။
■ ယခင်စမ်းသပ်မှုများအတွင်း Buntanetap ဟာ ပါကင်ဆန်ဝေဒနာရှင်များရဲ့ အသိဉာဏ်စွမ်းရည်နဲ့ လှုပ်ရှားမှုစွမ်းရည်များကိုလည်း တိုးတက်စေတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။
■ လက်ရှိမှာ အဆိုပါဆေးရဲ့ သိရှိမှုစွမ်းရည်ကျဆင်းမှု နှောင့်နှေးစေတဲ့ သက်ရောက်မှုကို အတည်ပြုနိုင်ရန် လူနာ ၇၆၀ ပါဝင်တဲ့ ပိုမိုကြီးမားတဲ့ တတိယအဆင့်စမ်းသပ်မှုတစ်ခု လုပ်ဆောင်နေပါတယ်။
■ နောက်ထပ်စမ်းသပ်မှုကြီးတွေ ပြုလုပ်ရန် လိုအပ်နေပေမယ့် ဒီဆေးဟာ အာရုံကြောဆုတ်ယုတ်ရောဂါ အမျိုးမျိုးကို ကုသရာမှာ အသုံးဝင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
Source: India Today
#World_News
Published 01 July 2026
■ မကြာသေးမီက လက်မှတ်ရေးထိုးခဲ့တဲ့ ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာရဲ့ အဓိကပြဌာန်းချက်များကို ဆွေးနွေးပွဲများ မစတင်မီ အကောင်အထည် ဖော်ရမှာဖြစ်ကြောင်း၊ အမေရိကန်နဲ့ နောက်ဆုံးသဘောတူညီချက်တစ်ခုအတွက် ဆွေးနွေးညှိနှိုင်းရန် အသင့်မဖြစ်သေးကြောင်း အီရန်က လေသံထွက်လာပါတယ်။
■ နားလည်သဘောတူညီချက် ချိုးဖောက်မှုမှန်သမျှကို အီရန်တုံ့ပြန်သွားမှာဖြစ်ပြီး ပါရှန်ပင်လယ်ကွေ့ ဖြစ်ရပ်တွေဆိုရင် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများအဖြစ် အီရန်က ရှုမြင်ကြောင်း အီရန်ပါလီမန်ဥက္ကဌ မိုဟာမက်ဘက်ဂါဂါလီဘက်ဖ်က သတိပေးလိုက်ပါတယ်
■ ဒါ့အပြင် သံတမန်ရေးမှာ အီရန်စိတ်ကြိုက် ချဉ်းကပ်မှာဖြစ်ပြီး ညှိနှိုင်းမှုမရပါက စစ်ရေးအတွက် ပြင်ဆင်ထားကြောင်းလည်း ဆိုပါတယ်။
■ နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးအတွက် အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေ သီးခြားဆွေးနွေးဖို့ စီစဉ်ထားတဲ့အချိန်မှာ အခုလိုပြောကြားလာတာ ဖြစ်ပါတယ်။
■ အမေရိကန်ရေတပ်မှ ပိတ်ဆို့မှုတွေ ဖယ်ရှားပြီးနောက် ရေနံတင်ပို့မှု စည်သန်း ၄၀ ကျော် မြင့်တက်ခဲ့တယ်လို့ ဥက္ကဌက ကြေညာခဲ့ပါတယ်။
■ နားလည်မှုစာချွန်လွှာကြောင့် ရေလက်ကြားပိတ်ဆို့မှု ပြီးဆုံးသွားတာဟာ အဓိကအောင်မြင်မှုကြီးလို့ သတ်မှတ်နေပါတယ်။
■ နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်ရန် အမေရိကန်တာဝန်ရှိသူတွေ ဒိုဟာသို့ ရောက်နေပေမယ့် အီရန်ကတော့ တိုက်ရိုက်ပြောဆိုဆွေးနွေးရန် ဆက်လက်ငြင်းဆိုနေပြီး ကြားဝင်စေ့စပ်ခြင်းကိုပဲ လိုချင်နေပါတယ်။
■ ကာတာဝန်ကြီးချုပ်က အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုတွေမှာ ကာတာရဲ့ အခန်းကဏ္ဍက သဘောတူညီချက်ကနေ အမြစ်ခံတယ်လို့ ဆိုခဲ့ပါတယ်။
Source: WION
#World_Health
Published 01 July 2026
■ လက်ဖက်အကြမ်းရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှုလက္ခဏာများ နှေးစေပြီး အရေပြား အရေးအကြောင်းများကို လျှော့ချပေးနိုင်ဖွယ် ရှိတယ်လို့ တရုတ်လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
■ အိုမင်းဆန့်ကျင်အာနိသင် ရရှိဖို့ အသင့်တော်ဆုံး ပမာဏကတော့ တစ်နေ့ကို ၃ ခွက် သောက်သုံးဖို့ပဲ ဖြစ်ပါတယ်။
■ ဒီပမာဏက မှတ်ဉာဏ်လည်း တိုးစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ပိုလီဖီနောတို့ကြောင့် ကိုယ်အလေးချိန် ချရာမှာလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
■ လက်ဖက်အကြမ်းရည်က နှလုံး၊ ဦးနှောက်၊ အူလမ်းကြောင်း ကျန်းမာရေးတို့ကို ထောက်ကူပေးပြီး အမျိုးအစား သီးခြားတာမျိုးမရှိဘဲ ထိရောက်မှုရှိစေပါတယ်။
■ ပိုလီဖီနောက ဆဲလ်တွေကို ကာကွယ်ပေးပြီး ရောင်ရမ်းမှု လျှော့ချပေးကာ နှလုံးကျန်းမာရေးနဲ့ ဦးနှောက်လုပ်ဆောင်ချက်တို့ကို မြှင့်တင်ပေးပါတယ်။
■ လက်ဖက်စိမ်းက နှလုံးကျန်းမာရေး၊ ကိုယ်အလေးချိန်ချခြင်းတို့ကို ကူညီပေးပြီး နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
■ လက်ဖက်နက်ကတော့ သွေးပေါင်ချိန်၊ လေဖြတ်နိုင်ခြေ၊ LDL ကိုလက်စထရောပမာဏတို့ကို လျှော့ချပေးပါတယ်။
■ လက်ဖက်ဖြူက အရေပြားကျန်းမာရေး တိုးတက်စေကာ ကိုယ်အလေးချိန်ကျစေပြီး အခြားလက်ဖက်ကြမ်းတွေထက် ကဖင်းပါဝင်မှု ပိုနည်းပါတယ်။
■ အူလုံလက်ဖက်က အရသာကွဲပြားပြီး ဇီဝဖြစ်စဉ်တွေကို အထောက်အကူပြုကာ ကိုယ်အလေးချိန် ထိန်းသိမ်းစေနိုင်မှာ ဖြစ်ပါတယ်။
Source: The Jerusalem Post
အင်ဒိုနီးရှားမှာ ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် ပဲပြားအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး လူသန်းပေါင်းများစွာအတွက် လူနေမှုဘဝကို ပိုမိုခက်ခဲစေပါတယ်။
#Asia_Business
Published 30 June 2026
#အင်ဒိုနီးရှား #ပဲပြား
#YMG #Yangon_Times #Yangon_Media_Group
June 30, 2026 — The Myanmar government has officially formed a special scrutiny committee tasked with reviewing the reinstatement of citizenship for former Myanmar nationals currently residing abroad. These former nationals include refugees and blacklisted individuals.
The establishment of the committee was authorized by the Office of the President through Notification No. 60/2026, issued on May 4, 2026, and was officially signed and mandated by the President.
The newly formed scrutiny committee is chaired by the Union Minister for Foreign Affairs, with the Permanent Secretary of the Ministry of Immigration and Population acting as Secretary. The panel also includes Union Ministers from the Ministries of Home Affairs, Legal Affairs, Education, Health, and Immigration and Population as active members.
According to the official mandate, the committee is responsible for scrutinizing applications from former nationals residing overseas in strict accordance with the Myanmar Citizenship Law. A key duty of the committee is to evaluate and determine, on a case-by-case basis, the suitability of endorsing citizenship reinstatement applications from these former nationals, which explicitly include refugees and those previously placed on the state's blacklist.
For applicants unable to present concrete proof of their former citizenship, the committee will base its recommendations on verification data provided by the Ministry of Immigration and Population. Furthermore, the committee will assess the applicants' living conditions abroad and verify their criminal records. This process will incorporate formal remarks and assessments obtained from the respective Myanmar Embassies and Consulates-General.
Once the committee resolves to endorse a former citizen for reinstatement, the recommendation will be formally submitted to the Union Government Cabinet. If the Cabinet officially approves the reinstatement during its assembly, the Ministry of Immigration and Population will be instructed to carry out the subsequent administrative procedures in accordance with existing laws and regulations.
၃၀ ဇွန်၊၂၀၂၆
ပြည်ပနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခံယူနေထိုင်သော မြန်မာနိုင်ငံသားဟောင်းများနှင့် အမည်မည်း
စာရင်းဝင် မြန်မာနိုင်ငံသားဟောင်းများ၏ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုရန် အပါအဝင် ပြည်ပရောက်မြန်မာနိုင်ငံသားဟောင်းများကို မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်နိုင်ရေးအတွက် စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်းသိရသည်။
၂၀၂၆ခုနှစ် မေလ ၄ရရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၆၀/၂၀၂၆ ဖြင့် နိုင်ငံတော်သမ္မတရုံးက အဆိုပါစိစစ်ရေးအဖွဲ့ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစိစစ်ရေးအဖွဲ့တွင် နိုင်ငံခြာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊လူဝင်မှုကြီးကြပ်ရးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ကာ ပြည်ထဲရေး၊ ဥပဒေရေးရာ၊ပညာရေး၊ကျန်းမာရေးနှင့် ၊လူဝင်မှုကြီးကြပ်ရးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများက အဖွဲ့ဝင်များအဖြစ်ပါဝင်ကြသည်။
အဆိုပါအဖွဲ့သည် ပြည်ပရောက်မြန်မာနိုင်ငံသားဟောင်းများက မြန်မာနိုင်ငံသားအဖြစ် ပြန်လည် ခံယူ ခွင့်ပြုရန် လျှောက်ထားမှုများကို မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စိစစ်ခြင်း၊ပြည်ပနိုင်ငံတွင် ဒုက္ခသည် အဖြစ် ခံယူနေထိုင်သော မြန်မာနိုင်ငံသားဟောင်းများနှင့် အမည်မည်း စာရင်းဝင် မြန်မာနိုင်ငံ သားဟောင်းများ၏ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုရန် လျှောက်ထားမှုများကို ကိစ္စတစ်ခု ချင်းအလိုက် စိစစ်ထောက်ခံတင်ပြရန် သင့်မသင့် ဆုံးဖြတ်ခြင်း၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက် အထားမပြနိုင်သည့် မြန်မာနိုင်ငံသားဟောင်းများ၏ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုရန် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နိုင်ငံသား စိစစ်အတည်ပြုချက်၊ ၎င်း၏ပြည်ပတွင် နေထိုင်မှုအခြေအနေနှင့် ပြစ်မှုကင်းရှင်းသူ ဟုတ် မဟုတ် တို့ကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များရယူ၍ ကိစ္စတစ်ခု ချင်းအလိုက် စိစစ်ထောက်ခံ တင်ပြရန် သင့် မသင့် ဆုံးဖြတ်ခြင်းတို့ ဆောင်ရွက်ရမည် ဖြစ်သည်။
ထို့အပြင်မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုကြောင်း ထောက်ခံသင့်သည်ဟု ဆုံးဖြတ်ခြင်း ခံရသည့် မြန်မာနိုင်ငံသားဟောင်းများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြရ မည်ဟု အမိန့်ကြော်ငြာစာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုကြောင်း ထောက်ခံ တင်ပြထားသူများကို ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးက မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနအား ညွှန်ကြားမည်ဖြစ်ကြောင်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရဲ့ အသင်းသက်တမ်း (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအရောင်းပြပွဲ ၂၀၂၆ လာမယ့်ဩဂုတ်လမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။
#Local_News
Published 30 June 2026
#ကျောက်မျက်ရတနာ
#YMG/SW #Yangon_Times
Page 9 of 2014