#World_News
Published 05 January 2026
■ ဒိန်းမတ်နဲ့ ဂရင်းလန်းခေါင်းဆောင်တွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂရင်းလန်းကို သိမ်းယူရန် ခြိမ်းခြောက်နေတာတွေကို ရပ်တန့်ဖို့ တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပါတယ်။
■ ထရမ့်က The Atlantic မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဂရင်းလန်းကို ထိန်းချုပ်လိုကြောင်း ထပ်မံပြောကြားခဲ့တာ ဖြစ်ပါတယ်။
■ အမေရိကန်က ဂရင်းလန်းကို ထိန်းချုပ်ဖို့ဆိုတာက အဓိပ္ပာယ်မရှိကြောင်း၊ ဒိန်းမတ်ပြည်ထောင်စု ၃ နိုင်ငံကို အမေရိကန် သိမ်းပိုက်ခွင့်မရှိကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မတ်ဖရက်ဒရစ်ဆန်က ပြောကြားသွားပါတယ်။
■ အမေရိကန်က ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုကို ဖမ်းဆီးပြီးနောက်တစ်နေ့မှာ ထရမ့်က ဂရင်းလန်းကို ထိန်းချုပ်ဖို့လိုအပ်ကြောင်း ပြောသွားပါတယ်။
■ နီးစပ်တဲ့ မဟာမိတ်တွေကို သိမ်းပိုက်ဖို့ ခြိမ်းခြောက်နေတာတွေ မပြုလုပ်တော့ဖို့ အမေရိကန်ကို တိုက်တွန်းလိုတယ်လို့ ဖရက်ဒရစ်ဆန်က ပြောပါတယ်။
■ အမေရိကန်သမ္မတက ဂဪင်းလန်းကို လိုအပ်တယ်ဆိုပြီး ဗင်နီဇွဲလားလိုမျိုး ပြုမူတာဟာ မလေးစားရာကျတယ်လို့ ဂရင်းလန်းဝန်ကြီးချုပ် ယန်းစ်ဖရက်ဒရစ်နီလ်ဆန်ကလည်း ပြောသွားပါတယ်။
■ ဒီဇင်ဘာ ၂၁ ရက်နေ့က ထရမ့်ဟာလူဝီစီယာနာအုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ဂရင်းလန်းအထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။
■ ဂရင်းခန်းက ဥရောပနဲ့ မြောက်အမေရိကကြား တည်ရှိကာ ဒုံးကျည်ကာကွယ်ရေးစနစ်များအတွက် အဓိကကျတဲ့ ဗျူဟာမြောက်နေရာ ဖြစ်နေသလို သတ္တုတွင်းကြွယ်ဝတာကလည်း ဆွဲဆောင်ချင်စရာ ဖြစ်နေပါတယ်။
Source: Reuters