#Local_News
Published 08 January 2025

▪️ ရန်ကုန်- မော်လမြိုင် လမ်းမကြီး၌ Probox ယာဉ်(၁)စီးသည် လမ်းဘေးတွင်ရပ်ထားသော (၂၂)ဘီးကုန်သည်ယာဉ်အား ဝင်ရောက်တိုက်မိရာ သုံးဦး‌ေ-သဆုံး တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်းသိရသည်။

▪️ ဇန်နဝါရီ ၇ ရက်နေ့၊ည ၁၁နာရီ ၈ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆/၄) ဖာလုံတွင် Probox ယာဉ်(၁)စီးသည် လမ်းဘေးတွင်ရပ်ထားသော (၂၂)ဘီးကုန်သည်ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

▪️ အဆိုပါ သတင်းရရှိသဖြင့် ဝေါမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ
ယင်းဖြစ်စဉ်ကြောင့် Probox ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် ကျား(၂)ဦး(‌ေ-သဆုံး)၊ မ(၁)ဦး (ေ-သဆုံး)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) တို့အား ဝေါပရဟိတ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times