တရုတ် နိုင်ငံ သို ဆန်/ ဆန်ကွဲတင်ပိုရာ မှာလိုက်နာရမယ့် Sanitary and Phytosanitary-SPS Protocol ဆိုင်ရာလုပ်ငန်းစဉ်တွေကို အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCIဆွေးနွေးခဲ့ပါတယ်။
#Local_News
Published 04 August 2025
#တရုတ်သို့ဆန်/ဆန်ကွဲ #UMFCCIဆွေးနွေး
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွက် ထုတ်ပြန်လိုက်တဲ့ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းထပ်တက်လာတာကြောင့် ရည်ညွှန်းဈေးတွေ နှစ်ပတ်ဆက်တိုက်ပြန်တက်လာဖြစ်ပါတယ်။
#Local_News
Published 04 August 2025
#စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး #နှစ်ပတ်ဆက်တိုက်ပြန်တက်
#YMG/NN #Yangon_Times
နိုင်ငံအဝှမ်းရှိ တောင်သူ လယ်သမား ၂သိန်းကျော်ကို စိုက်စရိတ်၂၀၈ ဘီလီယံကျော်နှစ်လတာအတွင်း ထုတ်ချေးထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 04 August 2025
#တောင်သူ၂သိန်းကျော် # စိုက်စရိတ်၂၀၈ ဘီလီယံ
#YMG/NN #Yangon_Times
ရိုးမရိပ်သာအိမ်ရာတွင် အခန်းဝယ်ယူခွင့်မဲပေါက်ထားသူများအနေနဲ့ အခန်းဝယ်ယူခွင့် အကြောင်းကြားစာကို ဩဂုတ်လ ၂၅ ရက်နောက်ဆုံးထားထုတ်ယူရမယ်လို့ မြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 04 August 2025
#ရိုးမရိပ်သာအိမ်ရာ #အခန်းဝယ်ယူခွင့်
#YMG/SW #Yangon_Times
#Local_News
Published 04 August 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ၊သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ Business Management နှင့် Digital Marketing သတင်းများကို အွန်လိုင်းမှ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ရာ တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း
သိရသည် ။
▪️ အဆိုပါ သင်တန်းကာလမှာ ၃လကြာမြင့်မည်ဖြစ်ကာသက်ဆိုင်ရာ အွန်လိုင်းလျှောက်လွှာများကို အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပြီး ဩဂုတ်လ ၁၂ ရက်နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည် ။
▪️ ယင်းသင်တန်း၌ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Entrepreneurship and Business Management - CEBM)နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စျေးကွက်ဖော်ဆောင်မှု နှင့် ဆန်းသစ်တီထွင်မှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Digital Marketing and Innovation - CDMI) ပေးအပ်သွားမည် ဖြစ်သည် ။
▪️ အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းကြေးမှာ (၁ သိန်း)ကျပ် သတ်မှတ်ထားကာ အပတ်စဉ် စနေနှင့်တနင်္ဂနွေနေ့တို့မှာ နံနက် ၉ နာရီမှ ၁၂ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published 04 August 2025
▪️ ဆင်သေဆည်ရေသောက်စနစ်အတွင်း ယခုနှစ် မိုးစပါးနှင့်သီးနှံဧက တစ်သောင်းကျော်စိုက်ပျိုးရန်လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့ လျာထားရာတွင် ယခုနှစ် လျာထားမိုးစပါး ၈၄၈၆ ဧကနှင့် မိုးသီးနှံ ၃၁၂၃ ဧက အပြည့်အဝစိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမာန်နေ့ကဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေသောက်စနစ်အတွင်း လျာထားချက်အတိုင်း အပြည့်အဝစိုက်ပျိုးနိုင်ရန် ရေသောက်စနစ်အတွင်း စိုက်ပျိုးရေအဆင်ပြေချောမွေ့စွာပေးဝေနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးသည် ယာယီရေသွယ်မြောင်းများအတွင်း ဝင်ရောက်လျက်ရှိသည့် သဲနုန်းများရှင်းလင်းဖယ်ရှားနေမှုနှင့်နုန်းဖမ်းတာတည်ဆောက်ရန် ဆောင်ရွက်နေမှု၊ မိုးစပါး၊နွေစပါးစိုက်ပျိုးခြင်းအတွက် ဆက်လက်ရေပေးဝေနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သဲနုန်းတူးဖော်ခြင်း၊ ယာယီနုန်းထိန်းကန်တည်ဆောက်ခြင်း၊ လိုအပ်သော တူးမြောင်းအဆောက်အအုံလုပ်ငန်းများကို သတ်မှတ်ကာလအချိန်မီပြီးစီးရေး၊ ရေလွှဲဆည်အသစ်တည်ဆောက်ရာတွင် ရေရှည်တည်တံ့စွာအသုံးပြုနိုင်သည့် ဒီဇိုင်းပုံစံနှင့် တည်ဆောက်မှုလုပ်ငန်းဖြစ်စေရေး ဆွေးနွေးမှာကြားပြီး ဆင်သေရေလွှဲဆည် အသစ်တည်ဆောက်ရန် လျာထားရွေးချယ်ထားသောနေရာကို ကြည့်ရှုစစ်ဆေးကာ လေ့လာဆန်းစစ်ချက်များ ပြီးစီးပြီဖြစ်၍ အသစ်ရေးဆွဲသောဒီဇိုင်းအား ဩဂုတ်လအတွင်း ပြီးမြောက်အောင်ရေးဆွဲ၍ အတည်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ဆင်သေရေလွှဲဆည်၏ ပင်မတမံ(Head Work) တစ်ခုလုံး ထိခိုက်ပျက်စီးခဲ့သဖြင့် ရေသောက်စနစ်အတွင်းရှိ မိုးစပါးနွေစပါးစိုက်ပျိုးခြင်းအတွက် ရေပေးဝေရာ၌ စနစ်တကျရေစီမံခန့်ခွဲမှုပြုလုပ်နိုင်ရန် ဆင်သေရေလွှဲဆည်အသစ်တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိရာ ဆင်သေရေလွှဲဆည်အသစ်မတည်ဆောက်မီနှင့် လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း ရေသောက်စနစ်အတွင်း ယာယီအစီအစဉ်ဖြင့် စိုက်ပျိုးရေပေးဝေရမည်ဖြစ်၍ ရေလွှဲဆည်၏ Under Sluice အပိုင်း၊ ရေခေါ်မြောင်းများအပိုင်းနှင့် ရေသောက်စနစ်အပိုင်းများကို လိုအပ်သည့်နေရာများ၌ ပြုပြင်ခြင်း၊ Structure များ တည်ဆောက်ခြင်း၊ သဲနုန်းတူးဖော်ခြင်းနှင့် ရေသွားလမ်းရှင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 04 August 2025
▪️ ဆော်ဒီနိုင်ငံ Riyadh မြို့၌ ကျင်းပခဲ့သည့် ESports ကမ္ဘာ့ဖလားပြိုင်ပွဲ PMWC 2025 တွင် မြန်မာ ကိုယ်စားပြု Yangon Galacticos အသင်းက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
▪️ “ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း (၄,၀၀၀) ကျော်အကွာ ESports အားကစား ကမ္ဘာ့ဖလားပြိုင်ပွဲပြိုင်ပွဲမှာတော့ ကျွန်တော်တို YG PUBGM အသင်းအနေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ PMWC 2025 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် အကောင်းဆုံးရယူနိုင်ခဲ့ပါပြီ။
▪️ ဒီချန်ပီယံဆုဟာ ကျွန်တော်တို့ YG PUBGM အသင်းအနေနဲ့ ပထမဆုံး Esports ကမ္ဘာ့ဖလားဖြစ်တဲ့ World Champion Title ကို ရယူနိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တိုင်အသစ်ကို ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
▪️ နောက်နှစ်တွေလဲ ဒီထက်မကအောင်မြင်မှုတွေ ရရှိအောင်ကြိုးစားသွားပါမယ်ခင်ဗျာ” ဟု Yangon Galacticos အသင်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။
▪️ YG အသင်းအနေဖြင့် နိုင်ငံတကာမှ PUPG အသင်းပေါင်း ၁၅သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ရပြီးနောက် ချန်ပီယံဆုကိုရရှိခဲ့ခြင်းဖြစ်ကာ ဆုကြေးအနေဖြင့် အမေရိကန်ဒေါ်လာ၅၄၇၀၀၀ရရှိခဲ့ကြောင်း သိရသည်။
▪️ ဆော်ဒီနိုင်ငံတွင် ကျင်းပသည့် ESports ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ PUBG နှင့် MLBB ကိုယ်စားပြု အသင်းတို့ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး MLBB ကိုယ်စားပြု အဖြစ် Mythic Seal ကဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 8 အဆင့်ရရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 04 August 2025
▪️ နယူးဇီလန်မှ အမျိုးသမီးတစ်ဦး ဘတ်စ်ကားဖြင့် ခရီးသွားနေစဉ် သူ့ရဲ့ခရီးဆောင်အိတ်ထဲကနေ အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တွေ့ရှိပြီးနောက် ဖမ်းဆီးခံလိုက်ရပါတယ်။
▪️ တနင်္ဂနွေနေ့ နယူးဇီလန်မြောက်ပိုင်း ကိုင်ဝါကာမြို့လေးမှာ ခရီးသည်တစ်ဦးက လက်ဆွဲအိတ်ထားရာနေရာကို ဖွင့်ကြည့်လိုကြောင်း တောင်းဆိုခဲ့ပြီးနောက်မှာ ရဲအရာရှိတွေကို ဘတ်စ်ကားမှတ်တိုင်တစ်ခုသို့ လာရောက်ရန် လှမ်းခေါ်ခဲ့ကြတယ်လို့ ရဲတွေကပြောပါတယ်။
▪️ ယာဉ်မောင်းဆရာက လက်ဆွဲအိတ်လှုပ်နေတာကို သတိထားမိပြီး စိုးရိမ်သွားကြောင်း၊ အိတ်ကို ဖွင့်လိုက်တဲ့အခါ အသက် ၂ နှစ်အရွယ်မိန်းကလေးကို တွေ့ရှိခဲ့ကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကို ဖမ်းဆီးခဲ့ပြီး ကလေးညှင်းပန်းဆက်ဆံမှုဖြင့် တရားစွဲဆိုထားပါတယ်။
▪️ မိန်းကလေးက အလွန်ပူနေတယ်ဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ ဘေးအန္တရာယ် မဖြစ်တဲ့ပုံပေါ်တယ်လို့ ရဲတွေကပြောပါတယ်။
ကလေးကို ဆေးရုံသို့ခေါ်ဆောင်သွားပြီး ဆေးစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
▪️ ထိုအမျိုးသမီးနဲ့ ကလေးကြား ဆက်စပ်မှုကို မဖော်ပြထားပါဘူး။
အမျိုးသမီးကတော့ တနင်္လာနေ့မှာ မြောက်ပိုင်းကမ်းခြေခရိုင်တရားရုံးကို တက်ရောက်ရမှာ ဖြစ်ပါတယ်။
▪️ ဘတ်စ်ကားယာဉ်မောင်းက တစ်ခုခုမူမမှန်တာကို သတိထားမိပြီး နောက်ထပ်ပိုဆိုးမလာအောင် လုပ်ဆောင်နိုင်ခဲ့တာကို အသိအမှတ်ပြုချင်ပါတယ်လို့လည်း ပြောသွားပါတယ်။
#Source: BBC
#World_Health
Published 04 August 2025
▪️ လူသားတွေက အိမ်မွေးတိရိစ္ဆာန်တွေကနေ အချို့သောရောဂါတွေ ရနိုင်ကာ တိရိစ္ဆာန်မှကူးစက်ရောဂါလို့ ခေါ်ပါတယ်။
▪️ အိမ်မွေးတွေက အဖော်ရပြီး ကျန်းမာရေးအကျိုးကျေးဇူးများ ရနိုင်တယ်ဆိုပေမယ့် ရောဂါပိုးမွှားတွေလည်း ကူးစက်စေနိုင်ပါတယ်။
▪️ ဒါကြောင့် အိမ်မွေးတွေဆီကနေ ကူးစက်နိုင်တဲ့ ရောဂါ ၈ မျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) ပွေး
▪️ ခွေးတွေကြောင်တွေနဲ့ တိုက်ရိုက်ထိတွေ့ရာကနေ ကူးစက်တတ်ပြီး အကွက်တွေဖြစ်နေတဲ့ တိရိစ္ဆာန်တွေကို မထိတွေ့သင့်ဘူး။
(၂) Toxoplasmosis
▪️ ကြောင်စွန့်ပစ်အညစ်အကြေးတွေမှာ တွေ့ရတတ်တဲ့ ကပ်ပါးပိုးကောင်ကြောင့် ဒီရောဂါဖြစ်ပွားနိုင်ပြီး သဲဗန်းတွေကို လက်အိတ်ဖြင့် သန့်ရှင်းရေးလုပ်ပြီးနောက် လက်ကိုသေချာ ဆေးကြောသင့်ပါတယ်။
(၃) ကြောင်ကုတ်ရောဂါ
▪️ ရောဂါပိုးရှိတဲ့ ကြောင်တွေကုတ်ခြစ် ကိုက်ခဲခြင်းကနေ Bartonella henselae ဘက်တီးရီးယား ကူးစက်နိုင်ပြီး ကုတ်ခြစ်မိတဲ့အခါ ချက်ချင်းဆေးကြောသန့်စင်သင့်ပါတယ်။
(၄) Salmonellosis
▪️ ဆယ်မွန်နဲလားဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး တွားသွားသတ္တဝါတွေ၊ ငှက်တွေ၊ ရောဂါပိုးရှိနေတဲ့ အစာတွေကို ကိုင်တွယ်ခြင်းကနေ ကူးစက်နိုင်ပါတယ်။
(၅) Leptospirosis
▪️ ရောဂါပိုးရှိတဲ့ တိရိစ္ဆာန်တွေရဲ့ စွန့်ပစ်ရည်ကနေ ကူးစက်နိုင်ကာ မိမိရဲ့ခွေးတွေကို ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကင်းဝေးစေနိုင်ပါတယ်။
(၆) Campylobacteriosis
▪️ လူတွေမှာ ဝမ်းလျှောစေတဲ့ ဘက်တီးရီးယား ကူးစက်မှုဖြစ်ပြီး အိမ်မွေးတွေနဲ့ ထိတွေ့ပြီးတဲ့အခါ အစားအစာမကိုင်တွယ်ခင် လက်ဆေးကြောသင့်ပါတယ်။
(၇) ရေယုန်
▪️ ရောဂါပိုးရှိတဲ့ တိရိစ္ဆာန်ကနေ ကူးစက်နိုင်ပြီး အသက်အန္တရာယ် ဖြစ်စေတဲ့အထိ ကူးစက်နိုင်ကာ ကာကွယ်ဆေးထိုးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
(၈) တုပ်ကောင်၊ သန်ကောင်
▪️ အိမ်မွေးတွေရဲ့ အူတွေထဲမှာနေထိုင်တဲ့ ကပ်ပါးကောင်တွေက အညစ်အကြေးတွေကနေတဆင့် လူတွေဆီ ကူးစက်လာနိုင်တာကြောင့် ပုံမှန်သန်ချပေးသင့်ပါတယ်။
#Source: DoctorNDTV
#World_Science
Published 04 August 2025
▪️ AI စနစ်ပါဝင်တဲ့ စက်ရုပ်ဖြင့် ခွဲစိတ်မှုတစ်ခု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကာ ဆေးပညာလောကကို အပြောင်းအလဲ ဖြစ်စေလာနိုင်ပါတယ်။
▪️ စက်ရုပ်က ဝက်သေကောင်ရဲ့ အသည်းကနေ သည်းခြေအိတ်ကို အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့သဖြင့် လာမယ့်ဆယ်စုနှစ်အတွင်း လူသားတွေမှာလည်း အလိုအလျောက် ခွဲစိတ်မှု စမ်းသပ်လာနိုင်ပါတယ်။
▪️ အခုထက်ထိတော့ ခွဲစိတ်မှုတွေမှာ AI က သာမန်အလိုအလျောက် တာဝန်လေးတွေသာ အဓိကလုပ်ဆောင်နေပါတယ်။
▪️ သည်းခြေအိတ် ခွဲစိတ်မှုကတော့ ဒီထက်များစွာရှုပ်ထွေးကာ အဆင့် ၂ ဆင့်ရှိတဲ့ AI စနစ် အသုံးပြုထားပါတယ်။
▪️ ပထမ AI အလွှာက ဗီဒီယိုတွေကိုကြည့်ပြီး AI ဘာသာစကား ညွှန်ကြားချက်များ ဖန်တီးပေးပါတယ်။
▪️ ဒုတိယအလွှာက ညွှန်ကြားချက်တွေကို 3D လှုပ်ရှားမှုအဖြစ် ပြောင်းလဲပေးပြီး ခွဲစိတ်မှုပြီးမြောက်စေပါတယ်။
▪️ ယခုစက်ရုပ်စနစ်က လုပ်ဆောင်ချက်အားလုံးမှာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုရခဲ့ပါတယ်။
▪️ သေချာစေရန်အတွက် ၇ ကြိမ်လုပ်ဆောင်ခဲ့ရာမှာ အကြိမ်တိုင်းကို ၁၀၀ ရာခိုင်နှုန်း ရခဲ့ပါတယ်။
▪️ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ သုတေသီအဖွဲ့က AI စမ်းသပ်ချက်ကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
▪️ လူနာတွေနဲ့ ခွဲစိတ်ဆရာဝန်တွေကို အကူအညီပေးနိုင်မယ့် မျိုးဆက်သစ် စက်ရုပ်စနစ်တွေဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်းစ်မှ အိတ်ဆဲခရီဂျာက ပြောပါတယ်။
▪️ နောက်တစ်ဆင့်အနေနဲ့ အသက်ရှင်နေတဲ့ တိရိစ္ဆာန်တစ်ကောင်ကို အလိုအလျောက် ခွဲစိတ်သွားဖို့ဖြစ်တယ်လို့ ပြောသွားပါတယ်။
#Source: New York Post
၄ ဩဂုတ် ၂၀၂၅ -တရုတ်အင်ဂျင်နီယာများသည် ဒါဝင်မျောက်(Darwin Monkey) ဟုအမည်ပေးထားသော မျောက်ဝံ၏ ဦးနှောက်လုပ်ဆောင်ချက်ကို အတုယူနိုင်သည့် ဦးနှောက်နှင့်တူသော ကွန်ပျူတာမျိုးဆက်အသစ်ကို စနေနေ့တွင် မိတ်ဆက်ခဲ့သည်။
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ကျဲ့ကျန်းတက္ကသိုလ်၏ အမျိုးသား ဦးနှောက်ဉာဏ်ရည် ပင်မဓာတ်ခွဲခန်းမှ ဖန်တီးပြုလုပ်ထားသည့် အဆိုပါကွန်ပျူတာတွင် ဓာတ်ခွဲခန်းမှ ကိုယ်ပိုင် ဖန်တီး တီထွင်ထားသည့် တတိယမျိုးဆက် ဦးနှောက်နှင့်တူသော အာရုံခံချစ်ပ် (Darwin 3 chips) ၉၆၀ ကို တပ်ဆင်ထားသည်။
အဆိုပါချစ်ပ် အခင်းသည် pulsed အာရုံခံဆဲလ်သန်းပေါင်း ၂,၀၀၀ ကျော်နှင့် အာရုံကြောဆက် synapses ပေါင်း ၁၀၀ ဘီလီယံကျော်ကို ထောက်ပံ့ပေးနိုင်ပြီး၊ ဒါဝင်မျောက်ကို အမြင်၊ အကြား၊ ဘာသာ စကားနှင့် သင်ယူနိုင်စွမ်းတို့ဖြင့် ပေါင်းစပ်ထားသည့် အဆင့်မြင့်တွေးခေါ်နိုင်စွမ်းများပေါင်းစပ်ထားသော ကမ္ဘာ့ပထမဆုံး ဦးနှောက်နှင့်တူသော ကွန်ပျူတာဖြစ်လာသည်။
ပုံမှန်အလုပ်လုပ်ချိန်တွင် ယင်းသည် ၂,၀၀၀ ဝပ်ခန့် စွမ်းအင်သုံးစွဲသည်။ သုတေသနအဖွဲ့သည် အဆိုပါကွန်ပျူတာပေါ်တွင် အသိဉာဏ်အပလီကေးရှင်းများစွာကို အောင်မြင် စွာ တပ်ဆင်ထားသည်။ ယင်းသည် DeepSeek ဦးနှောက်နှင့်တူသော အကြီးစားမော်ဒယ်ကို အသုံးပြု၍ ယုတ္တိ ဆန်သောတွေးဆချက်၊ အကြောင်းအရာထုတ်လုပ်ခြင်းနှင့် သင်္ချာပြဿနာဖြေရှင်းခြင်းစသည့် အလုပ် များကို လုပ်ဆောင်နိုင်သည်။
ယင်း၏ အာရုံခံဆဲလ်နှင့် ဆိုင်နပ်စ်အရင်းအမြစ်များကို အသုံးပြု၍ ယခုစနစ်သည် elegans၊ ငါးမြင်းကျား၊ ကြွက်နှင့် မျောက်ဝံတို့အပါအဝင် အရွယ်အစားအမျိုးမျိုးရှိ တိရစ္ဆာန်ဦးနှောက်များကို အခြေခံအားဖြင့် လှုံဆော်ပေးနိုင်ပြီး ယင်းကဦးနှောက်သိပ္ပံသုတေသနအတွက် အလားအလာအသစ်များ ကို ဖန်တီးပေးနိုင်သည်။
၄ ဩဂုတ် ၂၀၂၅
တောင်ငူဘူတာရုံကို ခေတ်မီဘူတာရုံတစ်ခုအဖြစ် အသစ်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရပါ တယ်။
အဆိုပါဘူတာရုံအသစ်နှင့်ဆက်စပ်ပြီး တောင်ငူမြို့ရှောင် ရထားလမ်းကိုလည်း ဖောက်လုပ်နေပါတယ်။
အဆိုပါဆောင်ရွက်ချက်များကို လအက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသယာယာရေးကော်မရှင် (လအက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဩဂုတ် ၂ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှု ခဲ့ပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့ရှောင် ရထားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရထားလမ်းအူကြောင်းနှင့် ရထားလမ်းဆိုင်ရာအချက်အလက်များ၊ တောင်ငူဘူတာရုံအသစ် တည်ဆောက်ရေး လျာထား ဆောင်ရွက် ထားရှိမှု၊ ရထားလမ်းနှင့် ဘူတာအဝင်ကားလမ်းနယ်နိမိတ်သတ်မှတ်မှု၊ဖို့မြေလုပ်ငန်းဆောင်ရွက် သွား မည့်အစီအမံများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် လအကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရထားလမ်း နှင့် ဘူတာရုံ အသစ် တည်ဆောက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေး ပြည့်မီအောင် တည်ဆောက်သွားဖို့ မှာကြားခဲ့ကြောင်း သိရပါတယ်။
#ymng/knl
Page 329 of 2056