၁၈ စက်တင်ဘာ ၂၀၂၄
လက်ဘနွန်နိုင်ငံမှာ ပေဂျာ pager လို့ခေါ်တဲ့ အချက်ပြဆက်သွယ်ရေးကိရိယာတွေ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၂ ဦးသေဆုံးကာ ဟက်ဇ်ဘိုလာလုပ်သား ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့နှင့် အဓိကရန်သူတော် အစ္စရေးတို့အကြား အပြည့်အဝစစ်ပွဲတစ်ခုဖြစ်လာမယ့် အလားအလာတွေရှိလာပါတယ်။
အဲဒီပေဂျာစက်တွေကို ထိုင်ဝမ်ပေဂျာကုမ္ပဏီ Gold Apollo ကထုတ်လုပ်တယ်ဆိုတာနှင့်ပတ်သက်ပြီး ကုမ္ပဏီက ငြင်းဆို လိုက်ပါတယ်။ အဲဒီပေဂျာတွေဟာ သူတို့ရဲ့ လိုင်စင်အောက်မှာ ဟန်ဂေရီမြို့တော် ဘူဒါပက်စ်အခြေစိုက် BAC က ထုတ်လုပ်တာသာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားမြေပေါ်မှာ ခေတ်မီဆန်းပြားတဲ့ တိုက်ခိုက်မှုမျိုးစုံနှင့် တိုက်ခိုက်ရာမှာ ရာဇဝင်ရှိခဲ့တဲ့ အစ္စရေး စပိုင်အဖွဲ့ မောဆက်က ပေဂျာတွေရဲ့အတွင်းမှာ ပေါက်ကွဲပစ္စည်းတွေထည့်သွင်းခဲ့တာဖြစ်တယ်လို့ လက်ဘနွန်လုံခြုံရေးအရင်းအမြစ်တွေနှင့် အခြား အရင်းအမြစ်တွေက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ အဆိုပါပေဂျာတွေဟာ လများစွာကတည်းက ဟက်ဇ်ဘိုလာအဖွဲ့က တင်သွင်းထားတာဖြစ်ပါတယ်။
သေဆုံးသူ ၁၂ဦးထဲမှာ ကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဖီရပ်စ်အာဘီယတ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘိုလာတိုက်ခိုက်ရေးသမား အများအပြားနှင့် လက်ဘနွန်ဆိုင်ရာ အီရန်သံအမတ်ကြီးအပါအဝင် လူပေါင်း ၃၀၀၀ ခန့်နီးပါး ဒဏ်ရာရရှိသွားပါတယ်။ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို လက်တုန့်ပြန်မယ်လို့ ကတိပြုလိုက်ပါတယ်။ ဒါပေမယ့် အစ္စရေးစစ်တပ်ကတော့ ပေါက်ကွဲ မှုအပေါ် မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနကိုငြင်းဆန်ပါတယ်။
ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးအာမန်ဆာဖာဒီက အစ္စရေးနိုင်ငံသည် မျက်နှာစာများစွာတွင် အန္တရာယ်များလှသော အရှိန်မြှင့် လုပ်ဆောင်မှုများလုပ်ဆောင်ခြင်းဖြင့် အရှေ့အလယ်ပိုင်းတွင် ဒေသဆိုင်ရာ စစ်ပွဲတစ်ခုဖြစ်လုနီးပါး အခြေအနေတစ်ခုကို တွန်းပို့နေတယ်လို့ ဝေဖန်ပြောကြားပါတယ်။
ယခုလို ကြံစည်မှုဟာ လပေါင်းများစွာကတည်းက ကြိုတင်ဆောင်ရွက်ခဲ့ပုံရတယ်လို့ သတင်းအရင်းအမြစ်များစွာက ရိုက်တာကို ပြောပါတယ်။
သူတို့ဟာ Gold Apollo ကနေ ပေဂျာ ၅၀၀၀ ခု မှာယူခဲ့တယ်လို့ လက်ဘနွန်လုံခြုံရေး အကြီးတန်းအရင်းအမြစ်တစ်ခုက ပြောပြပါတယ်။ ယခုနှစ်စောစောပိုင်းမှာ အဲဒီပေဂျာတွေ လက်ဘနွန်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
ဒီပစ္စည်းတွေက ကျွန်တော်တို့ထုတ်တာမဟုတ်ဘူး။ ကျွန်တော်တို့တံဆိပ်တပ်ထားတာ လို့ အဲဒီကုမ္ပဏီက ပြောပါတယ်။
အဲဒီပေဂျာဟာ AR-924 အမျိုးအစားဖြစ်ပြီး ဟက်ဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးခြေရာခံလိုက်လို့မရအောင် အတွက် ပေဂျာတွေသုံးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီပေဂျာတွေကို အစ္စရေးထောက်လှမ်းရေးက ထုတ်လုပ်နေတဲ့အဆင့်မှာတင် ပြုပြင်ပြောင်းလဲခဲ့တာလို့ အကြီးတန်း လက်ဘနွန်အရင်းအမြစ်ကပြောပါတယ်။
“ မောဆက်ဟာ ကိရိယာအတွင်းကို ဘုတ်ပြားတစ်ခုစိုက်ခဲ့တယ်။ အဲဒါက ကုတ်ဒ်သင်္ကေတတစ်ခုဝင်လာရင် ပေါက်ကွဲအောင် လုပ်ပေးထားတာဖြစ်တယ်” လို့ သူကဆက်ပြောပါတယ်။
ပေဂျာထဲမှာ ပေါက်ကွဲပစ္စည်း (၃)ဂရမ်အထိသာ ထည့်ထားလို့ လပေါင်းများစွာအထိ ဟက်ဇ်ဘိုလာတွေ မသိရှိခဲ့တာပါ။
အစ္စရေးရဲ့ မောဆက်ဟာ အဲဒီလိုရှုပ်ရှုပ်ထွေးထွေးစစ်ဆင်ရေးတွေမှာ နာမည်ကျော်ပါတယ်။ ၁၉၆၀ပြည့်နှစ်တုန်းက သူဟာ နာဇီထိပ်တန်းအရာရှိ အက်ဒေါ့အိုက်မန်းကို အဓ္ဓမခေါ်ယူခဲ့တာမျိုးရှိခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်တုန်းကလည်း ဆိုက်ဘာတိုက်ခိုက်မှုနှင့် အီရန်ရဲ့ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးကို အဝေးထိန်းစက်သေနတ်ဖြင့် သတ်ဖြတ်မှုမှာ မောဆက်ကို အပြစ်တင်ခဲ့ကြပါတယ်။
Source Reuters
အငြိမ်းစားများကို အလုပ်ပြန်လည်ခန့်ထားရေး အသက်တိုးမြှင့်ခြင်းအစီအစဉ် စင်္ကာပူနိုင်ငံသားအများစုထောက်ခံ
စင်္ကာပူနိုင်ငံသားအများစုက အလုပ်ပြန်လည်ခန့်ထားရေး အသက်အရွယ် တိုးမြှင့်ခြင်းအပေါ် ထောက်ခံနေကြကာ ပင်စင်ယူရမယ့် အရွယ်မှာ အလုပ်လုပ်ကိုင် လှုပ်ရှားချင်နေကြပြီး လုပ်ငန်းခွင်မှာ လုပ်သားအင်အား နည်းပါးတဲ့ပြဿနာကို ကူညီဖြေရှင်းလိုကြပါတယ်။
#World_News
Published 18 September 2024
#အသက်တိုးမြှင့်ခြင်း #စင်္ကာပူနိုင်ငံသားများထောက်ခံ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 18 September 2024
၁။ အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းတန်ချိန်(၃၂) တန်နှင့် အိန္ဒိယတပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်း(၂၁)တန် မြန်မာနိုင်ငံသို့လှူဒါန်း
၂။ ဟိုပုန်းနှင့်လွိုင်လင်မြို့နယ်များရှိ ရေဘေးသင့်ကျေးရွာများမှ လူဦးရေ ၅၀ခန့်ပျောက်ဆုံး၊ အကူအညီများလိုအပ်နေ
၃။ ရေဘေးသင့်ပြည်သူများအတွက် မြန်မာ့ဘောလုံးမိသားစုမှ ဆက်လက်လှူဒါန်းမည်
၄။ အငြိမ်းစားများကို အလုပ်ပြန်လည်ခန့်ထားရေး အသက်တိုးမြှင့်ခြင်းအစီအစဉ် စင်္ကာပူနိုင်ငံသားအများစုထောက်ခံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းမှာ ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူးနှင့်ဒေသအချို့မှာ မိုးပြန်များပြီး မိုးသက်လေပြင်းတွေတိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 18 September 2024
#လေပြင်းများတိုက်ခတ် #ပဲခူးနှင့်ဒေသအချို့
#YMG/tthl #Yangon_Times
သွင်းကုန်လုပ်ငန်းရှင်တွေအတွက် FX Trading Platform မှ တစ်ဆင့်ထိုင်းဘတ် ၁၀ သန်းကိုဒီက နေ့မှာ ထုတ်ရောင်းသွားမယ်လို့ မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 18 September 2024
#သွင်းကုန်လုပ်ငန်းရှင်များ #ဗဟိုဘဏ်ထုတ်ရောင်း
#YMG/NN #Yangon_Times
ရေဘေးသင့်ပြည်သူများအတွက် မြန်မာ့ဘောလုံးမိသားစုအဖွဲ့မှ မိသားစုတစ်စုကို ဆန်၊ ဆီ ၊ ဆား၊ ငါးသေတ္တာ၊ ဓါတ်ဆားနဲ့ဆေးဝါး၊ မြန်မာအသင်း ဂျာစီ(၁)၊ ဆေးဝါးနဲ့ ရိက္ခာခြောက်တွေ ပါဝင်တဲ့အိတ်တွေကို မိသားစု (၁၂၀၀) အတွက်သွားရောက်ပံ့ပိုးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 18 September 2024
#မြန်မာ့ဘောလုံးမိသားစု #ရေဘေးသင့်ပြည်သူများ
#YMG/tthl #Yangon_Times
ရှမ်းပြည်နယ်၊ တောင်ပိုင်းဟိုပုန်းနဲ့ လွိုင်လင်မြို့နယ်များရှိ ရေဘေးသင့်ကျေးရွာတွေမှာ လက်ရှိအချိန်အထိ လူဦးရေ ၅၀ကျော်ပျောက်ဆုံးနေပြီး လမ်းတံတားပြင်ဆင်တာအပါအဝင် အကူအညီတွေလိုအပ်နေတယ်လို့ ပအိုဝ်းဒေသ သဘာဝဘေးနှင့် လူမှုကူညီရေးအသင်း(ဗဟို)က သိရပါတယ်။
#Local_News
Published 18 September 2024
#လူဦးရေ၅၀ကျော်ပျောက်ဆုံး #ဟိုပုန်းနှင့်လွိုင်လင်
#YMG/NN #Yangon_Times
အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းတန်ချိန်(၃၂) တန်နဲ့အိန္ဒိယတပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်း (၂၁)တန် လှူဒါန်းခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းတွေကိုမြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေအပါအဝင် ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရတဲ့ဒေသတွေကို ဖြန့်ဖြူးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 18 September 2024
#ကယ်ဆယ်ရေးပစ္စည်း #မြန်မာနိုင်ငံသို့လှူဒါန်း
#YMG/tthl #Yangon_Times
#Local_News
Published 18 September 2024
▪️ မန္တလေး တိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း မှ ကျေးရွာများရှိ ရေဘေးကြောင့် ေ-သဆုံးသူများ၏ ရုပ်အ ေ-လာင်းများအား ရှာဖွေတွေ့ရှိ ခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ) မှ သိရသည်။
▪️ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျော့ပါးသည် နှင့်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး ကော်မတီ) မှ တိုင်းကော်မတီ ဥက္ကဌ ဦးလှိုင်မင်းဦး၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဝမ်းတွင်းမြို့နယ်ရုံး) မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိတ္ထီလာမြို့နယ်ရုံး) တို့ မှ စုစုပေါင်း အဖွဲ့ဝင် (80)ဦး ဖြင့် ဝမ်းတွင်းမြိုနယ် - ရိုးစုံအုပ်စု တစ်ဝိုက်တွင် ရေစီးကြောင့် မျောပါပျောက်ဆုံးသွားသူများအားတစ်ဖွဲ့လျှင် (10)ဦးပါ အဖွဲ့ငယ်များ ခွဲ ၍ တောနင်းရှာဖွေခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါ ကဲ့သို့ရှာဖွေရာတွင်စက်တင်ဘာ ၁၆ ရက်နေ့ က ရွံ့ထဲတွင်တွေ့ရှိခဲ့သော ကလေးငယ် (မကေခိုင်ထွန်း )၏ ဖခင်ဖြစ်သူ (ဦးမြင့်သန်း) နှင့် အကိုဖြစ်သူ (ကိုသက်ဝေထွန်း)တို့ ၏ ရုပ်အလောင်းများအား ရိုးစုံကျေးရွာနှင့် တစ်နာရီကျော်လမ်းလျှောက်ခရီးတွင် နေရာနှစ်ခုခွဲ၍ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် မိသားစု၏ ကျန်ရစ်သူမိခင်အားခေါ်ယူကာ အတည်ပြုချက်ရယူပြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း ၊ကျန်ရစ်သူမိခင်အား တိုင်းရုံးမှ အလှူငွေ (5) သိန်းကျပ်၊ ဝမ်းတွင်းမြို့နယ်ရုံးမှ အလှူငွေ (5) သိန်းကျပ် မိတ္ထီလာမြို့နယ်ရုံးမှ အလှူငွေ (5) သိန်းကျပ် အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
▪️ ၎င်းအပြင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)တိုင်းကော်မတီ ဥက္ကဌ ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရိုးစုံကျေးရွာ အုပ်စု နှင့် ကြွယ်ကန်ကျေးရွာ အုပ်စု တဝိုက် ကျေးရွာနှင့်နီးသော နေရာများတွင် ပုပ်ပွကျန်ရစ်နေသည့် တိရိစ္ဆာန်အလောင်းများအား နောက်ဆက်တွဲရောဂါမဖြစ်ပွါးစေရေး အတွက် တွေ့ရှိရာနေရာများတွင် မီးရှို့ခြင်းများကို ဆက်လက်ရှာဖွေဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 September 2024
▪️ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဒေါနိုးကူးရပ်ကွက်၊ ရှမ်းစုရပ်ကွက်နှင့် နမ့်ကွတ်ရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ကူညီကယ်ဆယ်ရေးများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၁၈ရက်နေ့၊ ၇ နာရီ အချိန်ခန့်က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါနိုးကူးရပ်ကွက်၊ ရှမ်းစုရပ်ကွက်နှင့် နမ့်ကွတ်ရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် ကယားပြည်နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ဝင်းအောင်ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 September 2024
▪️ နော်ဝေးနိုင်ငံမှ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ရန်အတွက် ကန်ဒေါ်လာ (၅၀၀,၀၀၀)ကိုကနဦး အနေဖြင့်ထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာနော်ဝေး သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ နော်ဝေးနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံရှိရေဘေးသင့်ရပ်ရွာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် အတွက် လှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။
▪️ အခုထောက်ပံ့မှုတွင် အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးများနှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများပါဝင်ပြီး နော်ဝေးကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် အသုံးအဆောင်ပစ္စည်းများ ကျန်းမာရေးအတွက် ငွေသားနှင့် အစားအသောက်ပါဆယ်ထုပ်များကို ဖြန့်ဝေပေးလျက်ရှိသည်ဟုဖော်ပြထားသည်။
▪️ နော်ဝေးနိုင်ငံသည် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို ဆန်းစစ်ကာ အကူအညီများ အမြန်ဆုံးရောက်ရှိရေး လုပ်ဆောင်လျက်ရှိ ကြောင်း၊
▪️ မြန်မာနိုင်ငံတွင် လတ်တလောကြုံတွေ့နေရသော ရေကြီးရေလျှံမှုများကြောင့် နေအိမ်များ၊ သက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် ချစ်ခင်ရသူများအပါအဝင် ပျက်ဆီးဆုံးရှုးမှုများအတွက် လွန်စွာဝမ်းနည်းကြေကွဲရပြီး ရေဘေးသင့်ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း၊ ဤအဖြစ်ဆိုးကြောင့် ထိခိုက်ခံစားရသူများအားလုံးအတွက် စာနာဆုတောင်းပေးလျက်ရှိကြောင်း လည်းထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။
▪️ နော်ဝေးနိုင်ငံ၏ထောက်ပံ့မှုများအပြင် အမေရိကန်ပြည်ထောင်စု(USA)ကလည်း ရှေ့လာမည့် ရက်များအတွင်း တိုင်ဖွန်းယာဂီ၏ အကျိုးသက်ရောက်မှုဒဏ်ခံရသူများကို ဆက်လက်အကူအညီပေးအပ်သွားမည်ဖြစ်ကြောင်း၊
▪️ တိုင်ဖွန်းယာဂီကြောင့် ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများ၏ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတဝန်းတွင် ယင်း၏အကျိုးသက်ရောက်မှုခံရသူများနှင့် ထိခိုက်လွယ်လူ့အသိုက် အဝန်းများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အမေရိကန်နိုင်ငံ တကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတစ်ဆင့် ဆက်လက်ပေးအပ်နိုင်ရန် အမေရိကန်ပြည် ထောင်စုက ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
#YMG/tthl #Yangon_Times
စက်တင်ဘာ ၁၈၊၂၀၂၄
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ချောင်းခြားကျေးရွာရှိ သဘာဝဘေးဒဏ် ခံစားနေရသည့် ပြည်သူများသည် အလှူရှင်များမှ လာရောက်လှူဒါန်းသော အစားအသောက်များစားမိ သဖြင့် အစာအဆိပ်သင့်ရောဂါများဖြစ်ပွားခဲ့ရာ ဆေးရုံများသို့ တင်ပို့ကုသခဲ့ရကြောင်း နစက သတင်း ထုတ် ပြန်ချက်အရသိရပါတယ်။
အဆိုပါ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ ၁၇ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီခန့်တွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသောက်
ပြီးနောက် ယင်းနေ့၊ ညနေပိုင်းတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းအစရှိသော အစာအဆိပ်သင့်ရောဂါ လက္ခဏာများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရောဂါဖြစ်ပွားခဲ့သူတွေကို ဆေးရုံများသို့ တင်ပို့ခဲ့ရာတပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် (၅၀)ဦး၊ အတွင်းလူနာအဖြစ် (၅၆)ဦး၊ ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်တွင်အတွင်းလူနာအဖြစ် (၅)ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)တွင် အတွင်းလူနာအဖြစ်(၄)ဦး တက်ရောက်ကုသမှုခံယူလျက်ရှိပြီး လူနာများ အခြေအနေမှာ သက်သာ ကောင်းမွန်လျက်ရှိတယ်လို့ သတင်းထထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သတင်းရရှိလျင်ရရှိခြင်း စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ချောင်းချားကျေးရွာသို့ တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး ဦးဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ တပ်ကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဦး ဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ ညောင်လွန့် ကျေးလက်ကျန်းမာရေးဌာန မှ ကျန်းမာရေးမှူး(၂) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ စက်တင်ဘာ ၁၈ ရက် ရက်နေ့တွင် နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(ကူးစက်) ဦး ဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)မှ ဆရာဝန်တစ်ဦး ဦးဆောင်သော ဆေးအဖွဲ့ (၁)ဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ ကျန်းမာရေးမှူး (၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့(၁)ဖွဲ့တို့မှ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်။
သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များ အနေဖြင့် ပူပူနွေးနွေး ပြင်ဆင်ထားသည့် သန့်ရှင်းသော အစားသောက်များအား ပြင်ဆင်ပေးပို့ လှူဒါန်းကြရန်နှင့် ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များနှင့် ဆက်သွယ်၍ ဆောင်ရွက်ရန်၊ယာယီ ကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ် စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန်ကျန်းမာရေး ဌာနမှ တိုက်တွန်းနှိုးဆော်ထားပါတယ်။
#ymg/knl
Page 332 of 1732