#World_Health
Published 13 August 2026

■ သကြားအစားထိုးပစ္စည်းများ စားသုံးခြင်းက မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်း အမြန်အဆန် ကျဆင်းခြင်းနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း သုတေသနသစ်တစ်ခုအရ သိရပါတယ်။

■ ချိုမြိန်တဲ့အရာများ စားသုံးခြင်းနဲ့ အသိဉာဏ်စွမ်းရည် ကျဆင်းတို့ကြား ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။

■ ကျန်းမာရေးနဲ့ ပိုညီညွတ်အောင် သကြားအစား ကယ်လိုရီနည်းတဲ့ အချိုဓာတ်အတုတွေကို ရွေးချယ်လာကြပေမယ့် တွေ့ရှိချက်များအရ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ကျန်းမာရေး ဆိုးကျိုးပေးနိုင်တယ်လို့ ဆောင်းပါးရှင် ဒေါက်တာ ကလော်ဒီယာကင်မီဆူမိုတိုက ပြောပါတယ်။

■ သုတေသီများက ကယ်လိုရီအနည်းငယ်သာ ပါဝင်တဲ့ aspartame ၊ saccharin ၊ acesulfame K ၊ erythritol ၊ xylitol နဲ့ tagatose စတဲ့ အချိုဓာတ်ပစ္စည်း ၇ မျိုးကို စစ်ဆေးခဲ့ကြပါတယ်။

■ ဒီလိုအချိုဓာတ်ပစ္စည်းတွေကို ပိုမိုစားသုံးသူတွေဟာ အသိဉာဏ်စွမ်းရည်ကျဆင်းမှုနှုန်း ၆၂ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တာကို တွေ့ရှိခဲ့ရပါတယ်။

■ အချိုဓာတ်ကို အသင့်အတင့် စားသုံးသူတွေဟာ အနည်းဆုံးစားသုံးသူတွေထက် ကျဆင်းမှု ၃၅ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ခဲ့ပါတယ်။

■ ဆီးချိုရောဂါ ရှိသူရော မရှိသူတွေပါ အသိဉာဏ်စွမ်းရည် ကျဆင်းမှုနဲ့ ဆက်စပ်တာ တွေ့ရှိရပေမယ့် ဆီးချိုရှိသူတွေက သကြားအတုတွေကို ပိုမိုသုံးစွဲနိုင်ခြေ များနေပါတယ်။

■ အချိုဓာတ်ပစ္စည်းတွေကို ကော်ဖီ၊ လက်ဖက်ရည်များ၊ ချက်ပြုတ်စရာများ၊ မုန့်ဖုတ်ခြင်းတို့မှာ ထည့်သွင်းအသုံးပြုလေ့ ရှိကြပါတယ်။

Source: The Hill