#Local_News
Published 08 January 2025
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ (၂၅) ရာခိုင်နှုန်းအစား (၁၅)ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဇန်နဝါရီ (၇) ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။
▪️ ယခင်ကပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများတင်ပို့ရာမှရရှိသည့် နိုင်ငံခြား ပို့ကုန်ရငွေအပေါ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ ညွှန်ကြားချက်ဖြင့် ၂၀၂၄ ခုနှစ် သြဂုတ်လ (၇)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၇/၂၀၂၄ ဖြင့်(၂၅/၇၅) အချိုးကို မြန်မာကျပ်ငွေဖြင့်လဲလှယ်ရမည် ဖြစ်ကြောင်း သတ်မှတ်ခဲ့ရာမှ ဇန်နဝါရီ (၇) ရက်နေ့မှ စတင်ကာ (၁၅/၈၅) အဖြစ် အသစ်ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
▪️ ထို့ကြောင့်ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများကို (၂၅) ရာခိုင်နှုန်းအစား (၁၅)ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times