#Local_News
Published 02 November 2026
■ ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကြီး ကို ရန်ကုန်မြို့တွင်နိုဝင်ဘာလ ၈ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ဟိုတယ် 𝐆𝐫𝐚𝐧𝐝 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦 တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
■ ယင်းမှ(၁၂) ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ🇹🇭 𝐓𝐡𝐞 𝟏𝟐𝐭𝐡 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 (𝐌𝐲𝐚𝐧𝐦𝐚𝐫) ၂၀၂၆ ဖြစ်ပြီး နာမည်ကျော် ထိုင်းတက္ကသိုလ်ပေါင်း ၂၉ ခု က ပြသကြမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ကျောင်းများမှ ပြည်တွင်း ကျောင်းသား ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်းများအတွက် ပြသသွားမည်ဖြစ်ပြီး မိမိစိတ်ဝင်စားသည့် Major & Programs များဖြစ်သော Admission Requirements ၊ Tuition Fees & Living Costs ၊ Scholarship Opportunities ၊ International Programs ၊Credit Transfer & Study Pathways ၊Application Procedures ၊ဘွဲ့ရပြီးနောက် Career Opportunities အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများစသည့် အချက်အလက်များကို သက်ဆိုင်ရာ University Representatives များထံ တိုက်ရိုက်မေးမြန်း နိုင်မည်ဖြစ်ကြောင်းသိရသည်။
■ အလားတူ တက္ကသိုလ်တစ်ခုချင်းစီအလိုက် ၁၀၀ ရာခိုင်နှုန်း Fully Funded နှင့် Partial Scholarships အပါအဝင် ပညာသင်သင်ဆု အခွင့်အလမ်းများကို စုံစမ်းနိုင်မည့်အပြင် Grade 11 & Grade 12 Students: University ကို ဆက်လက်တက်ရောက်ရန် ကြိုတင်စီစဉ်နေသူများ၊ High School Graduates: Bachelor’s Degree အတွက် University နှင့် Program ရွေးချယ်နေသူများ၊ GED / IGCSE Students & Graduates: မိမိ Academic Background နဲ့ သင့်တော်သည့် Study Pathway ကို ရှာဖွေနေသူများ၊ University Students: Credit Transfer, Top-up, Exchange သို့မဟုတ် Postgraduate Opportunitiesများအား စိတ်ဝင်စားသူများ၊ Parents & Teachers: သားသမီးများအတွက် International Education Opportunities များကို လေ့လာနေသူများအနေဖြင့် အခမဲ့ဝင်ရောက်လေ့လာစုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
■ ပညာရေးပြပွဲနေ့တွင် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များမှ ဘွဲ့ရရှိထားသော AMAUT Alumni များ၏ အတွေ့အကြုံနှင့် အကြံပြုချက်များ ကိုလည်း နားဆင်နိုင်မည့် Alumni Sharing ၊ Panel Discussion အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး AMAUT အသင်း၏ ကျွမ်းကျင်သည့် အဖွဲ့ဝင်များမှ ကျောင်းရွေးချယ်ခြင်းကစ၍ လျှောက်လွှာတင်ခြင်း၊ Admission ရရှိသည်အထိ လိုအပ်သည့်အဆင့်တိုင်းကို One-Stop Service ဖြင့် လမ်းညွှန်ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times