#World_News
Published 20 April 2026
■ ပိတ်ဆို့တားဆီးထားတဲ့ကြားထဲက ဖြတ်ပြေးဖို့ကြိုးစားတဲ့ အီရန်ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်က ဖမ်းဆီးလိုက်တယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။
■ အီရန်ကလည်း လက်တုံ့ပြန်မယ်လို့ ပြောလိုက်ကာ နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေးက ၂ ရက်တောင် ခံနိုင်ဖွယ်မရှိပါဘူး။
■ အပစ်အခတ်ရပ်စဲရေး သက်တမ်းမကုန်ခင် အမေရိကန်က နောက်ထပ်ညှိနှိုင်းလိုပေမယ့် အီရန်ကတော့ ပါဝင်သွားဖွယ် မရှိဘူးလို့ ဆိုထားတာကြောင့် ဒေသတွင်းငြိမ်းချမ်းရေး တာရှည်ခံအောင် ကြိုးပမ်းအားထုတ်နေတာတွေ မရေမရာ ဖြစ်လာနိုင်ပါတယ်။
■ သင်္ဘောလမ်းကြောင်း ကြာရှည်ပိတ်ဆို့ခံထားရတာကြောင့် ကမ္ဘာ့ရေနံဈေး ဆက်လက်မြင့်တက်နေနိုင်ပါတယ်။
■ အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ဆက်လက်ပိတ်ဆို့ထားသလို အီရန်ကလည်း ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းမှုတွေကို ပြန်လည်ပိတ်ဆို့လိုက်ပါတယ်။
■ အီရန်အလံထူထားတဲ့ ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ် ပစ်ခတ်ခဲ့ပြီး လုံးဝထိန်းသိမ်းလိုက်ကာ ဘာတွေပါလာလဲဆိုတာ စစ်ဆေးနေတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
■ အမေရိကန်တပ်ရဲ့ လက်နက်ပြအနိုင်ကျင့်ခြင်းကို အီရန်အစ္စလာမ်တပ်တွေက လက်တုံ့ပြန်သွားမယ်လို့ အီရန်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ပြောပါတယ်။
■ ပါကစ္စတန်က ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြင်ဆင်နေပေမယ့် အစ္စလာမာဘက်မှာ လုံခြုံရေးတင်းကြပ်မှုတွေ မြှင့်တင်ထားတဲ့ကြားက သံတမန်ရေးရာ ဆွေးနွေးမှုအခြေအနေတွေ မရေမရာ ဖြစ်နေပါတယ်။
Source: Reuters