#Local_News
Published 20 April 2026

■ မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများအား ဆွေးနွေးခဲ့ကြောင်းသိရသည်။

■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရန် ဧပြီ ၁၂ ရက်မှ ၁၉ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့သွားရောက်ခဲ့ပြီး ယမာန်နေ့မွန်းလွဲပိုင်းက မန္တလေးအပြည်အပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။

■ အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအကြီးအကဲများနှင့် ဒေသဆိုင်ရာအကြီးအကဲများ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးဆောင်ရွက်သွားမည့် အစီအမံများအားဆွေးနွေးခြင်း၊ မြန်မာနိုင်ငံအတွက် ရေနံနှင့်‌ ရေနံထွက်ပစ္စည်းများအား ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times