#World_News
Published 11 October 2025
■ အိန္ဒိယမှ အမျိုးသားပြတိုက် ညွှန်ကြားရေးမှူးချုပ် ဂါမိဆင်းချော်လာနဲ့ အိန္ဒိယသံဃာတော်မြတ် ၁၁ ပါးပါဝင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှား
■ ကယ်မီကီယာသို့ ပင့်ဆောင်တော့မယ့် ဂေါတမဗုဒ္ဓဓာတ်တော်မွေတော်များကို ရှိခိုးကန်တော့ခဲ့ကြပါတယ်။
■ ဂေါတမဗုဒ္ဓဓာတ်တော်မွေတော်များကို မြို့တော်အယ်လစ္စတာမှာ အောက်တိုဘာ ၁၁ ရက်နေ့ ၁၈ ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။
■ ယဉ်ကျေးမှုဝန်ကြီးဌာနက နိုင်ငံတကာ ဗုဒ္ဓကွန်ဖက်ဒရေးရှင်း၊ အမျိုးသားပြတိုက်၊ အင်ဒီရာဂန္ဒီအနုပညာအမျိုးသားဌာနတို့နဲ့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။
■ ဓာတ်တော်မွေတော်တွေကို ကိုအယ်လစ္စတာရှိ စကြာမုနိဗုဒ္ဓရွှေဗိမာန်ကျောင်းတော်မှာ တည်ထားကိုးကွယ်မှာ ဖြစ်ပါတယ်။
■ အိန္ဒိယသံဃာတော်မြတ် ၁၁ ပါးအဖွဲ့က ဒေသခံကိုးကွယ်သူများအတွက် တရားရေတိုက်ကျွေးသွားမှာ ဖြစ်သလို ဘာသာတရားတာဝန်များလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
■ ဓာတ်တော်မွေတော်တွေကို ကယ်မီကီယာမှ ဗုဒ္ဓသာသနာအဖွဲ့ဝင် အကြီးအကဲတွေ လက်ခံသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တည်ထားကိုးကွယ်မယ့် နေရာက ထင်ရှားတဲ့ တိဗက်ဗုဒ္ဓကျောင်းတော်ကြီးဖြစ်ပြီး ၁၉၉၆ က စတင်ဖွင့်လှစ်ထားပါတယ်။
■ သာသနာ့ကိုယ်စားလှယ်အဖွဲ့က ဒီရက်သတ္တပတ်အတွင်း အခြားကိစ္စရပ်များလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Source: ANI