#World_Health
Published 10 January 2026

▪️ အယ်ကိုဟောနဲ့ အချို့သောဆေးဝါးများ ဓာတ်ပြုရာမှာ အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့အကြောင်း ကျွမ်းကျင်သူတွေ သတိပေးလာပါတယ်။

▪️ အယ်ကိုဟောက ဗဟိုအာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်တွေ၊ တုံ့ပြန်ချက်တွေကို နှေးကွေးစေပါတယ်။

▪️ ဒေါက်တာ ဘာဘရာစပါရာစီနိုက အိပ်ဆေး၊ အကိုက်အခဲပျောက်ဆေးစတဲ့ ဆေးမျိုးတွေနဲ့ အယ်ကိုဟောကို ရောမသောက်မိဖို့ သတိပေးပါတယ်။

▪️ Daily Mail က ဘယ်ဆေးတွေကို အယ်ကိုဟောနဲ့ ရောမသောက်ဖို့ ဆရာဝန်အများအပြားနဲ့ တိုင်ပင်ပြီးနောက် ဖော်ပြထားပါတယ်။

▪️ (၁) အကိုက်အခဲပျောက်ဆေးများ
အိုင်ဗျူပရိုဖန်၊ နက်ပရိုဇင်၊ အက်စပရင်တို့လို ဆေးတွေက အစာအိမ်အူလမ်းကြောင်း သွေးယိုနိုင်ခြေများပြီးသားဖြစ်ပြီး အယ်ကိုဟောနဲ့ တွဲဖက်လိုက်ပါက ၃၇ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်သလို အက်ဆီတာမီနိုဖန်နဲ့ တွဲသောက်မိပါက အသည်းထိခိုက်နိုင်ပါတယ်။

▪️ (၂) အအေးမိဖျားနာပျောက်ဆေးများ
အအေးမိတုပ်ကွေးရောဂါဆိုတာက ရေဓာတ်ခန်းခြောက်တတ်ကာ အယ်ကိုဟောကလည်း ရေဓာတ်ခန်းခြောက်စေတာကြောင့် ခေါင်းကိုက်၊ မူးဝေး၊ အားနည်းခြင်းလက္ခဏာများ ခံစားနိုင်သလို ဒက်စ်ထရိုနဲ့ အယ်ကိုဟော အတူသောက်မိရင် အသက်ရှူနှေးခြင်း၊ ဦးနှောက်ထိခိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

▪️ (၃) အလက်ဂျစ်ပျောက်ဆေးများ
ဒီလိုဆေးတွေက အာရုံကြောစနစ်ကို ဖုံးကွယ်လိုက်သဖြင့် အယ်ကိုဟောနဲ့ ပေါင်းလိုက်ပါက ဦးနှောက်လှုပ်ရှားမှု နှေးသွားပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ပိုဆိုးစေပါတယ်။

▪️ (၄) ပဋိဇီဝဆေးများ
ပဋိဇီဝဆေးတွေရဲ့ ရောဂါပိုးသတ်ခြင်းအာနိသင်ကို အယ်ကိုဟောက ကိုယ်ခံအားစနစ်ကို ယိုယွင်းစေခြင်းဖြင့် ရောဂါခုခံနိုင်စွမ်း လျော့ကျစေကာ ပဋိဇီဝဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုဆိုးရွားစေနိုင်ပါတယ်။

▪️ (၅) စိတ်ကျရောဂါကုဆေးများ
အယ်ကိုဟောက စိတ်ကျရောဂါကုဆေးတွေရဲ့ လုပ်ဆောင်ချက်တွေကို ပိတ်ပင်လိုက်ကာ ဓာတုမညီမျှမှုတွေ ဖြစ်လာနိုင်ပြီး စိတ်အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

▪️ (၆) ဘင်ဇိုဒိုင်ယာဇီပင်
အယ်ကိုဟောရော ဒိုင်ယာဇီပင်ရောက အာရုံကြောစနစ်ကို ဖိနှိပ်သဖြင့် အသက်ရှူရ ခက်ခဲစေပြီး အသက်အန္တရာယ် ရှိလောက်တဲ့အထိ အသက်ရှူလမ်းကြောင်းကို ဖိသိပ်နိုင်သလို စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

▪️ (၇) သွေးကျဲဆေးများ
သွေးကျဲဆေးတွေကို အယ်ကိုဟောနဲ့ သောက်မိတဲ့အခါ သွေးထွက်နိုင်ခြေ အလွန်များပြီး အစာအိမ်နံရံတွေပါ ထိခိုက်နိုင်ကာ အစာအိမ်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း ဖြစ်နိုင်ပါတယ်။

Source: Daily Mail.