#World_News
Published 29 August 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ ဗင်နီဇွဲလားတို့ကြား သမိုင်းဝင် ရေနံသဘောတူညီချက်တစ်ခု ကြေညာခဲ့ပါတယ်။
■ အမေရိကန်က ဗင်နီဇွဲလားရဲ့ ရေနံသိုလှောင်စည်ပေါင်း ၆၅ ဘီလီယံရဲ့ အများစုဖြစ်တဲ့ ၅၅ ရာခိုင်နှုန်းကို ထိန်းချုပ်ခွင့်ရရှိခဲ့ပါတယ်။
■ ဒီသဘောတူညီချက်က အမေရိကန်အခွန်ထမ်းများရဲ့ ကုန်ကျစရိတ် မရှိဘဲ နှစ် ၁၀၀ သက်တမ်းရှိ လုပ်ပိုင်ခွင့်များပါဝင်တဲ့ ပုဂ္ဂလိကစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် လည်ပတ်မှာ ဖြစ်ပါတယ်။
■ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ကာကွယ်ရေးဝန်ကြီး ပီ့တ်ဟက်ဆက်နဲ့ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်စီရိုဒရီဂွက်ဇ်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
■ ဒီသဘောတူညီချက်က အမေရိကန် ရေနံသိုလှောင်ပမာဏကို နှစ်ဆတိုးစေပြီး ပြည်တွင်းဓာတ်ဆီဈေးနှုန်းများ လျှော့ချရန်နဲ့ ရေနံအရန်စတော့များ ပြန်လည်ဖြည့်တင်းရန် ရည်ရွယ်ပါတယ်။
■ ဗင်နီဇွဲလားရဲ့ စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍကို ပြန်လည်တည်ဆောက်ရန်အတွက် ဒေါ်လာဘီလီယံ ၁၀၀ နီးပါးရှိတဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို လမ်းကြောင်းပေးမယ်လို့ ရူဘီယိုက ပြောပါတယ်။
■ ယခုနှစ်အစောပိုင်း သမ္မတဟောင်း နီကိုလတ်စ်မဒူရိုကို အမေရိကန်က ရာထူးမှဖယ်ရှားပြီးနောက် အခုလို သဘောတူညီချက် ရလာတာ ဖြစ်ပါတယ်။
■ ဗင်နီဇွဲလား အတိုက်အခံ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူများက ဒီသဘောတူညီချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့ နယ်မြေသိမ်းပိုက်မှုအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
Source: Reuters
#Local_News
Published 29 August 2026
■ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီထားသည့် H.E. Mr. Tor Saralamba သည် ဩဂုတ် ၂၈ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးအပါအဝင် မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို ဆွေးနွေးခဲ့သည်။
■ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပြီးနောက် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနှင့်ထိုင်းနိုင်ငံအကြား ရှိရင်းစွဲ သံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာတိုးတက်ရေး၊ အိမ်နီးချင်းနိုင်ငံများအဖြစ် အပြန်အလှန်နားလည်ယုံကြည်မှု မြှင့်တင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
■ ထို့ပြင်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်နယ်စပ်ဒေသများ လုံခြုံတည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေးကိုလည်းဆွေးနွေးခဲ့သည်။
■ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေးအပြင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
■ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခြင်းမပြုမီ ထိုင်းသံအမတ်ကြီးသည် ဂုဏ်ပြုဆောင်ခန်းမ၌ မြန်မာနှင့် ထိုင်းနိုင်ငံအလံများအား အလေးပြုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။ ဂုဏ်ပြုတပ်ဖွဲ့ကလည်း နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများကို တီးမှုတ်ခဲ့သည်။
■ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်း၊ ထိုင်းသံအမတ်ကြီး၏ ဇနီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
#World_Health
Published 29 August 2026
■ အာဟာရပြည့်ဝတဲ့ အစားအစာတွေကနေ ဗိုက်တာမင်နဲ့ အာဟာရဓာတ်များ လုံလောက်စွာ ရရှိနိုင်တာကြောင့် ဖြည့်စွက်အားဆေးတွေကို အများအားဖြင့် မလိုအပ်ပါဘူး။
■ ဖြည့်စွက်အာဟာရအားဆေးတွေကတော့ သူတို့ရဲ့ အကျိုးပြုပုံတွေကို လွန်ကဲစွာ ကြော်ငြာထားကြပါတယ်။
■ ခန္ဓာကိုယ်ရဲ့ ကြွက်သားစွမ်းအင်ကို သဘာဝအတိုင်း ထောက်ပံ့ပေးတဲ့ ခရီယေတင်ဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ရာမှာ စွမ်းဆောင်ရည်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးပါတယ်။
■ ကော်လာဂျင်ဆိုရင် အရေပြား ရေဓာတ်ပြည့်ဝမှု၊ တင်းရင်းမှု၊ အဆစ်အမြစ် ပြန်လည်ကောင်းမွန်မှုတို့မှာ သာမန်မျှ တိုးတက်စေနိုင်ပေမယ့် နေ့စဉ်လုံလောက်တဲ့ ပရိုတိန်းဓာတ် စားသုံးမှုက ပိုပြီးအဓိကကျပါတယ်။
■ နေရောင်ခြည်သိပ်မရတဲ့ ဒေသများမှ လူတွေကတော့ ဗိုက်တာမင်-ဒီ ကို နေ့စဉ် ၁၀ မိုက်ခရိုဂရမ် သုံးစွဲဖို့ အကြံပြုထားပြီး လွန်ကဲစွာ အသုံးပြုရင်တော့ ခန္ဓာကိုယ်ထဲ စုပြုံလာကာ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်။
■ အဆီများတဲ့ ငါး၊ ရေညှိဖြည့်စွက်ဆေးများဟာ အရေးပါတဲ့ EPA/DHA ဓာတ်များ ပေးစွမ်းနိုင်ပြီး အီလက်ထရိုလိုက်များကိုတော့ ချွေးအလွန်ထွက်ခြင်း၊ အားကစားပြင်းထန်စွာ ပြုလုပ်ခြင်းတို့ကလွဲပြီး ပုံမှန်သောက်သုံးဖို့ မလိုအပ်ပါဘူး။
■ Ashwagandha က စိတ်ဖိစီးမှုနဲ့ ကော်တီစောဟော်မုန်းကို လျှော့ချပေးနိုင်ကာ အမျှင်ဓာတ်က အစာချေဖျက်မှုကို ကူညီပေးပါတယ်။
■ သံဓာတ်က ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် မရှိမဖြစ် လိုအပ်ပေမယ့် သံဓာတ်လွန်ကဲရင် အစာအိမ်ပြဿနာ ဖြစ်စေနိုင်သဖြင့် သွေးစစ်ဆေးပြီး လိုအပ်ချက်ရှိမှသာ သောက်သုံးသင့်ပါတယ်။
■ ပရိုတိန်း၊ ရောင်စုံသီးနှံများ၊ ကာဗိုဟိုက်ဒရိတ်နဲ့ ကျန်းမာရေးညီညွတ်တဲ့ အဆီဓာတ်များ ပါဝင်တဲ့ စားစရာများက ဗိုက်တာမင်ဆေးပြားများထက် ပိုမိုကောင်းမွန်တဲ့ အာဟာရဓာတ်များ ပေးစွမ်းနိုင်ပါတယ်။
Source: The Guardian
#World_Health
Published 29 August 2026
■ အယ်ကိုဟောကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါဟာ အရက်သောက်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ ခေတ်သစ်လူနေမှုဘဝ ပုံစံများကြောင့် အဖြစ်များလာပါတယ်။
■ (၁) မကောင်းတဲ့ အဆီတွေ၊ ဆားနဲ့ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်များပါဝင်တဲ့ ပြုပြင်ဖန်တီးစားစရာများ စားသုံးခြင်းကအသည်းမှာအဆီစုပြုံခြင်းဖြစ်စေပါတယ်။
■ (၂) သကြားဓာတ်များတဲ့ အချိုရည်များ နေ့စဉ်သောက်သုံးခြင်းက အသည်းမှပိုလျှံနေတဲ့ သကြားများကို အဆီအဖြစ် ပြောင်းလဲပေးရန် တွန်းအားပေးပါတယ်။
■ (၃) ပြုပြင်ထားတဲ့ စားစရာတွေမှာ ပါဝင်တဲ့ High-Fructose Corn Syrup မှ ဖရပ်တို့စ်သကြားဓာတ် အလွန်အမင်းရရှိခြင်းက အသည်းလုပ်ဆောင်ချက်ကို ဝန်ပိစေပြီး အဆီသိုလှောင်မှုကို တိုးပွားစေပါတယ်။
■ (၄) အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ လူနေမှုဘဝပုံစံဟာ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပြီး အသည်းအဆီများကို ချေဖျက်နိုင်စွမ်း နှောင့်ယှက်စေပါတယ်။
■ (၅) နာတာရှည် အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ် အစာချက်လုပ်မှု၊ ဟော်မုန်းမျှခြေနဲ့ အင်ဆူလင်ထိန်းညှိမှု ပျက်စီးစေပြီး အသည်းရောဂါဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။
■ (၆) အမြဲတမ်း စိတ်ဖိစီးမှုခံစားရခြင်းက ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှုများကို ဖြစ်ပေါ်စေပြီး ဟော်မုန်းမျှခြေကို ပြောင်းလဲစေကာ အသည်းကို သွယ်ဝိုက်စွာ ထိခိုက်စေပါတယ်။
■ (၇) ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးသောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံသုံးစွဲခြင်းတို့က အသည်းကို အဆိပ်အတောက်ဖြစ်စေပြီး ဝန်ပိစေနိုင်ပါတယ်။
■ (၈) အဝလွန်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ ကိုလက်စထရောလ် မြင့်မားခြင်းတို့လို ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ပြဿနာများကို လစ်လျူရှုခြင်းက အသည်းအဆီစုပြုံမှုကို ပိုမြန်စေပါတယ်။
■ (၉) ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ မပြုလုပ်ခြင်းက ရောဂါရှာဖွေတွေ့ရှိမှုကို ကြန့်ကြာစေပြီး အသည်းပျက်စီးမှုကို ပျောက်ကင်းအောင် ကုသနိုင်မယ့် အခွင့်အရေး ဆုံးရှုံးစေပါတယ်။
Source: India Today
#World_Business
Published 28 August 2026
#တရုတ် #အီသီယိုးပီးယား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 August 2026
၁။ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ(၁)ရက်၌စတင်ရောင်းချပေးမည်
၂။ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်းပေါင်း ၃၁,၀၀၀ ခန့် ထောက်ပံ့ထား
၃။ ၂၀၂၇ တက္ကသိုလ်ဝင်စာမေးပွဲလျှောက်လွှာများ စက်တင်ဘာ(၁)ရက်တွင်စတင်ရောင်းမည်
၄။ တရုတ်ဆောက်လုပ်ပေးထားသောရထားလိုင်းကွန်ရက်ကြောင့် အီသီယိုးပီးယား၏သွားလာရေးကဏ္ဍပြောင်းလဲတိုးတက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာပုံစံများနဲ့ ငွေသွင်းတံဆိပ်ခေါင်းများကို စက်တင်ဘာ (၁)ရက်မှစတင်၍ ရောင်းချပေးသွားမယ်လို့သိရပါတယ်။
#Local_News
Published 28 August 2026
#စက်မှု_စိုက်ပျိုး_မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ
#YMG/NN #Yangon_Times
နိုင်ငံတစ်ဝန်း ဇူလိုင်လကုန်ပိုင်းကစပြီးဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေက ငွေကျပ်သိန်းပေါင်း ၃၁,၀၀၀ ခန့် ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
#Local_News
Published 28 August 2026
#ရေဘေးသင့်ပြည်သူ
#YMG/SW #Yangon_Times
၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတွေကို လာမယ့် စက်တင်ဘာ(၁)ရက်ကစတင်ပြီး ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 28 August 2026
#တက္ကသိုလ်ဝင်စာမေးပွဲ
#YMG/SW #Yangon_Times
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဒီကနေ့ မနက်ပိုင်းကမေတ္တာအခါတော်နေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တယ်လို့ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 28 August 2026
#ရွှေတိဂုံစေတီတော်မြတ်ကြီး #၀ါခေါင်လပြည့်မေတ္တာအခါတော်နေ့
#YMG/NN #Yangon_Times
#Local_News
Published 28 August 2026
■ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ယာဉ်တစ်စီး သဘာဝရေကန်ထဲသို့ ထိုး ကျ၍ နှစ်ဦးေ-သဆုံးခဲ့ကြောင်း မြန်မာမီးသတ်တပ်ဖွဲ့မှသိရသည်။
■ ဩဂုတ်၂၈ ရက်နေ့၊ မနက် ၉ နာရီ၁၀မိနစ် အချိန်ခန့်က ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတစ်ပင်၊ ကျောက်မျက် ဝန်းတွင် ယာဉ်(၁)စီးသည် အရှိန်လွန်ပြီး လမ်းဘေးရှိ သဘာဝရေကန်ထဲသို့ ကျသွားကြောင်း သိရသည်။
■ အဆိုပါ သတင်းရရှိသဖြင့် ဒက္ခိဏခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး ၊ ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ ကြာပင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယင်းဖြစ်စဉ်ကြောင့် ကျား(၁)ဦး( ေ-သဆုံး)၊ မ(၁)ဦး( ေ-သဆုံး)တို့အား လူငယ်တွဲလက်လူမှုကူညီရေးအသင်းယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 August 2026
■ ဂျပန်နိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ လူငယ်ဖိတ်ခေါ် ပြိုင်ပွဲ ဖြစ်သည့် (၂၈) ကြိမ်မြောက် "2026 International Youth Football in Niigata" ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာယူ၁၇ အသင်း ဖိတ်ကြားခံရ၍ သွား ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
■ အဆိုပါ ပြိုင်ပွဲကိုဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) က ကြီးမှူး၍ လာမယ့် စက်တင်ဘာ ၁၅ ရက်မှ ၂၂ ရက်အထိ ဂျပန်နိုင်ငံ၊ နီဂါတာမြို့၌ ကျင်းပမည့်ဖြစ်ပြီး မြန်မာလူငယ်အသင်း ပါဝင်ယှဉ်ပြိုင်ရန် JFA မှဖိတ်ကြားခဲ့ရာ မြန်မာ U-17 အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းအား MFF မှစေလွှတ်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းဆိုထားသည်။
■ ယင်းပြိုင်ပွဲသည် ဂျပန်နိုင်ငံ၊ နီဂါတာမြို့တွင် နှစ်ပေါင်း ၂၀ ကျော်တိုင် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလာခဲ့သည့် နိုင်ငံတကာ U-17 ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖြစ်ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) နှင့် နီဂါတာဒေသ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကာ 2026 FIFA U-17 World Cup အပါအဝင် နိုင်ငံတကာ ပြိုင်ပွဲကြီးများ မတိုင်မီ လူငယ်ကစားသမားများ၏ အရည်အသွေးကို စမ်းသပ်ရန်နှင့်အတွေ့အကြုံရရှိရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
■ ယခုနှစ် ပြိုင်ပွဲတွင် အိမ်ရှင် ဂျပန် U-17 အသင်း၊ နီဂါတာ လက်ရွေးစင်အသင်း (Niigata Selection Team) နှင့် ဖိတ်ခေါ် အမျိုးသား U-17 လက်ရွေးစင် အသင်းများဖြစ်ကြသည့် မြန်မာ U-17 အသင်းနှင့် နယူးဇီလန် U-17 အသင်းတို့သည် ပတ်လည်စနစ် (Round-robin) ဖြင့် တစ်သင်းလျှင် ၃ ပွဲစီ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် အသင်းကချန်ပီယံဆုကို ဆွတ်ခူးရရှိမည်ဖြစ်သည်။
■ မြန်မာ U-17 အသင်းသည် စက်တင်ဘာ ၁၅ ရက်တွင် ဂျပန်နိုင်ငံ၊ နီဂါတာမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ပထမပွဲစဉ်ကို စက်တင်ဘာ ၁၇ ရက်၊ ဒုတိယပွဲစဉ်ကို စက်တင်ဘာ ၁၉ ရက်၊ တတိယပွဲစဉ်ကို စက်တင်ဘာ ၂၁ ရက်တို့တွင် အသီးသီးယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 2 of 2058