#World_News
Published 22 August 2026
■ အီရန်ခေါင်းဆောင်ပိုင်း ဖြုတ်ချရန် ရည်ရွယ်ကာ အမေရိကန်သမိုင်းမှာ အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သွားမယ်လို့ အမေရိကန်ပြောပြီးနောက် အမေရိကန်ရဲ့ ဘယ်လိုခြိမ်းခြောက်မှုမဆို အပြင်းအထန် တုံ့ပြန်သွားမယ်လို့ အီရန်က သောကြာနေ့မှာ ပြောပါတယ်။
■ အီရန်အပေါ်မှာ သမိုင်းဝင်ပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
■ စစ်ရေးတိုက်ခိုက်မှုများ လျှော့ချရင်း အီရန်အစိုးရ အားနည်းသွားစေရန်အတွက် ရေတပ်ပိတ်ဆို့မှုများနဲ့အတူ ယခုလို အရေးယူမှုများ ပူးတွဲလုပ်ဆောင်မှာ ဖြစ်ပါတယ်။
■ အီရန်ကို စီးပွားရေးအရ ကူညီထောက်ပံ့ပေးတဲ့ ဘယ်နိုင်ငံမဆို အမေရိကန်ရဲ့ ဘဏ္ဍာရေးပြစ်ဒဏ်များ ရင်ဆိုင်ရမယ်လို့ သမ္မတဒေါ်နယ်ထရမ့်က သတိပေးခဲ့ပါတယ်။
■ အီရန်ရေနံတင်ပို့မှု ၈၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူနေတဲ့ တရုတ်ကို အီရန်နဲ့ ကုန်သွယ်ရေးရပ်ဆိုင်းရန်၊ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး ကူညီပေးရန် အမေရိကန်က ဖိအားပေးနေပါတယ်။
■ အီရန်ခေါင်းဆောင်ပိုင်းကတော့ ဘယ်လိုခြိမ်းခြောက်မှုမဆို နယ်ပယ်အရပ်ရပ်မှတဆင့် ပြင်းထန်တဲ့ တုံ့ပြန်မှုများ ပြုလုပ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။
■ ယခုပိတ်ဆို့မှုတွေဟာ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုများဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချလိုက်ပါတယ်။
■ ဟော်မုဇ်ရေလက်ကြားမှတဆင့် အရှေ့အလယ်ပိုင်း စွမ်းအင်တင်ပို့မှုများ ဆက်လက်အဟန့်အတား ဖြစ်မှာကို စိုးရိမ်တာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ၃ ပတ်အတွင်း အမြင့်ဆုံးစံချိန်သို့ မြင့်တက်သွားပါတယ်။
■ ချမှတ်သွားမယ့် အရေးယူပိတ်ဆို့မှုမူဘောင် အချက်အလက်တွေကို ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူများက တနင်္လာနေ့မှာ တရားဝင်ထုတ်ပြန်ရန် စီစဉ်ထားပါတယ်။
Source: Reuters